သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား၊ အာချေးကို ရိုဟင်ဂျာ ၁၅၀ နီးပါး ထပ်ရောက်

အင်ဒိုနီးရှားနိုင်ငံကို အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံကို အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံကို နောက်ထပ် ရိုဟင်ဂျာ ၁၅၀ နီးပါး ရေကြောင်းကနေ ဒီကနေ့ ထပ်မံရောက်ရှိလာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာချေ့ဒေသကို ရိုဟင်ဂျာ ၂၀၀ နီးပါး ရောက်လာခဲ့ပြီး နောက်တရက်မှာပဲ အနည်းဆုံး ၁၄၇ ယောက် လိုက်ပါလာတဲ့ စက်လှေတစင်း ထပ်ရောက်လာခဲ့တာပါ။ အမျိုးသား ၄၆ ယောက်၊ အမျိုးသမီး ၅၇ ယောက်နဲ့ ကလေး ၄၄ ယောက် ပါဝင်ကြောင်းလည်း ဒေသခံအစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ ဘယ်ကနေ ထွက်ခွာလာပြီး အင်ဒိုနီးရှားကမ်းခြေကို ရောက်လာတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပေမဲ့ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မကြာခဏဆိုသလို ရေကြောင်းကနေ ဒေသတွင်း နိုင်ငံတွေဆီ ရောက်လာလေ့ ရှိကြပါတယ်။ အခုနောက်ထပ် ရေကြောင်းက ရောက်လာသူတွေဟာ အားအင်ချိနဲ့နေပြီး နေထိုင်မကောင်းသူတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အင်ဒိုနီးရှားနိုင်ငံ တာဝန်ခံကတော့ အခုနောက်ဆုံး ရောက်လာသူတွေနဲ့ ပတ်သက်လို့ အချက်အလက် အတိအကျ မသိရသေးကြောင်းနဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံရေး တာဝန်ရှိသူတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်း AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံကို အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

မနေ့တုန်းကလည်း အာချေ့ဒေသကို ရိုဟင်ဂျာ ၁၉၆ ယောက် လိုက်ပါလာတဲ့ စက်လှေတစင်း ဆိုက်ရောက်ခဲ့တာပါ။ အန္တရာယ်များတဲ့ ရေကြောင်းခရီးကနေ ဖြတ်သန်းပြီး ဒေသတွင်းနိုင်ငံတွေကို ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာ ၂၀၀၀ ကျော် ရှိတယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှား၊ အာချေးကို ရိုဟင်ဂျာ ၁၅၀ နီးပါး ထပ်ရောက်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG