သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခေါင်းဆောင်သစ်နဲ့ သမ္မတပူတင်ဆွေးနွေးလို


ရုရှား သမ္မတ Vladimir Putin (ဧပြီ၊ ၂၇၊ ၂၀၁၉)
ရုရှား သမ္မတ Vladimir Putin (ဧပြီ၊ ၂၇၊ ၂၀၁၉)

ယူကရိန်း ခေါင်းဆောင်သစ်နဲ့ တွေ့ဆုံခဲ့ရင် ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခအရေးကို ဆွေးနွေးမယ်လို့ ရုရှား သမ္မတက ပြောဆိုခဲ့ပါတယ်။ ရုရှား သမ္မတ Vladimir Putin နဲ့ ယူကရိန်း သမ္မတ အဖြစ် ရွေးကောက်ခံထားရသူ Volodymyr Zelenskiy တို့ကြား တွေ့ဆုံ ဆွေးနွေးဖို့ ရက်သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။

ဒီပဋိပက္ခ အရေးမှာ သမ္မတအဖြစ် ရွေးကောက်ခံထားရသူ Zelenskiy ရဲ့ ရပ်တည်ချက်ကို သူသိရှိလိုတယ်လို့ ရုရှား သမ္မတ ပူတင်က မနေ့ စနေနေ့ တရုတ်နိုင်ငံမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေအပေါ် ယူကရိန်း ပြည်သူတွေ ငြီးငွေ့နေကြပြီလို့လည်း ပူတင်က ပြောပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ပြည်သူတွေ အတွက်တင် မဟုတ်ဘဲ ယူကရိန်း ပြည်သူ အားလုံး အတွက် ရုရှား နိုင်ငံသား ပေးနိုင်ရေးကိုလည်း ရုရှား အစိုးရဘက်က စဉ်းစားနေတယ်လို့လည်း ရုရှား သမ္မတက ပြောပါတယ်။

ယူကရိန်း နိုင်ငံ Donetsk နဲ့ Luhansk ဒေသခံတွေကို ရုရှားနိုင်ငံသား ဖြစ်ရေး လုပ်ငန်းစဉ်တွေကို သမ္မတ ပူတင်က ဧပြီလ ၂၄ ရက်နေ့မှာ ဖြေလျှော့ပေးခဲ့တာကြောင့် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။

ယူကရိန်းခေါင်းဆောင်သစ်နဲ့ သမ္မတပူတင်ဆွေးနွေးလို
please wait

No media source currently available

0:00 0:00:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG