သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သေနတ်အရောင်းဆိုင်ကြီးနှစ်ခု ကန့်သတ်ချက်တိုးမြှင့်


Walmart အရောင်းဆိုင်ကြီးရဲ့ ဈေးကောင်တာတခုမြင်ကွင်း။
Walmart အရောင်းဆိုင်ကြီးရဲ့ ဈေးကောင်တာတခုမြင်ကွင်း။

ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာပဲ၊ အမေရိကန် ပြည်ထောင်စုက အဓိကလက်လီအရောင်းဆိုင်ကြီး ၂ ဆိုင်ဟာ သေနတ်ရောင်းချတဲ့ မူဝါဒတွေကို ပြင်ဆင်လိုက်ပါတယ်။ အထက်တန်းကျောင်းမှာ ပစ်ခတ်မှု ကျုးလွန်သူအဖြစ် အရေးယူခံထားရတဲ့ Nikolas Cruz ကတော့ AR-15 တိုက်ခိုက်ရေးသုံး ရိုင်ဖယ်ကို အသုံးပြုခဲ့တာပါ။ အမေရိကန်မှာ အကြီးဆုံး လက်လီဆိုင်ဖြစ်တဲ့ Walmart ကတော့ သေနတ်နဲ့ ကျည်ဆံဝယ်ယူခွင့်ရှိသူ အသက်ကန့်သတ်ချက်ကို ၂၁ နှစ်အထိ တိုးမြှင့်လိုက်ပါတယ်။

တိုက်ခိုက်ရေးသုံး သေနတ်ပုံစံ ပစ္စည်းတွေ၊ အရုပ်တွေကိုလည်း ဝဘ်ဆိုဒ်ပေါ်ကနေ ဖယ်ရှားခဲ့တာပါ။ Walmart ကုမ္ပဏီဟာ တိုက်ခိုက်ရေးသုံး သေနတ်တွေ ရောင်းချမှုကို ၂၀၁၅ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ပြီး၊ ပြောင်းတိုသေနတ်တွေကိုလည်း Alaska ပြည်နယ်မှာသာ ရောင်းချနေတာ ဖြစ်ပါတယ်။ အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီ Dick’s ကလည်း တိုက်ခိုက်ရေးသုံး ရိုင်ဖယ်တွေ ရောင်းချမှု ရပ်ဆိုင်းလိုက်သလို၊ အသက် ၂၁ နှစ်အောက် သေနတ်မရောင်းဖို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ကြေညာခဲ့တာပါ။

ဖလော်ရီဒါပြည်နယ် Parkland မြို့က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ လူ ၁၇ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနောက်ပိုင်း လူထုသဘောထား စစ်တမ်းတွေမှာတော့ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို တင်းကျပ်ဖို့ လိုလားသူတွေ တိုးလာတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း သေနတ်လက်လီအရောင်းဆိုင် လုပ်ငန်းရှင်တွေကတော့ တိုက်ခိုက်ရေးသုံး သေနတ်တွေကို တားမြစ်လိုက်ရုံနဲ့ စာသင်ကျောင်းတွေ ပိုမိုလုံခြုံနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြတာပါ။ အမေရိကန်မှာ နိုင်ငံရေးအရ သြဇာကြီးမားတဲ့ အမျိုးသားရိုင်ဖယ်အသင်း (NRA) ကတော့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်မယ့် ဘယ်လိုဥပဒေမျိုးကိုမဆို လက်မခံနိုင်ကြောင်း ပြောဆိုထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump ကတော့ ဖလော်ရီဒါ အထက်တန်းကျောင်း ပစ်ခတ်မှုအပြီး ကွန်ဂရက်လွှတ်တော်က နောက်ဆက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေပြီး၊ NRA အပေါ် အစိုးရိမ်လွန်နေကြောင်း လွှတ်တော်အမတ်တွေကို ဝေဖန်ခဲ့ပါတယ်။

ကန် သေနတ်အရောင်းဆိုင်ကြီးနှစ်ခု ကန့်သတ်ချက်တိုးမြှင့်
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG