သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ အာဏာရပါတီေခါင္းေဆာင္ကေန ႏုတ္ထြက္ 


 ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ရာထူးကႏုတ္ထြက္မယ့္အေၾကာင္း ေဒါင္းနင္းလမ္းမွာ ေျပာၾကားစဥ္။ (ဇူလိုင္ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က အာဏာရ Conservative ပါတီေခါင္းေဆာင္ေနရာကေန ႏုတ္ထြက္ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ပါတီေခါင္းေဆာင္သစ္ ေ႐ြးခ်ယ္တဲ့လုပ္ငန္းစဥ္ေတြကို အခု စတင္ေနၿပီး ေခါင္းေဆာင္သစ္ တက္မလာခင္အထိ ဒီတာဝန္ေတြကို ဆက္ၿပီး ထမ္းေဆာင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Johnson ကေဒါင္းနင္းလမ္းေနအိမ္ေရွ႕မွာ ဒီမနက္က မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

Conservative ပါတီမွာ ေခါင္းေဆာင္သစ္၊ ဝန္ႀကီးခ်ဳပ္သစ္ ေျပာင္းလဲသင့္တယ္ဆိုတဲ့ ပါတီဝင္လႊတ္ေတာ္ အမတ္ေတြရဲ႕ ဆႏၵရွင္းရွင္းလင္းလင္း သိရၿပီျဖစ္တယ္လို႔ ေျပာၾကားသြားတာျဖစ္ပါတယ္။

လႊတ္ေတာ္အမတ္ေတြၾကားမွာ ပါတီေခါင္းေဆာင္သစ္ေ႐ြးခ်ယ္မႈကို စတင္ေဆာင္႐ြက္ေနၿပီး အခ်ိန္ကာလသတ္မွတ္ခ်က္ကို ေရွ႕သီတင္းပတ္မွာ ေၾကညာမယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Johnson ကမိန႔္ခြန္းထဲမွာ ေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံ EU ထဲက ႏုတ္ထြက္ႏိုင္ခဲ့တာအပါအဝင္ သူ႔အစိုးရလက္ထက္မွာ ေအာင္ျမင္ခဲ့တဲ့ ကိစၥေတြအတြက္ ဂုဏ္ယူသလို ေဆာင္႐ြက္ႏိုင္ျခင္းမရွိတဲ့ ကိစၥေတြအတြက္လည္း စိတ္မေကာင္းဘူးလို႔လည္း ေျပာသြားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္ကို အစားမထိုးႏိုင္ခင္အထိ ၿဗိတိန္ျပည္သူေတြရဲ႕ အက်ိဳးကိုေရွ႕ရႈၿပီး အစိုးရတာဝန္ေတြကို ဆက္လက္ ထမ္းေဆာင္သြားမယ္လို႔လည္း Boris Johnson ကေျပာၾကားပါတယ္။ သူ႔ရဲ႕ Cabinet ဝန္ႀကီးအဖြဲ႕ထဲက ဘ႑ာေရးဝန္ႀကီးအပါအဝင္ ထိပ္တန္းဝန္ႀကီးတခ်ိဳ႕နဲ႔အစိုးရအဖြဲ႕ဝင္ေတြအျပင္ ပါတီဝင္လႊတ္ေတာ္အမတ္ ၅၀ ထက္မနည္းက ဝန္ႀကီးခ်ဳပ္ Johnson ရဲ႕ ဦးေဆာင္ကို အယုံအၾကည္မရွိဘူးလို႔ဆိုၿပီး ႏုတ္ထြက္ခဲ့ၾကၿပီးေနာက္မွာ ပါတီေခါင္းေဆာင္ေနရာကေန ဆင္းေပးမယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

ၿဗိတိန္ႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္အရ ေ႐ြးေကာက္ပြဲေတြ မက်င္းပႏိုင္ခ်ိန္မွာ အာဏာရပါတီဝင္ လႊတ္ေတာ္အမတ္ေတြကပဲ ဝန္ႀကီးခ်ဳပ္ကို ဖယ္ရွားႏိုင္တာျဖစ္ပါတယ္။ ျပည္သူေတြအပ္ႏွင္းထားတဲ့ ဝန္ႀကီးခ်ဳပ္တာဝန္ကေန ႏုတ္ထြက္မွာမဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔အထိ Mr. Johnson ေျပာေနခဲ့တာပါ။ Boris Johnson ဟာ ၂၀၁၉ ခုႏွစ္မွာ Conservative ပါတီေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ တက္လာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဗြိတိန်ဝန်ကြီးချုပ် အာဏာရပါတီခေါင်းဆောင်ကနေ နုတ်ထွက်


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အာဏာရ Conservative ပါတီခေါင်းဆောင်နေရာကနေ နုတ်ထွက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ် ရွေးချယ်တဲ့လုပ်ငန်းစဉ်တွေကို အခု စတင်နေပြီး ခေါင်းဆောင်သစ် တက်မလာခင်အထိ ဒီတာဝန်တွေကို ဆက်ပြီး ထမ်းဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Johnson ကဒေါင်းနင်းလမ်းနေအိမ်ရှေ့မှာ ဒီမနက်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Conservative ပါတီမှာ ခေါင်းဆောင်သစ်၊ ဝန်ကြီးချုပ်သစ် ပြောင်းလဲသင့်တယ်ဆိုတဲ့ ပါတီဝင်လွှတ်တော် အမတ်တွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်း သိရပြီဖြစ်တယ်လို့ ပြောကြားသွားတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေကြားမှာ ပါတီခေါင်းဆောင်သစ်ရွေးချယ်မှုကို စတင်ဆောင်ရွက်နေပြီး အချိန်ကာလသတ်မှတ်ချက်ကို ရှေ့သီတင်းပတ်မှာ ကြေညာမယ်လို့လည်း ဝန်ကြီးချုပ် Johnson ကမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ EU ထဲက နုတ်ထွက်နိုင်ခဲ့တာအပါအဝင် သူ့အစိုးရလက်ထက်မှာ အောင်မြင်ခဲ့တဲ့ ကိစ္စတွေအတွက် ဂုဏ်ယူသလို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကိစ္စတွေအတွက်လည်း စိတ်မကောင်းဘူးလို့လည်း ပြောသွားခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ်ကို အစားမထိုးနိုင်ခင်အထိ ဗြိတိန်ပြည်သူတွေရဲ့ အကျိုးကိုရှေ့ရှုပြီး အစိုးရတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမယ်လို့လည်း Boris Johnson ကပြောကြားပါတယ်။ သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ထဲက ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ထိပ်တန်းဝန်ကြီးတချို့နဲ့အစိုးရအဖွဲ့ဝင်တွေအပြင် ပါတီဝင်လွှတ်တော်အမတ် ၅၀ ထက်မနည်းက ဝန်ကြီးချုပ် Johnson ရဲ့ ဦးဆောင်ကို အယုံအကြည်မရှိဘူးလို့ဆိုပြီး နုတ်ထွက်ခဲ့ကြပြီးနောက်မှာ ပါတီခေါင်းဆောင်နေရာကနေ ဆင်းပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ချိန်မှာ အာဏာရပါတီဝင် လွှတ်တော်အမတ်တွေကပဲ ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်တာဖြစ်ပါတယ်။ ပြည်သူတွေအပ်နှင်းထားတဲ့ ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့အထိ Mr. Johnson ပြောနေခဲ့တာပါ။ Boris Johnson ဟာ ၂၀၁၉ ခုနှစ်မှာ Conservative ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ် တက်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG