ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ယူကရိန်းက အမေရိကန်ကို နိုင်သွားပါတယ်။
ယူကရိန်း နဲ့ အမေရိကန်တို့ အုပ်စု အဖွင့်ပွဲစဉ်အဖြစ်နဲ့ သောကြာနေ့က ကစားကြတာမှာ ယူကရိန်းက အမေရိကန်ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။
ယူကရိန်အသင်း Buletsa က ၂၆ မိနစ်မှာ အရင်သွင်းခဲ့လို့ ယူကရိန်း ဂိုးအရင်ရခဲ့ပြီး ဒါကို အမေရိကန်က Bradon Servania က ၃၂ မိနစ်မှာ ပြန်ချေပါတယ်။
ဒါပေမဲ့ Denys Popov က ဒုတိယပိုင်း ၅၁ မိနစ်မှာ ယူကရိန်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့လို့ နောက်ဆုံးမှာ ယူကရိန်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ ဒီအုပ်စုရဲ့ တခြားပွဲစဉ်မှာတော့ နိုင်ဂျီးရီးယားက ကာတာကို ၄ ဂိုး ဂိုး မရှိ နဲ့ နိုင်သွားခဲ့ပါတယ်။
ဒါကြောင့် နိုင်ဂျီးရီးယား နဲ့ ယူကရိန်းက ၃ မှတ်စီ ရထားပြီး အမေရိကန် နဲ့ ကာတာတို့က ၁ မှတ် မှ မရထားပါဘူး။