သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထောက်ခံသူနဲ့ ဆန့်ကျင်သူ ယူကရိန်းတွေကြား တင်းမာမှုပွား


ရုရှားလိုလားတဲ့သမ္မတ Viktor Yanukovych ကို ဆန့်ကျင်သူတွေ လွတ်လပ်ရေးရင်ပြင်ကို ချီတက်နေစဉ်။
ရုရှားလိုလားတဲ့သမ္မတ Viktor Yanukovych ကို ဆန့်ကျင်သူတွေ လွတ်လပ်ရေးရင်ပြင်ကို ချီတက်နေစဉ်။
ယူကရိန်းနိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ Simferopol မှာ ရုရှားလိုလားတဲ့အုပ်စုတွေနဲ့ အနောက်အုပ်စု လိုလားတဲ့ ကြားဖြတ်အစိုးရကို ထောက်ခံသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။

Crimean ပြည်နယ်မြို့တော်က ကွင်းပြင်မှာ ဆန့်ကျင်ဘက် ၂ ဖွဲ့အကြား အပြန်အလှန် အော်ဟစ်ပြီး ခဲတွေနဲ့ ပစ်ပေါက်နေကြတာမှာ တချို့ ခေါင်းမှာ ခဲမှန်ပြီး သွေးတွေထွက်နေတာကို တွေ့ရပါတယ်။

Crimean ကျွန်းဆွယ်ဒေသမှာ နေထိုင်သူ အများစုဟာ ရုရှားအစိုးရကို ထောက်ခံသူတွေဖြစ်ပေမဲ့ ရုရှားကိုဆန့်ကျင်တဲ့ လူနည်းစု Tatar တွေလည်း ဒီဒေသမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ လူဦးရေ ၄၆ သန်းရှိတဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားလိုလားတဲ့ အရှေ့ဘက်ခြမ်းနဲ့ အီးယူလိုလားတဲ့ အနောက်ဘက်ခြမ်းဆိုပြီး တိုင်းပြည် နှစ်ခြမ်းကွဲမယ့်အရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။

ဒီအတောအတွင်း ယူကရိန်းမှာ ရုရှားလိုလားတဲ့သမ္မတ Viktor Yanukovych ပြုတ်ကျသွားပြီးတဲ့နောက် တိုင်းပြည်အတွင်း အရှေ့ပိုင်း၊ အနောက်ပိုင်းဆိုပြီး ၂ ခြမ်း ကွဲပြားမယ့်အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က ငြင်းဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံမှာ ညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံအပြီး ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောပါတယ်။

ယူကရိန်းနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေဟာ စစ်အေးခေတ်တုန်းက အရှေ့ - အနောက်အုပ်စုတွေ ကွဲပြားနေမှုနဲ့ တူညီတယ်ဆိုတဲ့ ပြောဆိုမှုကို နိုင်ငံခြားရေးဝန်ကြီး Kerry က ပယ်ချလိုက်ပါတယ်။
XS
SM
MD
LG