သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်းဝန်ကြီး ၂ ဦး နှုတ်ထွက်ခွင့်ပြု


ပဲခူးတိုင်းဝန်ကြီး ၂ ဦး နှုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးထုတ်ပြန်ချက်။
ပဲခူးတိုင်းဝန်ကြီး ၂ ဦး နှုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးထုတ်ပြန်ချက်။

ပဲခူးတိုင်းအစိုးရအဖွဲ့ထဲက သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာ ရေးနဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို သူတို့ရဲ့သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တဲ့အကြောင်း သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၁၁ ရက် ကြာသပတေးနေ့ရက်စွဲနဲ့ အမိန့်ကြေညာချက်တခု ထွက်လာပါ တယ်။

အခုနုတ်ထွက်တဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးနှစ်ဦးနဲ့ဆိုရင် နုတ်ထွက်သွားတဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့ တာဝန်ရှိသူ စုစုပေါင်း ၆ ဦး ရှိသွားပါပြီ။ ဇန်နဝါရီလ ၉ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မကွေးတိုင်းက စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့ကို နုတ်ထွက်ခွင့်ပြုတဲ့ အမိန့်ကြေညာ စာတွေကိုလဲ အသီးသီး ထုတ်ပြန်ထားတာပါ။

NLD ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးတဲ့နောက် ဒေသဆိုင်ရာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အခုလောက်အရေအတွက်နဲ့ နုတ်ထွက်တာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG