ယူကရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လဆန္ဒပြမှုတွေအတွင်းမှာ ဖမ်းဆီးထားသူတွေ ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမဲ့ ဥပဒေတခုကို အတည်ပြုလိုက်ပေမဲ့ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ အစိုးရဆန့်ကျင်သူတွေက ပြောခဲ့ပါတယ်၊ အစိုးရ အဆောက်အဦးတွေထဲ ဝင်ရောက်သိမ်းပိုက် ဆန္ဒပြနေကြတာကို
အဆုံးသတ်ခဲ့ရင် ဖမ်းဆီး ခံထားရတဲ့ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာပေးမဲ့
ဥပဒေကြမ်းကို လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်၊ ခုလို
လွှတ်တော်က အတည်ပြုပေမဲ့ လွှတ်တော် အဆောက်အဦးထဲမှာ ရှိနေတဲ့ ဆန္ဒပြသူတွေက ထွက်သွားဖို့ ငြင်းဆန်ခဲ့ကြပါတယ်၊
အခုလို ဆန္ဒပြသူတွေက ဖယ်ရှားပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို လက်မခံနိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင် အာဆင်ညီ ယက်ဆင်ရယ်ညွခ် Arseniy Yatsenyuk က ပြောကြားခဲ့ပါတယ်၊ တချိန်တည်းမှာပဲ သမ္မတ Viktor Yanukovych ဟာ အသက်ရှုလမ်းကြောင်းမှာ ဖြစ်တဲ့ရောဂါနဲ့ ဖျားနာနေတာကြောင့် ဆေးခွင့်ယူထားတယ်လို့ သမ္မတရဲ့ Website မှာ ဖော်ပြထားပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ခွင့်ယူမှာလဲ ဒီကြားထဲ အလုပ်တွေလုပ်မှာလားဆိုတာကိုတော့ ပြောမထားပါဘူး။