သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္ေနရာ ကိုယ္စားလွယ္ေလာင္း ၈ ဦး အဆိုျပဳ 


(ဝဲမွယာ) ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss၊ ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak၊ ၿဗိတိန္ႏိုင္ငံတကာဖြံ႔ၿဖိဳးေရး၊ အမ်ဳိးသမီးနဲ႔တန္းတူညီမွ်ေရးဆိုင္ရာ ဝန္ႀကီး Penny Mordaunt

[[Zawgyi/Unicode]]

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေနရာ ဆက္ခံဖို႔ ကိုယ္စားလွယ္ေလာင္း ၈ ဦးကို အဆိုျပဳလိုက္ပါၿပီ။

ၿဗိတိန္ႏိုင္ငံမွာ အာဏာရ Conservative ပါတီေခါင္းေဆာင္ေနရာဝင္ အေ႐ြးခံဖို႔ နာမည္ေပးထားသူေတြထဲက ပါတီဝင္ လႊတ္ေတာ္အမတ္ေတြရဲ႕ ေထာက္ခံမႈရလို႔ ေခါင္းေဆာင္ ၿပိဳင္ဆိုင္ခြင့္ရသူ ၈ ေယာက္ နာမည္စာရင္းကို ပါတီေရးရာလႊတ္ေတာ္ေကာ္မတီဥကၠ႒က ဒီေန႔ ေၾကညာလိုက္ပါတယ္။

ဒီပါတီေခါင္းေဆာင္ေနရာကေန ဝန္ႀကီးခ်ဳပ္ေဟာင္း Boris Johnson ႏုတ္ထြက္အၿပီး အစားထိုးမယ့္ အခုကိုယ္စားလွယ္ေလာင္းေတြထဲမွာ လက္ရွိဘ႑ာေရးဝန္ႀကီး အီရတ္ႏြယ္ဖြား Nadhim Zahawi၊ ရက္ပိုင္းကပဲ ႏိုင္ငံျခားေရးဝန္ႀကီးရာထူးကေန ႏုတ္ထြက္ခဲ့သူ Liz Truss၊ ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak၊ ၿဗိတိန္ႏိုင္ ငံ ရဲ႕ ေရွ႕ေနခ်ဳပ္ Suella Braverman တို႔လည္း ပါဝင္ပါတယ္။

အခုေခါင္းေဆာင္ဝင္ၿပိဳင္ဖို႔ ေ႐ြးခ်ယ္ခံရသူ ၈ ေယာက္အေနနဲ႔ ေခါင္းေဆာင္ေ႐ြးပြဲစာရင္းထဲမွာပါေနဖို႔ Conservative ပါတီဝင္လႊတ္ေတာ္အမတ္ အနည္းဆုံး ၂၀ ရဲ႕ ေထာက္ခံမႈ ရရွိဖို႔ လိုပါတယ္။

ဒီေန႔ ဗုဒၶဟူးေန႔ကစၿပီး ေနာက္ဆုံး စကာတင္ ၂ ဦးက်န္တဲ့အထိ လွ်ဳိ႕ဝွက္မဲေပးစနစ္နဲ႔ အႀကိမ္ႀကိမ္ မဲေပး ေ႐ြးခ်ယ္ၾကရမွာျဖစ္ပါတယ္။

စကာတင္ ၂ ဦးကို ဇူလိုင္လ ၂၁ ရက္ေနာက္ဆုံးထား ေ႐ြးခ်ယ္ရမွာျဖစ္ၿပီး ပါတီေခါင္းေဆာင္သစ္အျဖစ္ေရာ ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ပါ ေ႐ြးခ်ယ္ခံရသူကို စက္တင္ဘာ ၅ ရက္ေန႔မွာ ေၾကညာမွာျဖစ္ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဗြိတိန်ဝန်ကြီးချုပ်သစ်နေရာ ကိုယ်စားလှယ်လောင်း ၈ ဦး အဆိုပြု

ဗြိတိန်ဝန်ကြီးချုပ်နေရာ ဆက်ခံဖို့ ကိုယ်စားလှယ်လောင်း ၈ ဦးကို အဆိုပြုလိုက်ပါပြီ။

ဗြိတိန်နိုင်ငံမှာ အာဏာရ Conservative ပါတီခေါင်းဆောင်နေရာဝင် အရွေးခံဖို့ နာမည်ပေးထားသူတွေထဲက ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုရလို့ ခေါင်းဆောင် ပြိုင်ဆိုင်ခွင့်ရသူ ၈ ယောက် နာမည်စာရင်းကို ပါတီရေးရာလွှတ်တော်ကော်မတီဥက္ကဋ္ဌက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီပါတီခေါင်းဆောင်နေရာကနေ ဝန်ကြီးချုပ်ဟောင်း Boris Johnson နုတ်ထွက်အပြီး အစားထိုးမယ့် အခုကိုယ်စားလှယ်လောင်းတွေထဲမှာ လက်ရှိဘဏ္ဍာရေးဝန်ကြီး အီရတ်နွယ်ဖွား Nadhim Zahawi၊ ရက်ပိုင်းကပဲ နိုင်ငံခြားရေးဝန်ကြီးရာထူးကနေ နုတ်ထွက်ခဲ့သူ Liz Truss၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak၊ ဗြိတိန်နိုင် ငံ ရဲ့ ရှေ့နေချုပ် Suella Braverman တို့လည်း ပါဝင်ပါတယ်။

အခုခေါင်းဆောင်ဝင်ပြိုင်ဖို့ ရွေးချယ်ခံရသူ ၈ ယောက်အနေနဲ့ ခေါင်းဆောင်ရွေးပွဲစာရင်းထဲမှာပါနေဖို့ Conservative ပါတီဝင်လွှတ်တော်အမတ် အနည်းဆုံး ၂၀ ရဲ့ ထောက်ခံမှု ရရှိဖို့ လိုပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့ကစပြီး နောက်ဆုံး စကာတင် ၂ ဦးကျန်တဲ့အထိ လျှို့ဝှက်မဲပေးစနစ်နဲ့ အကြိမ်ကြိမ် မဲပေး ရွေးချယ်ကြရမှာဖြစ်ပါတယ်။

စကာတင် ၂ ဦးကို ဇူလိုင်လ ၂၁ ရက်နောက်ဆုံးထား ရွေးချယ်ရမှာဖြစ်ပြီး ပါတီခေါင်းဆောင်သစ်အဖြစ်ရော ဝန်ကြီးချုပ်သစ်အဖြစ်ပါ ရွေးချယ်ခံရသူကို စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ် ခင်ဗျာ။

XS
SM
MD
LG