သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ခွဲထွက်ရေး အစီအစဉ်မူကြမ်း ဗြိတိန်-EU သဘောတူ


အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံခွဲထွက်ရေးမှာ စနစ်တကျနဲ့ချောချောမွေ့မွေ့ရှိစေမယ့် နိုင်ငံရေးဆိုင်ရာကြေညာ ချက်မူကြမ်းတရပ်ကို ဥရောပသမဂ္ဂနဲ့ ညလုံးပေါက်ပြောဆိုဆွေးနွေးမှုတွေအပြီး သဘောတူညီချက်ရခဲ့တယ်လို့ ဗြိတိန် ကပြောပါတယ်။

အဲဒီသဘောတူညီချက်ကို တနင်္ဂနွေနေ့ကြရင် ဥရောပသမဂ္ဂခေါင်းဆောင်တွေက အတည်ပြုကြလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်Theresa Mayက မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

၂၀၁၆ခုနှစ်ဇွန်လတုန်းက အီးယူ ကနေဗြိတိန်ခွဲထွက်ရေး လူထုဆန္ဒပေးခဲ့ကြတဲ့ ဗြိတိန် ပြည်သူတွေရဲ့သဘောထားကို အခုရခဲ့တဲ့သဘောတူညီချက်က ဆောင်ကျဉ်းပေးလိမ့်မယ်။ ဗြိတိန်ရဲ့နယ်စပ်တွေကိုပြန် ပြီးထိန်းချုပ်လာနိုင်လိမ့်မယ်။ ကိုယ့်ရဲ့ဥပဒေတွေနဲ့ငွေကြေးတွေကို လည်း ပြန်ထိန်းချုပ်လာနိုင်မယ်။

အလုပ်အကိုင်၊ လုံခြုံရေးနဲ့ ဗြိတိန်ရဲ့ဂုဏ်သိက္ခာတွေကိုလည်း အကာအကွယ်ပြန်ပေးလာ နိုင်လိမ့်မယ်လို့ ၀န်ကြီးချုပ်ထရီဆာမေက အမှတ် ၁၀ ဒေါင်းနင်းလမ်း သူ့ရဲ့ဝန်ကြီးချုပ်အိမ်ရှေ့မှာ မနေ့က ကြေညာခဲ့တာပါ။

ဝန်ကြီးချုပ်မေက လွှတ်တော်အတွင်း မှာလည်း သဘောတူညီချက်ရခဲ့တဲ့အကြောင်း မနေ့ကပဲပြောခဲ့ပါတယ်။ ဗြိတိန်ပြည် သူတွေအနေနဲ့ ဗြိတိန်ခွဲထွက်ရေးကိစ္စကို ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် အခိုင်အမာနဲ့ ကောင်းမွန်တဲ့သဘောတူ ညီချက်တခုရစေချင်နေတာလို့ဆိုပါတယ်။ ၀န်ကြီးချုပ် ထရီဆာမေနဲ့ ဥရောပသမဂ္ဂအဖွဲ့ရဲ့ဥက္ကဌ Jean Claude Juncker တို့ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပြီး ညလုံးပေါက်ဆွေးနွေးခဲ့ကြတာပါ။

ခွဲထွက်ရေးအစီအစဉ်မူကြမ်း ဗြိတိန်-EU သဘောတူ
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG