သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rotherham မြို့ ခုံလှုံခွင့်လျှောက်ထားသူတွေရှိတဲ့ဟိုတယ် ဆန္ဒပြသူတွေအကြမ်းဖက်


ဗြိတိန်နိုင်ငံ၊ Rotherham မြို့က အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့လေ့ကျင့်ထားတဲ့ခွေးတွေက လူဝင်မှုကြီးကြပ်ရေးကိုဆန့်ကျင်သူတဦးကို တိုက်ခိုက်နေစဥ်။ (သြဂုတ် ၄၊ ၂၀၂၄)
ဗြိတိန်နိုင်ငံ၊ Rotherham မြို့က အဓိကရုဏ်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့လေ့ကျင့်ထားတဲ့ခွေးတွေက လူဝင်မှုကြီးကြပ်ရေးကိုဆန့်ကျင်သူတဦးကို တိုက်ခိုက်နေစဥ်။ (သြဂုတ် ၄၊ ၂၀၂၄)

အင်္ဂလန်နိုင်ငံမြောက်ပိုင်းက Rotherham မြို့မှာ နိုင်ငံတွင်းခုံလှုံခွင့်လျှောက်ထားသူတွေရှိတဲ့ ဟိုတယ်တခုကို ဆန္ဒပြသူတချို့ ဝင်ရောက်ဖို့ကြိုးစားရင်း အဲဒီမှာ တားဆီးတဲ့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဒီလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချလိုက်ပြီး လက်ယာစွန်းလူဆိုးလူမိုက်တွေဆိုပြီး သုံးနှုန်းဝေဖန်ပါတယ်။

အကသင်တန်းကျောင်းတခုမှာ ဓါးထိုးအကြမ်းဖက်မှုတရပ်ကြောင့် မိန်းကလေးငယ်သုံးဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း အင်္ဂလန်တဝန်းမြို့တော်များများမှာ အဓိကရုဏ်းတွေတွေ ကြုံလာရတာပါ။ ဗြိတိန်ဝန်ကြီးချုပ်ထုတ်ပြန်ချက်မှာတော့ အာဏာပိုင်တွေအနေနဲ့ လူရမ်းကားတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အရေးယူကိုင်တွယ်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

Rotherham မြို့က Holiday Inn Express ဟိုတယ်ထဲကို ဆန္ဒပြသူတချို့ အကြမ်းဖက်ဝင်ရောက်ဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့က ဟန့်တားနေတာတွေနဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ဖြစ်နေတာတွေကို ဒေသတွင်းရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။ ဟိုတယ် ပြူတင်းတခါး ချိုးဖျက်ခံရပြီးတဲ့နောက် မီးခိုးတချို့ မြင်ရပါတယ်။ အဓိကရုဏ်းကြောင့် ရဲအရာရှိတဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံတဝန်းမှာတော့ အလားတူ နောက်ထပ်ဆန္ဒပြမှုတွေ ဖြစ်လာဦးမယ်လို့ မှန်းဆရပါတယ်။ စနေနေ့ကတော့ အင်္ဂလန်နိုင်ငံတဝန်းမှာ လယ်ယာစွန်းတက်ကြွလှုပ်ရှားသူတွေနဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတချို့ဖြစ်ခဲ့ပါတယ်။ လူ တရာနီးပါးလောက်ဖမ်းဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့က မှတ်တမ်းတွေ ကင်မရာတွေကတဆင့် နောက်ထပ်ဖမ်းဆီးမှုတွေ လုပ်လာဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG