သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G-20 ထိပ္သီးစည္းေဝးပြဲ ယူကရိန္းသမၼတကိုဖိတ္ဖို႔ အလွည့္က်ဥကၠ႒ အင္ဒိုနီးရွား တရားဝင္ မေျပာေသး 


G-20 ကမၻာ့စီးပြါးေရးအင္အားႀကီးႏိုင္ငံေတြရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ အင္ဒိုနီးရွားႏုိင္ငံရဲ႕သမၼတ Joko Widodo

[[Zawgyi/Unicode]]

ယူကရိန္းသမၼတကို G-20 ကမာၻ႔စီးပြားေရးအင္အားႀကီးႏိုင္ငံေတြရဲ႕ လာမယ့္ထိပ္သီးပြဲဖိတ္ဖို႔ လက္ရွိဥကၠ႒ အင္ဒိုနီးရွားက အတည္မျပဳေသးပါဘူး။

အင္ဒိုနီးရွားသမၼတ Joko Widodo အေနနဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ မေန႔က စကားေျပာခဲ့ၿပီး ယူကရိန္း ၿငိမ္းခ်မ္းေရးအတြက္ ေထာက္ ခံေၾကာင္း သူ႔ Twitter မွာ ေျပာခဲ့ေပမယ့္ အခုလို ဖိတ္ၾကားဖို႔ကိုေတာ့ ထည့္မေျပာခဲ့ပါဘူး။

ဒါေပမယ့္ ယူကရိန္းသမၼတ Zelenskyy ဘက္ကေတာ့ အခုလို အင္ဒိုနီးရွားသမၼတနဲ႔ ေျပာခဲ့ရာမွာ ယူကရိန္းအေရး ကုလသမဂၢမွာပါ ေထာက္ခံေပးတာနဲ႔ ႏိုဝင္ဘာက်ရင္ ဘာလီကၽြန္းမွာလုပ္မယ့္ G-20 ထိပ္သီးပြဲကို ဖိတ္လာတာေတြအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တယ္လို႔ မေန႔က ထုတ္ေျပာထားပါတယ္။

အေမရိကန္ သမၼတအိမ္ျဖဴေတာ္ကလည္း အခုလို သမၼတ Zelenskyy ဖိတ္ၾကားခံရမယ္လို႔ သတင္းေတြရထားၿပီး ဒါကို ေထာက္ခံပါတယ္လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က ေျပာခဲ့ေပမဲ့ အင္ဒိုနီးရွားဘက္က အတည္ျပဳခ်က္ေတာ့ တရားဝင္ မရေသးဘူးလို႔ မေန႔ကေျပာခဲ့ပါတယ္။

တကယ္ေတာ့ ႐ုရွားကို G-20 ေပးမတက္ဖို႔အေပၚ G-20 အဖြဲ႔ဝင္ တ႐ုတ္ကလည္း ကန္႔ကြက္ႏိုင္ခ်ိန္မွာ အေမရိကန္သမၼတ Joe Biden ဘက္ကေတာ့ ယူကရိန္းကို G-20 မွာ ေလ့လာသူအျဖစ္ ေပးတက္ဖို႔ ၿပီးခဲ့တဲ့လက အဆိုျပဳထားတယ္လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က ဆက္ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့လမွာပဲ အင္ဒိုနီးရွားအေနနဲ႔ ႐ုရွားရဲ႕ ယူကရိန္းက်ဳးေက်ာ္မႈအေပၚ ကန္႔ကြက္တဲ့ ကုလသမဂၢအေထြေထြညီလာခံ ဆံုးျဖတ္ခ်က္ ႏွစ္ခုကို ေထာက္ခံခဲ့ေပမယ့္ ကုလလူ႔အခြင့္အေရးေကာင္စီကေန ႐ုရွားကို ထုတ္ပစ္ဖို႔ကိုေတာ့ တျခား ၅၇ ႏိုင္ငံနဲ႔အတူ မဲမေပးဘဲေနခဲ့ပါတယ္။

#Ukraine #G20 #RussiaInvasion #voaburmese #စက္မႈထိပ္သီး #ယူကရိန္း #ဗီြအိုေအျမန္မာပိုင္း
==================

[[Unicode]]

G-20 ထိပ်သီးစည်းဝေးပွဲ ယူကရိန်းသမ္မတကိုဖိတ်ဖို့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား တရားဝင် မပြောသေး

ယူကရိန်းသမ္မတကို G-20 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ လာမယ့်ထိပ်သီးပွဲဖိတ်ဖို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက အတည်မပြုသေးပါဘူး။

အင်ဒိုနီးရှားသမ္မတ Joko Widodo အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ မနေ့က စကားပြောခဲ့ပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် ထောက် ခံကြောင်း သူ့ Twitter မှာ ပြောခဲ့ပေမယ့် အခုလို ဖိတ်ကြားဖို့ကိုတော့ ထည့်မပြောခဲ့ပါဘူး။

ဒါပေမယ့် ယူကရိန်းသမ္မတ Zelenskyy ဘက်ကတော့ အခုလို အင်ဒိုနီးရှားသမ္မတနဲ့ ပြောခဲ့ရာမှာ ယူကရိန်းအရေး ကုလသမဂ္ဂမှာပါ ထောက်ခံပေးတာနဲ့ နိုဝင်ဘာကျရင် ဘာလီကျွန်းမှာလုပ်မယ့် G-20 ထိပ်သီးပွဲကို ဖိတ်လာတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်ကလည်း အခုလို သမ္မတ Zelenskyy ဖိတ်ကြားခံရမယ်လို့ သတင်းတွေရထားပြီး ဒါကို ထောက်ခံပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ပြောခဲ့ပေမဲ့ အင်ဒိုနီးရှားဘက်က အတည်ပြုချက်တော့ တရားဝင် မရသေးဘူးလို့ မနေ့ကပြောခဲ့ပါတယ်။

တကယ်တော့ ရုရှားကို G-20 ပေးမတက်ဖို့အပေါ် G-20 အဖွဲ့ဝင် တရုတ်ကလည်း ကန့်ကွက်နိုင်ချိန်မှာ အမေရိကန်သမ္မတ Joe Biden ဘက်ကတော့ ယူကရိန်းကို G-20 မှာ လေ့လာသူအဖြစ် ပေးတက်ဖို့ ပြီးခဲ့တဲ့လက အဆိုပြုထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာပဲ အင်ဒိုနီးရှားအနေနဲ့ ရုရှားရဲ့ ယူကရိန်းကျုးကျော်မှုအပေါ် ကန့်ကွက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် နှစ်ခုကို ထောက်ခံခဲ့ပေမယ့် ကုလလူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ထုတ်ပစ်ဖို့ကိုတော့ တခြား ၅၇ နိုင်ငံနဲ့အတူ မဲမပေးဘဲနေခဲ့ပါတယ်။

#Ukraine #G20 #RussiaInvasion #voaburmese #စက်မှုထိပ်သီး #ယူကရိန်း #ဗွီအိုအေမြန်မာပိုင်း
==================

XS
SM
MD
LG