သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေနဲ့ UK အစိုးရ ၂၀၂၅ ဆက်လက်လက်တွဲမည် (ဗြိတိသျှသံရုံး)


UK Myanmar New Year သတင်းစကား။
UK Myanmar New Year သတင်းစကား။

၂၀၂၅ ခုနှစ် နှစ်သစ်မှာ မြန်မာပြည်သူတွေနဲ့အတူ UK အစိုးရ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ့် အကြောင်း ဗြိတိသျှသံရုံး၊ ရန်ကုန်အကြီးအကဲ Ken O’ Flaherty က နှစ်သစ် သတင်းစကား ပေးပို့ထားပါတယ်။

၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူပြည်သားတွေအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ စစ်မှုထမ်းခြင်းဥပဒေကို ရက်စက်စွာ စတင်ကျင့်သုံးခြင်းကစပြီး နေ့စဉ်သုံး ကုန်ပစ္စည်းစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာ၊ အသက်အိုးအိမ်ထိခိုက်စေတဲ့ ရေကြီးရေလျှံမှုတွေအပါအဝင် မြန်မာစစ်တပ်ရဲ့ စီမံခန့်ခွဲမှုလွဲမှားခြင်းတွေကို ပြည်သူတွေရဲ့ နေ့စဥ်ဘဝမှာ တွေ့ကြုံနေရတဲ့အကြောင်း နှစ်သစ်သတင်းစကားမှာ ဖေါ်ပြပါတယ်။

ပဋိပက္ခတွေ လေးနှစ်ကြာမြင့်လာပြီး UK အစိုးရ,ရရှိတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာ သိမ်းတဲ့ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အရပ်သားပြည်သူအနည်းဆုံး (၆,၀၀၀) နီးပါး သေဆုံးခဲ့ပြီး ဒါဟာ ကြောက်မက်ဖွယ်အခြေအနေပါလို့ Ken O’ Flaherty က ပြောဆိုပါတယ်။

သြဂုတ်လ နဲ့ အောက်တိုဘာလအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ စစ်တပ်အာဏာသိမ်းကတည်းက အမြင့်ဆုံးအရေအတွက် ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂမှာ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သလိုပဲ ယူကေအစိုးရအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား ရှုတ်ချတဲ့အကြောင်းလည်း Ken O’ Flaherty က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတဝန်းက ဒေသခံပြည်သူများနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အချင်းချင်းထောက်ပံ့ ပေးကြပြီး အကာအကွယ်ပေးရန်အလိုအပ်ဆုံးသူတွေကို ပဋိပက္ခ၊ နေရပ်စွန့်ခွာပြောင်းရွှေ့မှုတွေအပြင် ရာသီဥတုဒဏ်နဲ့ ထိတ်လန့်မှုတွေကြားမှာ ပြန်လည်ထူထောင်နိုင်ဖို့နဲ့ အကူအညီပေးနိုင်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့အကြောင်းလည်း ဗြိတိသျှသံရုံး၊ ရန်ကုန် အကြီးအကဲရဲ့ နှစ်သစ် သတင်းစကားမှာ ဖေါ်ပြပါတယ်။

Forum

XS
SM
MD
LG