သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစီးပွါးရေးကို မနှောက်ရှက်ဖို့ ကန်သတိပေး


Russian နှင့် Crimean ကို ဆက်သွယ်ထားတဲ့ တံတားတခု
Russian နှင့် Crimean ကို ဆက်သွယ်ထားတဲ့ တံတားတခု

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အစိုးရက သူတို့ယူဆချက်အားဖြင့် Azov ပင်လယ်နဲ့ Kerch ရေလက်ကြားတို့မှာ သွားလာနေတဲ့ နိုင်ငံတကာ ရေယာဉ်တွေကို ရုရှားတို့က ဟန့်တားနှောက်ယှက်နေတယ်လို့ ဆိုတာတွေကို ဆက်မလုပ်ဖို့ ကြာသပတေးနေ့က တောင်းဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံရဲ့ အဲဒီလုပ်ရပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့စီးပွားရေး အားနည်းသွားစေဖို့ ကြိုးစားတာဖြစ်တယ်လို့ဆိုပြီး ရပ်ပစ်ဖို့ ပြောတာပါ။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က “ရေကြောင်းသွားလာရေးကို ရုရှားက ဟန့်တားနှောက်ယှက်တာ ဟာ ယူကရိန်းနိုင်ငံ ထိခိုက်ပြီး မတည်မငြိမ်ဖြစ်အောင် ဆက်လုပ်နေတာရဲ့ နောက်ထပ်ဥပမာတွေဖြစ်တဲ့အပြင် နိုင်ငံတကာ သတ်မှတ်ချက်တွေကို ဂရုမစိုက်တာလည်းဖြစ်ပါတယ်” လို့ပြောပါတယ်။

ရုရှားနိုင်ငံဟာ ဧပြီလကတည်းက ကုန်စည်သင်္ဘောတွေကို နှောင့်နှေးအောင်လုပ်နေပြီး ကုန်တင်သင်္ဘော ၁၆ စင်းထက်မနည်း ယူကရိန်းဆိပ်ကမ်းတွေကို မသွားနိုင်အောင် တားထားတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ယူကရိန်းပိုင်၊ Crimea ဒေသကို ရုရှားက သူပိုင်နယ်အဖြစ် တရားမဝင်ရယူပြီး ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သီးခြား ခွဲထွက်ရေးဝါဒီတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်အောင် ၂၀၁၄ ခုနှစ်ကတည်းက သွေးထိုးလုပ်ဆောင်လာတာ ကြောင့် ရုရှားနဲ့ ယူကရိန်းအကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေတာပါ။

အမေရိကန်ဘက်က အခုလို တောင်းဆိုတာနဲ့ပတ်သက်ပြီး ရုရှားအစိုးရဘက်က တုန့်ပြန်ချက် ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG