သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အဓိကရုဏ်း ၁၈ ဦးထက်မနည်းသေ


ယူကရိန်းနိုင်ငံ Kyiv မြို့လည်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေကို မီးလောင်ဗုံးတွေ အငိုက်မိ အံ့အားသင့်သွားစေတဲ့ ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ရာမှာ လူပေါင်း ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦး ပါဝင်ပါတယ်။

သေဆုံးတဲ့သူအများစုဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ပြီး လူပေါင်း ရာနဲ့ချီပြီးတော့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအထဲမှာ ဒါဇင်နဲ့ချီတဲ့သူတွေဟာ စိုးရိမ်စရာ အခြေနေရှိတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကလည်း မီးလောင်ဗုံးတွေ ကျောက်ခဲတွေ အသုံးပြုပြီးတော့ ရဲတွေကို ပြန်လည် ခုခံခဲ့ကြပါတယ်။ ရဲတွေက Kyiv မြို့လည်ခေါင်က ဆန္ဒပြသူတွေ စခန်းချထားတဲ့ လွတ်လပ်ရေးရင်ပြင် တဝိုက်ကို ဝိုင်းထားကြတာပါ။ ဆန္ဒပြသူတွေဟာ ရဲတွေ ဝင်မလာနိုင်အောင် သစ်သားနဲ့ ကာရံတဲ့ အတားဆီးတွေ ကားတာယာတွေကို မီးရှို့ပြီးတော့ အကာကွယ် ယူထားကြပါတယ်။

ဆန္ဒပြစခန်းတွေထဲမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ထွက်ခွာသွားကြဖို့ အတိုက်ခံခေါင်းဆောင်က နှိုးဆော်နေပါတယ်။ ပြဿနာ ကို ဖြေရှင်းဖို့အတွက် အတိုက်အခံခေါင်းဆောင်နဲ့ သမ္မတ Viktor Yanukovych တို့လည်း ဆွေးနွေးနေကြပါတယ်။

ဒါဟာ ယူကရိန်းနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကနေ ၁၉၉၁ နှစ်မှာ ခွဲထွက်ခဲ့ပြီးတဲ့နောက် အဆိုးရွားဆုံး အဓိကရုဏ်း ဖြစ်ပွားတာဖြစ်ပါတယ်။
XS
SM
MD
LG