သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Russia Ukraine War

[[Zawgyi/Unicode]]






===========

[[Unicode]]

ယူကရိန်းကို ဒုံးကျည်နဲ့ခဲယမ်းမီးကျောက် ဩစတြေးလျ ကူညီမည်

Australia က ယူကရိန်းအတွက် ဒုံးကျည်နဲ့ ခဲယမ်းမီးကျောက် ထောက်ပံ့ဖို့အတွက် ဒေါ်လာ သန်း ၅၀ အသုံးပြုမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် Scott Morrison က ခုလို ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းက နည်းပညာပိုင်းဆိုင်ရာ အကူအညီပဲ ပေးမယ်လို့ ပြောခဲ့တာကြောင့် ဒါ ဟာ Australia နိုင်ငံ ရဲ့ ယူကရိန်းမူဝါဒ အပြောင်းအလဲ ဖြစ်ပါတယ်။ ပဋိပက္ခက ထွက်ပြေးလာကြသူတွေကို ကူညီဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကို Australia က ဒေါ်လာ ၂၅ သန်း ထောက်ပံ့ခဲ့ပါတယ်။

ဒါပေမယ့် စစ်ပွဲမှာ Australia တပ်တွေ သွားရောက်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် က ဆိုပါတယ်။

ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်းကို မသွားကြဖို့ Australia နိုင်ငံသားတွေကို အစိုးရ က တိုက်တွန်းထားပါတယ်။ Australia နိုင်ငံသားတွေဟာ အခြားနိုင်ငံတနိုင်ငံရဲ့ စစ်သား တရားဝင်မဟုတ်ဘူးဆိုရင် ဘယ်နိုင်ငံသားမှ တခြား နိုင်ငံရဲ့စစ်ထဲမှာမပါရလို့ တားမြစ်ထားကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

#UkraineConflict #AustraliaUkraine #VOABurmese #ယူကရိန်း #သြစတြေးလျ #လက်နက်ခဲယမ်း #ဒုံးကျည် #ဗွီအိုအေ

===========

XS
SM
MD
LG