သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဆေးဝန်ထမ်းအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က Palongkhali ရိုဟင်ဂျာ ဒုက္ခသည်စခန်း (ဒီဇင်ဘာ ၂၂-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က Palongkhali ရိုဟင်ဂျာ ဒုက္ခသည်စခန်း (ဒီဇင်ဘာ ၂၂-၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ဆုံဆို့နာရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ကူညီ ကုသပေးဖို့အတွက် ဗြိတိန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ မီးသတ်သမားတွေ စုစုပေါင်း အယောက် ၄၀ ကျော်ပါတဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြာသပတေးနေ့က ထွက်သွားပြီလို့ ယူကေ ရုပ်သံလွှင့်ဌာန Sky News ကပြောပါတယ်။

ဆုံဆို့နာရောဂါကြောင့် နိုဝင်ဘာလကတည်းကဆိုရင် ဒုက္ခသည် ၂၀ ကျော် သေဆုံးခဲ့ပြီး နေ့စဉ် ရောဂါဖြစ်ပွားသူ ၁၅၀ ကျော် ရှိတယ်လို့ Sky News ကပြောပါတယ်။

ယူကေ ကူညီကုသရေးအဖွဲ့ထဲမှာပါတဲ့ သူနာပြုတဦးက -

“ဒါဟာ တခါတခါမှာ တကယ့်ကို စိုးရိမ်ပူပန်စရာဖြစ်မယ်လို့ ထင်ပါတယ်။ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရ တဲ့ သူနာပြုတဦးအနေနဲ့၊ မိခင်တဦးအနေနဲ့ ကျမသိတာကတော့ ကိုယ့်ကလေးတွေ နာဖျားမကျန်းဖြစ်တဲ့အခါ စိုးရိမ်ပူပန်ရတယ် ဆိုတာပါပဲ။ ဆုံဆို့နာ ကူးစက်ခံထားရတဲ့ကလေးငယ် ရာပေါင်းများစွာရှိပြီး အဲဒီထဲက ၇၅% ဟာ အသက် ၁၅ နှစ်အောက် အရွယ် တွေဖြစ်တယ်လို့ ကျမတို့သိထားပါတယ်။ လူတွေအနေနဲ့ တကယ့်ကို စိုးရိမ်ပူပန်နေကြမှာဖြစ်ပြီး အဲဒါက မြင်ရခက်တဲ့ကိစ္စပါ။” လို့ သူနာပြု Becky Platt ကပြောပါတယ်။

အခုသွားကြမယ့်အဖွဲ့ထဲကလူတွေအနေနဲ့ သူတို့ကြုံတွေ့ရမယ့် ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့အတွက် စနစ်တကျ သင်တန်းပေး လေ့ကျင့်ခဲ့တာပါ။

အခုသွားတဲ့ ယူကေအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာ သီတင်းပတ် ၆ ပတ်ကြာ ကူညီ လုပ်ဆောင်ပေးကြမှာဖြစ်ပါတယ်။

ဗြိတိန်ဆေးဝန်ထမ်းအဖွဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားရောက်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG