သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းနဲ႔႐ုရွားၾကား “ဆက္ဆံေရးတံတား” လုပ္ေပးမယ္လို႔ အင္ဒိုသမၼတကမ္းလွမ္း


အင္ဒိုနီးရွားသမၼတ ဂ်ဳိကိုဝီဒိုဒိုနဲ႔ ႐ုရွားသမၼတ ဗလာတီမာပူတင္တို႔ ေမာ္စကိုၿမိဳ႕ ကရင္မလင္မွာေတြ႔ဆံုၿပီး သတင္းစာရွင္းလင္းပြဲ (ဇြန္ ၃၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

အင္ဒိုနီးရွားသမၼတ Joko Widodo က ယူကရိန္းနဲ႔ ႐ုရွား ေခါင္းေဆာင္ေတြၾကားမွာ ဆက္သြယ္ေရးတံတားအျဖစ္ သူ တာဝန္ယူေပးမယ့္အေၾကာင္း ၾကာသပေတးေန႔က ကမ္းလွမ္းလိုက္ပါတယ္။

လက္ရွိ စီးပြါးေရးအင္အားႀကီးႏိုင္ငံ ၂၀ ရဲ႕ ဥကၠ႒ Joko Widodo ဟာ ၾကာသပေတးေန႔က ႐ုရွားသမၼတ Vladimir Putin နဲ႔ ေတြ႕ဆုံၿပီးေနာက္ သတင္းစာဆရာေတြနဲ႔ ေတြ႕ဆုံရာမွာ ခုလိုေျပာခဲ့တာျဖစ္ပါတယ္။

“ကိဗ္ၿမိဳ႕မွာ က်ေနာ္ေျပာခဲ့သလိုပါပဲ၊ လက္ရွိအေျခအေနက ခက္ခဲေနဆဲ ျဖစ္ေပမယ့္ ၿငိမ္းခ်မ္းစြာစကားေျပာေရးကို ေရွ႕တန္းတင္ၿပီး ေဆြးေႏြးပြဲအတြက္ က်ေနာ္တို႔ ဖြင့္ထားၾကရမယ္ဆိုတာကို တစိုက္မတ္မတ္ ေျပာခဲ့ပါတယ္။ ယူကရိန္းသမၼတ Zelenskiy ရဲ႕ သတင္းစကားကို သမၼတပူတင္ဆီကို က်ေနာ္ ေဆာင္က်ဥ္းေပးခဲ့ပါတယ္။ ေခါင္းေဆာင္ ၂ ေယာက္ၾကားမွာ ဆက္သြယ္ေရး တံတားအျဖစ္ က်ေနာ္ ေဆာင္႐ြက္ေပးဖို႔ အဆင္သင့္ရွိေၾကာင္း ေျပာခဲ့ပါတယ္။” လို႔ အင္ဒိုနီးရွားသမၼတ Widodo က ေျပာခဲ့တာပါ။

သမၼတဝီဒိုဒိုဟာ ဇြန္လ ၂၉ ရက္ေန႔ က ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္ ဂ်ာမနီႏိုင္ငံမွာက်င္းပခဲ့တဲ့ G7 ထိပ္သီးညီလာခံကို သြားေရာက္ခဲ့ၿပီးေနာက္ ယူကရိန္းကို ခရီးဆက္ခဲ့တာ ျဖစ္ပါတယ္။

႐ုရွားကို ယူကရိန္းက တိုက္ခိုက္တဲ့စစ္ေၾကာင့္ ကမာၻ႔ စားနပ္ရိကၡာ အက်ပ္အတည္းကို ဆိုးဝါးေစခဲ့ပါတယ္။ သီးႏွံ၊ စားသုံးဆီ၊ ေလာင္စာဆီ၊ ဓာတ္ေငြ႕နဲ႔ ဓာတ္ျမၾသဇာေဈးေတြတက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ယူကရိန်းနဲ့ရုရှားကြား ဆက်ဆံရေးလုပ်ပေးမယ်လို့ အင်ဒိုသမ္မတကမ်းလှမ်း


အင်ဒိုနီးရှားသမ္မတ Joko Widodo က ယူကရိန်းနဲ့ ရုရှား ခေါင်းဆောင်တွေကြားမှာ ဆက်သွယ်ရေးတံတားအဖြစ် သူ တာဝန်ယူပေးမယ့်အကြောင်း ကြာသပတေးနေ့က ကမ်းလှမ်းလိုက်ပါတယ်။

လက်ရှိ စီးပွါးရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ ဥက္ကဋ္ဌ Joko Widodo ဟာ ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပြီးနောက် သတင်းစာဆရာတွေနဲ့ တွေ့ဆုံရာမှာ ခုလိုပြောခဲ့တာဖြစ်ပါတယ်။

“ကိဗ်မြို့မှာ ကျနော်ပြောခဲ့သလိုပါပဲ၊ လက်ရှိအခြေအနေက ခက်ခဲနေဆဲ ဖြစ်ပေမယ့် ငြိမ်းချမ်းစွာစကားပြောရေးကို ရှေ့တန်းတင်ပြီး ဆွေးနွေးပွဲအတွက် ကျနော်တို့ ဖွင့်ထားကြရမယ်ဆိုတာကို တစိုက်မတ်မတ် ပြောခဲ့ပါတယ်။ ယူကရိန်းသမ္မတ Zelenskiy ရဲ့ သတင်းစကားကို သမ္မတပူတင်ဆီကို ကျနော် ဆောင်ကျဉ်းပေးခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြားမှာ ဆက်သွယ်ရေး တံတားအဖြစ် ကျနော် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိကြောင်း ပြောခဲ့ပါတယ်။” လို့ အင်ဒိုနီးရှားသမ္မတ Widodo က ပြောခဲ့တာပါ။

သမ္မတဝီဒိုဒိုဟာ ဇွန်လ ၂၉ ရက်နေ့ က ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ G7 ထိပ်သီးညီလာခံကို သွားရောက်ခဲ့ပြီးနောက် ယူကရိန်းကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားကို ယူကရိန်းက တိုက်ခိုက်တဲ့စစ်ကြောင့် ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ဆိုးဝါးစေခဲ့ပါတယ်။ သီးနှံ၊ စားသုံးဆီ၊ လောင်စာဆီ၊ ဓာတ်ငွေ့နဲ့ ဓာတ်မြသြဇာဈေးတွေတက်ခဲ့ပါတယ်။

XS
SM
MD
LG