သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ နေရပ်ပြန်ရေး EU အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်အတွင်းက Ukhiya ရိုဟင်ဂျာဒုက္ခသည်စခန်း (အောက်တိုဘာ ၁၀၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်အတွင်းက Ukhiya ရိုဟင်ဂျာဒုက္ခသည်စခန်း (အောက်တိုဘာ ၁၀၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဥရောပသမဂ္ဂ (EU) က ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာယီခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို နေရပ်ရင်းကို ပြန်ပို့ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ဥရောပကော်မရှင်ရဲ့ ဘေးဒုက္ခအကြပ်အတည်းစီမံခန့်ခွဲရေးဆိုင်ရာ အကြီးအကဲ Janez Lenarcic နဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံစဉ် ပြောကြားလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ရိုဟင်ဂျာတွေနဲ့ နေရပ်ရင်းပြန်ရေးနဲ့ ပတ်သက်ပြီး၊ EU အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီတွေကို တောင်းခံနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာက ဥရောပသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဘေးဒုက္ခစီမံခန့်ခွဲရေး အထူးသဖြင့် ငလျင်အတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်ကူညီပံ့ပိုးပေးနေတဲ့အပေါ် ကျေးဇူးတင်တယ်လို့ပြောကြားခဲံပါတယ်။ Mr. Lenarcic ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့အပေါ်မှာ ချီးကျူးပြောဆိုလိုက်ပြီး၊ ရိုဟင်ဂျာတွေအတွက် နောက်ထပ် အကူအညီငွေ ယူရို ၁၀ သန်းခွဲ ပေးသွားမယ်လို့လည်း ကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာ နေရပ်ပြန်ရေး EU အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG