သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEFA ဥရောပချန်ပီယံလိဂ် ဘောလုံး ဖိုင်နယ် ကန်တော့မယ်


UEFA ဥရောပချန်ပီယံလိဂ် ဘောလုံးဖိုင်နယ်ကိုတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီကနေ့ ကစားကြမှာဖြစ်ပြီး အင်္ဂလန်က လီဗာပူးလ် နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဗိုလ်လုကြမှာပါ။

ဒီပွဲမှာ လီဗာပူးလ်ဘက်ကလည်း လူစုံပါဝင်ဖို့ရှိသလို တော့တင်ဟမ်ဘက်မှာလည်း သူတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာသက်သာလာပြီဖြစ်တဲ့အတွက် ပြန်ပါလာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီ ၂ သင်းဟာ အခုနှစ် ပရီမီယာလိဂ်မှာ ၂ ကြိမ် တွေ့ခဲ့တာမှာတော့ လီဗာပူးလ်ကပဲ ၂ ကြိမ်စလုံးကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ရာဂင်ကလော့ပ်အတွက်ကတော့ ဒါဟာ ချန်ပီယံလိဂ်ဖလားဖိုင်နယ်ကို ၃ ကြိမ် မြောက်တက်တာဖြစ်ပြီး အရင် ၂ ကြိမ် စလုံးမှာတော့ ရှုံးထားပါတယ်။

ဒါပေမဲ့ ဒီနှစ်လီဗာပူးလ်အသင်းဟာ အဲဒီ အသင်းတွေထက် ပိုကောင်းတယ်လို့ ကလော့ပ်က ပြောပါတယ်။ ဒါပေမဲ့ ကလော့ပ်ဟာ ဥရောပချန်ပီယံလိဂ်ဖလား ဖိုင်နယ် ၂ ကြိမ်အပါအဝင် ဖိုင်နယ်ကို ၆ ကြိမ် တက်ဖူးတာမှာ ၆ ကြိမ် စလုံးရှုံးထားပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အခု ၇ ကြိမ်မြောက်မှာတော့ ကံကောင်းမယ်လို့ မျှော်လင့်တယ်ဆိုပြီး ကလော့ပ်က ပြောပါတယ်။ တော့တင်ဟမ်နည်းပြ ပိုချက်တီနိုကလည်း သူ့အသင်းကစားသမားတွေရဲ့ အနေအထားက ကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်ကတော့ ဥရောပဖလား ၅ ကြိမ် ရဖူးပြီး တော့တင်ဟမ်ဟော့စပါးအတွက်တော့ ဒါက ပထမဆုံးအကြိမ် ဖိုင်နယ်ကို တက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG