[[Zawgyi/Unicode]]
ၿဗိတိန္ဘုရင္မႀကီးရဲ႕ နန္းသက္ ၇၀ ျပည့္အထိမ္းအမွတ္အခမ္းအနားေတြကို ၿဗိတိန္ႏိုင္ငံမွာ ဒီေန႔ ဒုတိယေျမာက္ေန႔အျဖစ္ က်င္းပေနပါတယ္။ ႏွစ္ေပါင္း ၇၀ အတြင္း ဘုရင္မႀကီးထမ္းေဆာင္ခဲ့တဲ့တာဝန္ေတြအတြက္ ေက်းဇူးတင္ အထိမ္းအမွတ္ဝတ္ျပဳဆုေတာင္းပြဲကို လန္ဒန္ၿမိဳ႕ေတာ္က St. Paul's Cathedral ဘုရားရွိခိုေက်ာင္းမွာ ဒီမနက္က က်င္းပခဲ့ပါတယ္။
ဒီဝတ္ျပဳပြဲကို သက္ေတာ္ ၉၆ ႏွစ္အ႐ြယ္ ဘုရင္မႀကီးကိုယ္တိုင္ေတာ့ မတက္ေရာက္ခဲ့ပါဘူး။ ၾကာသပေတးေန႔က အခမ္းအနားေတြ တက္ေရာက္ခဲ့ၿပီးေနာက္ ပင္ပန္းသြားတဲ့အတြက္ ဒီေန႔ဝတ္ျပဳပြဲကို မတက္တာျဖစ္တယ္လို႔ Buckingham နန္းေတာ္က သတင္းထုတ္ျပန္ပါတယ္။ အိမ္ေရွ႕မင္းသား Charles က ဘုရင္မႀကီးကိုကိုယ္စားျပဳၿပီး ဝတ္ျပဳပြဲကို တက္ေရာက္ခဲ့ပါတယ္။ Windsor နန္းေတာ္မွာ အနားယူေနတဲ့ ဘုရင္မႀကီးက ႐ုပ္ျမင္သံၾကားကတိုက္႐ိုက္ထုတ္လႊင့္မႈေတြကို ၾကည့္ရႈခဲ့ပါတယ္။
မေန႔တုန္းကေတာ့ ဘုရင္မႀကီးေမြးေန႔အထိမ္းအမွတ္ လန္ဒန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ စစ္ေရးျပအခမ္းအနားမွာ ဘုရင္မႀကီးက Buckingham နန္းေတာ္ လသာေဆာင္ကထြက္ၿပီး ဗိုလ္ရႈခံခဲ့သလို ေတာ္ဝင္ ေလတပ္နဲ႔ ေရတပ္တို႔က ေလယာဥ္ေတြ နန္းေတာ္ေပၚက ျဖတ္ပ်ံတဲ့ အခမ္းအနားကိုလဲ နန္းေတာ္လသာေဆာင္ကေန ထြက္ၿပီးၾကည့္ခဲ့ပါတယ္။ ညပိုင္းမွာလည္း Windsor နန္းေတာ္မွာျပဳလုပ္ခဲ့တဲ့ ဘုရင္မႀကီးကို ဂုဏ္ျပဳတဲ့ မီးရႈးတိုင္ထြန္းညႇိပြဲကို ဘုရင္မႀကီးတက္ေရာက္ မီးထြန္းညႇိခဲ့ပါတယ္။ ၿဗိတိန္ႏိုင္ငံအႏွံ႔နဲ႔ ဓနႆဟာယႏိုင္ငံေတြအပါအဝင္ ကမာၻတဝန္းမွာ ဘုရင္မႀကီးအတြက္ အထိမ္းအမွတ္မီးရွဴးတိုင္ေပါင္း ၃ ေထာင့္ ၅ ရာေက်ာ္ ထြန္းညႇိထားပါတယ္။
အေမရိကန္သမၼတ Joe Biden၊ ျပင္သစ္သမၼတ Emmanuel Macron၊ ပုပ္ရဟန္းမင္းႀကီး Pope Francis အပါအဝင္ ကမာၻ႔ေခါင္းေဆာင္ေတြကလည္း ဘုရင္မႀကီးအတြက္ ဆုေတာင္းစကားေတြ ေပးပို႔ခဲ့ၾကပါတယ္။
===========
[[Unicode]]
ဗြိတိန်ဘုရင်မကြီးနန်းသက် ၇၀ ပြည့်အခမ်းအနားများ ဒုတိယမြောက်နေ့ကျင်းပ
ဗြိတိန်ဘုရင်မကြီးရဲ့ နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်နိုင်ငံမှာ ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေပါတယ်။ နှစ်ပေါင်း ၇၀ အတွင်း ဘုရင်မကြီးထမ်းဆောင်ခဲ့တဲ့တာဝန်တွေအတွက် ကျေးဇူးတင် အထိမ်းအမှတ်ဝတ်ပြုဆုတောင်းပွဲကို လန်ဒန်မြို့တော်က St. Paul's Cathedral ဘုရားရှိခိုကျောင်းမှာ ဒီမနက်က ကျင်းပခဲ့ပါတယ်။
ဒီဝတ်ပြုပွဲကို သက်တော် ၉၆ နှစ်အရွယ် ဘုရင်မကြီးကိုယ်တိုင်တော့ မတက်ရောက်ခဲ့ပါဘူး။ ကြာသပတေးနေ့က အခမ်းအနားတွေ တက်ရောက်ခဲ့ပြီးနောက် ပင်ပန်းသွားတဲ့အတွက် ဒီနေ့ဝတ်ပြုပွဲကို မတက်တာဖြစ်တယ်လို့ Buckingham နန်းတော်က သတင်းထုတ်ပြန်ပါတယ်။ အိမ်ရှေ့မင်းသား Charles က ဘုရင်မကြီးကိုကိုယ်စားပြုပြီး ဝတ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။ Windsor နန်းတော်မှာ အနားယူနေတဲ့ ဘုရင်မကြီးက ရုပ်မြင်သံကြားကတိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်ရှုခဲ့ပါတယ်။
မနေ့တုန်းကတော့ ဘုရင်မကြီးမွေးနေ့အထိမ်းအမှတ် လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ဘုရင်မကြီးက Buckingham နန်းတော် လသာဆောင်ကထွက်ပြီး ဗိုလ်ရှုခံခဲ့သလို တော်ဝင် လေတပ်နဲ့ ရေတပ်တို့က လေယာဉ်တွေ နန်းတော်ပေါ်က ဖြတ်ပျံတဲ့ အခမ်းအနားကိုလဲ နန်းတော်လသာဆောင်ကနေ ထွက်ပြီးကြည့်ခဲ့ပါတယ်။ ညပိုင်းမှာလည်း Windsor နန်းတော်မှာပြုလုပ်ခဲ့တဲ့ ဘုရင်မကြီးကို ဂုဏ်ပြုတဲ့ မီးရှုးတိုင်ထွန်းညှိပွဲကို ဘုရင်မကြီးတက်ရောက် မီးထွန်းညှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနှံ့နဲ့ ဓနဿဟာယနိုင်ငံတွေအပါအဝင် ကမ္ဘာတဝန်းမှာ ဘုရင်မကြီးအတွက် အထိမ်းအမှတ်မီးရှူးတိုင်ပေါင်း ၃ ထောင့် ၅ ရာကျော် ထွန်းညှိထားပါတယ်။
အမေရိကန်သမ္မတ Joe Biden၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ပုပ်ရဟန်းမင်းကြီး Pope Francis အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဘုရင်မကြီးအတွက် ဆုတောင်းစကားတွေ ပေးပို့ခဲ့ကြပါတယ်။
===========