သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ ေနရပ္ပို႔ျပန္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ အတြင္းဝန္အဆင့္ အြန္လိုင္းက ေဆြးေႏြး


ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံေရးဆိုင္ရာ ျမန္မာ-ဘဂၤလားေဒ့ရွ္ ပူးတြဲလုပ္ငန္းအဖြဲ႕၏ ပၪၥမအႀကိမ္အစည္းအေဝးကို ဗီဒီယိုကြန္ဖရင့္ျဖင့္ က်င္းပစဥ္။ (၁၄-၆-၂၀၂၂ ရက္၊ ေနျပည္ေတာ္)


[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာဒုကၡသည္မ်ား ေနရပ္ျပန္ေရးအစည္းအေဝးကို ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိေတြ အဂၤါေန႔က အြန္လိုင္းကေန ေဆြးေႏြးခဲ့ၾကပါတယ္။ အတြင္းဝန္ေတြျဖစ္ၾကတဲ့ ဦးခ်မ္းေအးနဲ႔ မစၥတာ မာစြတ္ ဘင္ မိုမမ္ (Mr. Masud Bin Momen) တို႔ ေဆြးေႏြးခဲ့ၾကတာ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္က ေျပာပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စိစစ္ေဆာင္႐ြက္မႈ၊ ျပန္လည္ေနရာခ်ထားေရးနဲ႔ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္ေရးအတြက္ ယုံၾကည္မႈတည္ေဆာက္ေရး လုပ္ငန္းေတြ အေၾကာင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ထုတ္ျပန္ခ်က္မွာ ဆိုပါတယ္။

လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ Human Rights Watch ကေတာ့ ၂၀၁၂ ခုႏွစ္ကတည္းက ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္၊ စခန္းေတြမွာ ထိန္းသိမ္းထားခဲ့တာဟာ ၂၀၁၆ နဲ႔ ၂၀၁၇ မွာ စစ္တပ္က က်ဴးလြန္ခဲ့တဲ့ ရက္စက္ ၾကမ္းၾကဳတ္မႈေတြအတြက္ အေျခခံ ျဖစ္ခဲ့တယ္လို႔ စြပ္စြဲလိုက္ပါတယ္။

၂၀၁၂ ကစၿပီး ႐ိုဟင္ဂ်ာ ၁၃၅,၀၀၀ ဟာ ရခိုင္ျပည္နယ္က စခန္းေတြမွာလည္း ထိန္းသိမ္းခံခဲ့ရတယ္လို႔ HRW အဖြဲ႕က ဆိုပါတယ္။ “လြတ္လပ္ခြင့္လို႔ ေခၚတဲ့အရာမရွိ” လို႔ ေခါင္းစဥ္ေပးထားတဲ့ ႐ိုဟင္ဂ်ာအေရး တင္ျပခ်က္တရပ္နဲ႔ ပတ္သက္ၿပီး ဒီေန႔ သတင္းထုတ္ျပန္ခ်က္ မွာ HRW အဖြဲ႕က ခုလို စြပ္စြဲလိုက္တာ ျဖစ္ပါတယ္။

အဲဒီ တင္ျပခ်က္ကို လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးက သူတို႔ရဲ႕ အင္တာနက္စာမ်က္ႏွာမွာ တင္ထားပါတယ္။ လူ႔အခြင့္အေရး ခ်ိဳး‌ေဖာက္သူေတြကို အေရးမယူႏိုင္တဲ့အတြက္ ရက္စက္ ၾကမ္းၾကဳတ္မႈေတြ ဆက္လက္ ျဖစ္ခဲ့ရတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဝန်တွေဖြစ်ကြတဲ့ ဦးချမ်းအေးနဲ့ မစ္စတာ မာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်မှု၊ ပြန်လည်နေရာချထားရေးနဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကတော့ ၂၀၁၂ ခုနှစ်ကတည်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်၊ စခန်းတွေမှာ ထိန်းသိမ်းထားခဲ့တာဟာ ၂၀၁၆ နဲ့ ၂၀၁၇ မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် အခြေခံ ဖြစ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

၂၀၁၂ ကစပြီး ရိုဟင်ဂျာ ၁၃၅,၀၀၀ ဟာ ရခိုင်ပြည်နယ်က စခန်းတွေမှာလည်း ထိန်းသိမ်းခံခဲ့ရတယ်လို့ HRW အဖွဲ့က ဆိုပါတယ်။ “လွတ်လပ်ခွင့်လို့ ခေါ်တဲ့အရာမရှိ” လို့ ခေါင်းစဉ်ပေးထားတဲ့ ရိုဟင်ဂျာအရေး တင်ပြချက်တရပ်နဲ့ ပတ်သက်ပြီး ဒီနေ့ သတင်းထုတ်ပြန်ချက် မှာ HRW အဖွဲ့က ခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တင်ပြချက်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားပါတယ်။ လူ့အခွင့်အရေး ချိုး‌ဖောက်သူတွေကို အရေးမယူနိုင်တဲ့အတွက် ရက်စက် ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

==============

XS
SM
MD
LG