သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEFA အင်္ဂလန်-ရုရှား တဂိုးစီသရေ


ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ဥရောပဖလား ဘောလုံးပြိုင်ပွဲ ဒုတိယနေ့မှာ အုပ်စုဘီ ဒုတိယပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ ရုရှားနိုင်ငံတို့ ကစားကြတာမှာ ၁ ဂိုးစီ သရေကျသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ပွဲစဉ်တလျှောက်လုံး ဦးဆောင် ကစားနိုင်ခဲ့ပေမဲ့ ပြိုင်ဘက် ရုရှားအသင်းက အချိန်ပို Injury Time မှာ ချေပဂိုး ပြန်သွင်းလိုက်နိုင်တဲ့အတွက် ၁ ဂိုးစီ သရေနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

စနေနေ့ အစောပိုင်းက ကစားခဲ့တဲ့ အုပ်စုဘီ ပထမပွဲစဉ်မှာတော့ Wales အသင်းက Slovakia အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုအေ ဒုတိယ ပွဲစဉ်မှာတော့ ဆွစ်ဇာလန်နိုင်ငံအသင်းက Albania အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

သောကြာနေ့မှာ ကစားတဲ့ အဖွင့်ပွဲစဉ်မှာတော့ အုပ်စုအေက အိမ်ရှင် ပြင်သစ် အသင်းက ရိုမေးနီးယားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီကနေ့ တင်္ဂနွေနေ့ ပထမပွဲစဉ်အဖြစ်နဲ့ အုပ်စု ဒီက Croatia နဲ့ တူရကီအသင်းတို့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ဒုတိယပွဲစဉ်ကိုတော့ အုပ်စီက ပိုလန်နဲ့ မြောက်ပိုင်းအိုင်ယာလန်အသင်းတို့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ရဲ့ နောက်ဆုံး တတိယပွဲစဉ်ကိုတော့ အုပ်စု အုပ်စု စီက ဂျာမနီနဲ့ ယူကရိန်းအသင်းတို့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။

UEFA အင်္ဂလန်-ရုရှား တဂိုးစီသရေ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG