ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် မကြာခင်က ရရှိထားတဲ့ သဘောတူညီချက်တွေအတိုင်း ရုရှားက ဆောင်ရွက်ပါလို့ အမေရိကန် ဒုသမ္မတ Joe Biden က ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဟာ သူ့ရဲ့ အနာဂတ်ကို ကြိုးစားပုံဖော်နေချိန်မှာ ရုရှားဘက်က ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ပါလို့ ယူကရိန်း ယာယီဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ Kyiv မြို့တော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
“ရုရှားနိုင်ငံအနေနဲ့ ပြောနေတာတွေရပ်ပြီး လက်တွေ့ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။ အစိုးရအဆောက်အဦးတွေ စစ်ဆေးရေးဂိတ်တွေကနေ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ဖယ်ရှားပေးဖို့၊ လွတ်ငြိမ်းခွင့်ပေးထားတာကို လက်ခံဖို့နဲ့ နိုင်ငံရေးအရ နစ်နာမှုတွေကို ဖြေရှင်းဖို့ဆိုတဲ့ ပေးထားတဲ့ ကတိတွေအတိုင်း ဆောင်ရွက်ဖို့ အချိန်တန်ပါပြီလို့ ဒုသမ္မတ Biden က ပြောကြားသွားတာ ဖြစ်ပါတယ်။”
ယူကရိန်းနိုင်ငံဟာ တနိုင်ငံထဲဖြစ်တယ် တနိုင်ငံထဲအဖြစ်လည်း ဆက်လက် တည်ရှိသွားရမယ်လို့ အမေရိကန် ဒုသမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံ လျှောက်လမ်းနေတဲ့လမ်းမှာ အမေရိကန်ကလည်း အတူလိုက်ပါနေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
မေလမှာကျင်းပမယ့် ယူကရိန်းသမ္မတ ရွေးကောက်ပွဲအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်း အပါအဝင် ယူကရိန်းအစိုးရအတွက် ဒေါ်လာ သန်း ၅၀ အမေရိကန်က ပေးမယ်ဆိုတာကိုလည်း အမေရိကန် ဒုတိယသမ္မတ Joe Biden က ယူကရိန်းနိုင်ငံ ရောက်ရှိနေစဉ်မှာ ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ယူကရိန်းကိစ္စကြောင့် ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ကျော်လွှားနိုင်တယ်လို့ ရုရှားလွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ရုရှားလွှတ်တော်ကို ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။