သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် ဖမ်းဆီးအရေးယူခံရ


ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင် (ဦးချစ်ခိုင် fb)
ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင် (ဦးချစ်ခိုင် fb)


[[Zawgyi/Unicode]]

ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးဟောင်းတွေဖြစ်တဲ့ကြတဲ့ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ သတ္တုတွင်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးတို့နဲ့အတူ ဧဒင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောတာပါ။

ဦးချစ်ခိုင်ရဲ့သားဖြစ်သူ ဧဒင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုမန်နေဂျာ ဦးဝင်းမင်းခိုင်လည်း အရေးယူခံရတယ်လို့သိရပါတယ်။ တီကျစ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးထုတ်လုပ်ရောင်းချမှုနဲ့ပတ်သက်လို့ရော၊ လျှပ်စစ်ဝန်ကြီးဌာနဲ့ စာချုပ်စာတမ်းချုပ်ဆိုရာမှာပါ နိုင်ငံတော်ဝင်ငွေထိခိုက်တာကြောင့် အဂတိလိုက်စားမှုစွဲချက်နဲ့ အရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။ ဦးချစ်ခိုင်ကို အဂတိလိုက်စားမှုကော်မရှင်က စစ်ဆေးမေးမြန်းစရာရှိတယ်လို့ မနေ့က ခေါ်ယူခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဦးချစ်ခိုင်ရဲ့ ဧဒင်ကုမ္ပဏီလုပ်ငန်းအုပ်စုဟာ စက်သုံးဆီနဲ့ ဓါတ်ငွေ့လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန် စတဲ့လုပ်ငန်းအများအပြားကို ဆောင်ရွက်နေတာပါ။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်အတွင်း ကိုဗစ်ရောဂါကာကွယ်တိုက်ဖျက်ရေးစီမံကိန်းတွေမှာ ထဲထဲဝင်ဝင် ကူညီခဲ့တဲ့ လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ NLD အစိုးရခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးပြေပြစ်တဲ့ လုပ်ငန်းရှင်ကြီးတဦးလည်းဖြစ်ပါတယ်။ ဦးချစ်ခိုင်ဟာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD စတင်ဖွဲ့စည်းစဉ်မှာ အင်းစိန်မြို့နယ် NLD ခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ခဲ့ဖူးသလို အဲဒီကာလ စစ်အစိုးရရဲ့ ယာယီဖမ်းဆီးထိမ်းသိမ်းမှုလည်း ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ စီးပွားရေးလုပ်ငန်းတွေကျယ်ပြန့်လာပြီး ထင်ရှားတဲ့လုပ်ငန်းရှင်တဦးဖြစ်လာတာပါ။

ပြီးခဲ့တဲ့ မတ်လကုန်ကလည်း အခြားထင်ရှားတဲ့လုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီအကြီးအကဲ ဦးခင်ရွှေနဲ့ သားဖြစ်သူတို့ကို စစ်ကောင်စီက ခေါ်ယူထိန်းသိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်း စစ်တပ်က အာဏာသိမ်းချိန်မှာလည်း လုပ်ငန်းရှင်တဦးဖြစ်သူ စေပိုင်ကုမ္ပဏီအကြီးအကဲ ဦးမောင်ဝိတ်ကို ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့ အဂတိလိုက်စားမှုမှာ သက်သေအဖြစ် တင်သွင်းထားပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် လုပ်ငန်းရှင်အတော်များများကို ခေါ်ယူစစ်ဆေးမေးမြန်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အရင် NLD အစိုးရလက်ထက် တာဝန်ရှိသူအများအပြားကို ဖမ်းဆီးထားပြီး အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင် အရေးယူတာတွေ ဆက်တိုက်ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]








===========

XS
SM
MD
LG