သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအလောင်းတချို့ အာချေးကမ်းလွန်မှာတွေ့


အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ ရိုဟင်ဂျာ အလောင်းနှစ်လောင်း ဒီကနေ့ ဆယ်ယူခဲ့ပြီး ပင်လယ်ထဲ ပေါလောပေါ်နေတဲ့ မဆယ်နိုင်သေးတဲ့ နောက်ထပ် အလောင်းတချို့လည်း တွေ့ထားတယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ လူ ၁၅၀ လောက်ပါတယ်လို့ ယူဆရတဲ့ စက်လှေမှောက်ပြီး ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးနေသူတွေကို ရှာဖွေ ကယ်ဆယ်တာတွေ ဆက်မလုပ်တော့ဘူးလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုပြီး နောက်တနေ့မှာ အခု အလောင်း ၂ လောင်းကို ဆယ်ယူခဲ့တာပါ။

ပက်လက်လန် မှောက်နေတဲ့ သင်္ဘောရဲ့ ဝမ်းဗိုက်ပေါ်မှာ တွဲကယ်ပါလာသူ ၆၉ ယောက်ကိုတော့ အင်ဒိုနီးရှားအာဏာပိုင်တွေက ကြာသပတေးနေ့က ကယ်တင်ခဲ့ပါတယ်။ လှေမှောက်ချိန် ရေနစ် ပျောက်ဆုံးသွားတဲ့သူ အတော်များများ ရှိတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောပေမဲ့ လှေပေါ် လိုက်ပါလာတဲ့ စာရင်း မရှိတာကြောင့် ရှာဖွေတာတွေ ဆက်မရှာတော့ဘူးလို့ ဒေသအာဏာပိုင်တွေက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ယူဆထားပြီး နှစ်စဥ် ဒီလို ဒုက္ခသည် ထောင်နဲ့ချီဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို လာဖို့အတွက် ငွေကြေးအမြောက်အများ ပေးရပြီး ပင်လယ်ရေကြောင်း ခရီးရှည်ကို ခနော်ခနဲ့ စက်လှေတွေနဲ့ အသက်စွန့် ထွက်ခွာလာကြသူတွေ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG