သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရြးခ်ယ္ခံ ရွမ္း NLD ကိုယ္စားလွယ္ ပစ္ခတ္ခံရၿပီး ေသဆံုး


ပစ္ခတ္ခံရၿပီး ကြယ္လြန္သြားတဲ့ ရွမ္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၁ NLD ပါတီ ကိုယ္စားလွယ္ ဦးထိုက္ေဇာ္။ (ဓာတ္ပုံ - ဦးၾကည္တုိး (NLD) ေဖ့စ္ဘုတ္)

(Zawgyi / Unicode)

ရွမ္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၁ မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ရရွိခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ ကိုယ္စားလွယ္ ဦးထိုက္ေဇာ္ကို အမည္မသိ ေသနတ္သမား ၂ ဦးက ဒီေန႔ည ၆ နာရီေက်ာ္ခန႔္က သူ႔ေနအိမ္မွာ ေစ်းဝယ္ဟန္နဲ႔ ေရာက္ရွိလာၿပီး ပစ္ခတ္မႈေၾကာင့္ ဒီေန႔ည ၇ နာရီဝန္းက်င္မွာပဲ ေက်ာက္မဲေဆး႐ုံအေရာက္မွာ ကြယ္လြန္သြားခဲ့တယ္လို႔ ေက်ာက္မဲ နာေရးပရဟိတ လုပ္ေဆာင္ေနသူ ဦးတင္ေမာင္သန္းက ဗြီအိုေအကို အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

ေသဆုံးသူဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲရလဒ္အႏိုင္အ႐ႈံး အျငင္းပြားမႈ ႀကဳံခဲ့သူတဦးျဖစ္ၿပီး လက္ရွိမွာ မဲရလဒ္အႏိုင္ေၾကာင့္ အခုလို ပစ္ခတ္ခံရတယ္လို႔ ေဒသခံေတြက သုံးသပ္ေနၾကပါတယ္။

ပစ္ခတ္ခံရသူဟာ ေက်ာက္မဲၿမိဳ႕အနီး ေနာင္ပိန္ေက်းရြာအုပ္စုမွာ ေနထိုင္သူျဖစ္ၿပီး သူ႔ေနအိမ္မွာ ကုန္စုံဆိုင္ဖြင့္ထားတာပါ။ ေနအိမ္မွာပဲ ပစ္သတ္ခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

---------------------------

(Unicode)

အရွေးချယ်ခံ ရှမ်း NLD ကိုယ်စားလှယ် ပစ်ခတ်ခံရပြီး သေဆုံး

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော်ကို အမည်မသိ သေနတ်သမား ၂ ဦးက ဒီနေ့ည ၆ နာရီကျော်ခန့်က သူ့နေအိမ်မှာ ဈေးဝယ်ဟန်နဲ့ ရောက်ရှိလာပြီး ပစ်ခတ်မှုကြောင့် ဒီနေ့ည ၇ နာရီဝန်းကျင်မှာပဲ ကျောက်မဲဆေးရုံအရောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ကျောက်မဲ နာရေးပရဟိတ လုပ်ဆောင်နေသူ ဦးတင်မောင်သန်းက ဗွီအိုအေကို အတည်ပြု ပြောဆိုလိုက်ပါတယ်။

သေဆုံးသူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရလဒ်အနိုင်အရှုံး အငြင်းပွားမှု ကြုံခဲ့သူတဦးဖြစ်ပြီး လက်ရှိမှာ မဲရလဒ်အနိုင်ကြောင့် အခုလို ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ပစ်ခတ်ခံရသူဟာ ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာအုပ်စုမှာ နေထိုင်သူဖြစ်ပြီး သူ့နေအိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာပါ။ နေအိမ်မှာပဲ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG