သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG ကို ၿဗိတိန္အစိုးရ အသိအမွတ္ျပဳဖို႔ ၿဗိတိန္လႊတ္ေတာ္ တိုက္တြန္း


NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရ

ZAWGYI/UNICODE

ၿဗိတိန္အစိုးရအေနနဲ႔ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရကို အသိအမွတ္ျပဳဖို႔နဲ႔ ျမန္မာစစ္ေကာင္စီကို တရားဝင္သလိုမျဖစ္ေစဖို႔ ယူေကလႊတ္ေတာ္က ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာအၾကပ္အတည္းအေပၚ ၿဗိတိန္အစိုးရ တုံ႔ျပန္ေဆာင္႐ြက္ေရးဆိုတဲ့ေခါင္းစဥ္နဲ႔ ၿဗိတိန္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီက အစီရင္ခံစာတခု ဒီေန႔ထုတ္ျပန္တာမွာ NUG ရဲ႕ တိုင္းရင္းသားအခြင့္အေရးအေပၚျပတ္သားတဲ့သက္ဝင္ယုံၾကည္မူေၾကာင့္ အခုလို ေတာင္းဆိုရတာလို႔ ရွင္းျပထားပါတယ္။

ၿဗိတိန္အစိုးရအေနနဲ႔ NUG ကို အနာဂတ္မွာတက္လာမဲ့ အစိုးရတရပ္အျဖစ္ သေဘာထားဆက္ဆံၿပီး ျမန္မာစစ္အုပ္စုအေပၚမွာေတာ့ တရားဝင္ေထာက္ခံေပးတာမ်ိဳး ျဖစ္သြားေစႏိုင္တာေတြ မလုပ္မိေစဖို႔ အေရးႀကီးတယ္လို႔ ဒီအစီရင္ခံစာထဲမွာ ေထာက္ျပထားပါတယ္။

ဒါ့အျပင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) နဲ႔ လက္တြဲေဆာင္႐ြက္ရာမွာလည္း ႏိုင္ငံေရးအက်ဥ္းသားေတြ ျပန္လႊတ္ေပးေရးနဲ႔ အၾကမ္းဖက္မူေတြ အဆုံးသတ္ေရးကို ညႇိဳႏႈိင္းေရးလုပ္ငန္းစဥ္ထဲ အေျခခံအပိုင္းအျဖစ္ ၿဗိတိန္ဘက္က ထည့္ထားသင့္တယ္လို႔ တိုက္တြန္းထားပါတယ္။

တခ်ိန္ထဲမွာ ျမန္မာစစ္တပ္ကို တရားဝင္အသိအမွတ္မျပဳတဲ့အေနနဲ႔ လက္နက္ပိတ္ဆိုမူနဲ႔ ေဒသတြင္းႏိုင္ငံေတြကေန စစ္သင္တန္းေပးတာ ရပ္တန႔္မူေတြ၊ ေနာက္ စီးပြားေရး ဒဏ္ခတ္မႈေတြလုပ္ဖို႔လည္း ႏိုင္ငံျခားေရးေကာ္မတီရဲ႕ အစီရင္ခံစာမွာ တိုက္တြန္းထားပါတယ္။

ျမန္မာအေပၚ လက္နက္ပိတ္ဆို႔ဖို႔ကိစၥမွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီကေန ခ်မွတ္ဖို႔အထိ အဆုံးစြန္ရည္မွန္းခ်က္ထားဖို႔နဲ႔ ၾကားကာလမွာလည္း တႏိုင္ငံခ်င္းစီကေန လက္နက္ပိတ္ဆို႔မယ္ မဟာမိတ္အဖြဲ႕ေပၚလာေရး ၿဗိတိန္က ဦးစီးေဆာင္႐ြက္ေပးဖို႔ကိုလည္း ထည့္သြင္းတိုက္တြန္းထားပါတယ္။

UNICODE

ဗြိတိန်အစိုးရအနေနဲ့ NUG အမျိုးသားညီညွှတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့နဲ့ မြန်မာစစ်ကောင်စီကို တရားဝင်သလိုမဖြစ်စေဖို့ ယူကေလွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

မြန်မာအကြပ်အတည်းအပေါ် ဗြိတိန်အစိုးရ တုံ့ပြန်ဆောင်ရွက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဗြိတိန်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အစီရင်ခံစာတခု ဒီနေ့ထုတ်ပြန်တာမှာ NUG ရဲ့ တိုင်းရင်းသားအခွင့်အရေးအပေါ်ပြတ်သားတဲ့သက်ဝင်ယုံကြည်မူကြောင့် အခုလို တောင်းဆိုရတာလို့ ရှင်းပြထားပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ NUG ကို အနာဂတ်မှာတက်လာမဲ့ အစိုးရတရပ်အဖြစ် သဘောထားဆက်ဆံပြီး မြန်မာစစ်အုပ်စုအပေါ်မှာတော့ တရားဝင်ထောက်ခံပေးတာမျိုး ဖြစ်သွားစေနိုင်တာတွေ မလုပ်မိစေဖို့ အရေးကြီးတယ်လို့ ဒီအစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲဆောင်ရွက်ရာမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်မူတွေ အဆုံးသတ်ရေးကို ညှိုနှိုင်းရေးလုပ်ငန်းစဉ်ထဲ အခြေခံအပိုင်းအဖြစ် ဗြိတိန်ဘက်က ထည့်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

တချိန်ထဲမှာ မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်မပြုတဲ့အနေနဲ့ လက်နက်ပိတ်ဆိုမူနဲ့ ဒေသတွင်းနိုင်ငံတွေကနေ စစ်သင်တန်းပေးတာ ရပ်တန့်မူတွေ၊ နောက် စီးပွားရေး ဒဏ်ခတ်မှုတွေလုပ်ဖို့လည်း နိုင်ငံခြားရေးကော်မတီရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မြန်မာအပေါ် လက်နက်ပိတ်ဆို့ဖို့ကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ဖို့အထိ အဆုံးစွန်ရည်မှန်းချက်ထားဖို့နဲ့ ကြားကာလမှာလည်း တနိုင်ငံချင်းစီကနေ လက်နက်ပိတ်ဆို့မယ် မဟာမိတ်အဖွဲ့ပေါ်လာရေး ဗြိတိန်က ဦးစီးဆောင်ရွက်ပေးဖို့ကိုလည်း ထည့်သွင်းတိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG