သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကို သံတမန္ေရးနဲ႔စီးပြားေရးဖိအားတိုးလာ


ဘဲလား႐ုစ္ႏိုင္ငံ၊ ဂိုမဲလ္ေဒသတြင္းမွာ ႐ုရွားကိုယ္စားလွယ္အဖြဲ႔နဲ႔ေတြ႔ဆံုေဆြးေႏြးမယ့္ ယူကရိန္းကိုယ္စားလွယ္အဖြဲ႔ (ေဖေဖၚဝါရီ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တာ တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားအေပၚ သံတမန္ေရးနဲ႔ စီးပြါးေရးပိတ္ဆို႔အေရးယူတာေတြ တိုးမ်ားလာေနသလို ကုလသမဂၢ အေထြေထြညီလာခံကိုလည္း တနလၤာေန႔မွာ က်င္းပဖို႔ ေခၚယူထားပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကလည္း ႐ုရွားကို တုံ႔ျပန္ရာမွာ တညီတၫြတ္တည္းရွိဖို႔ မဟာမိတ္တခ်ိဳ႕နဲ႔ တနလၤာေန႔မွာ ဖုန္းနဲ႔ ေဆြးေႏြးၾကမယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။

က်ဴးေက်ာ္ၿပီး ငါးရက္ေျမာက္ေန႔မွာ ႐ုရွားေငြတန္ဖိုးထိုးက်သြားၿပီး ႐ုရွားရဲ႕ ထိုးစစ္က ေႏွးသြားခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ေျပာပါတယ္။

႐ုရွားတပ္ေတြက ကိဗ္ၿမိဳ႕နဲ႔ ကီလိုမီတာ ၃၀ ေက်ာ္မွာပဲ ရွိေနဆဲျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ ေျပာပါတယ္။ ႐ုရွား ရဲ႕ ေထာက္ပံ့ပို႔ေဆာင္ေရး က်ဆုံးမႈနဲ႔ ယူကရိန္းရဲ႕ ႀကံ့ႀကံ့ခံ တြန္းလွန္မႈေၾကာင့္ ႐ုရွားတပ္ေတြ ေရွ႕မတိုးႏိုင္တာ ျဖစ္တယ္လို႔ဆိုပါတယ္။

ယူကရိန္းမီဒီယာေတြနဲ႔ လူမႈကြန္ယက္စာမ်က္ႏွာေတြကို ကိုးကားၿပီး ႐ုရွား တပ္ေတြက ယူကရိန္းရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ Kharkiv ကို ဝင္ေရာက္သြားခဲ့တယ္လို႔ မေန႔က ေအပီသတင္းဌာနက ေျပာပါတယ္။ ဒါေပမယ့္ “ဘယ္ၿမိဳ႕ ကိုမွ ႐ုရွားစစ္တပ္က ထိန္းခ်ဳပ္ႏိုင္တာကို ျပတာ က်ေနာ္တို႔ မရရွိေသးဘူး။”
လို႔ အေမရိကန္ အႀကီးတန္း တာဝန္ရွိသူတေယာက္က သတင္းေထာက္ေတြကို တနဂၤေႏြေန႔က ေျပာပါတယ္။

႐ုရွားဗဟိုဘဏ္၊ ဘ႑ာေရး ဝန္ႀကီးဌာန၊ ႐ုရွားရင္းႏွီးျမႇဳပ္ႏွံမႈ ရံပုံေငြ အဖြဲ႔ေတြနဲ႔ ေငြေပးေငြယူ မလုပ္ရ-လို႔ ၿဗိတိန္အဖြဲ႕အစည္းေတြကို ၿဗိတိန္အစိုးရ က တားျမစ္လိုက္ပါတယ္။ ဘဏ္ လႊဲေျပာင္းမႈေတြ နဲ႔ ႐ုရွားပို႔ကုန္ေတြ အေပၚ ပိတ္ဆို႔ အေရးယူတာပါဝင္တဲ့ ပိတ္ဆို႔အေရးယူေရးတရပ္ကို စကၤာပူ ႏိုင္ငံက ေၾကညာလိုက္ပါတယ္။

ကေနဒါ ႏိုင္ငံကလည္း ႐ုရွား ေလယာဥ္ေတြ ကေနဒါ ေဝဟင္ထဲ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရုရှားကို သံတမန်ရေးနဲ့စီးပွားရေးဖိအားတိုးလာ

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် သံတမန်ရေးနဲ့ စီးပွါးရေးပိတ်ဆို့အရေးယူတာတွေ တိုးများလာနေသလို ကုလသမဂ္ဂ အထွေထွေညီလာခံကိုလည်း တနင်္လာနေ့မှာ ကျင်းပဖို့ ခေါ်ယူထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ရုရှားကို တုံ့ပြန်ရာမှာ တညီတညွတ်တည်းရှိဖို့ မဟာမိတ်တချို့နဲ့ တနင်္လာနေ့မှာ ဖုန်းနဲ့ ဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ကျူးကျော်ပြီး ငါးရက်မြောက်နေ့မှာ ရုရှားငွေတန်ဖိုးထိုးကျသွားပြီး ရုရှားရဲ့ ထိုးစစ်က နှေးသွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားတပ်တွေက ကိဗ်မြို့နဲ့ ကီလိုမီတာ ၃၀ ကျော်မှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။ ရုရှား ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ကျဆုံးမှုနဲ့ ယူကရိန်းရဲ့ ကြံ့ကြံ့ခံ တွန်းလှန်မှုကြောင့် ရုရှားတပ်တွေ ရှေ့မတိုးနိုင်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ယူကရိန်းမီဒီယာတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ကိုးကားပြီး ရုရှား တပ်တွေက ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ Kharkiv ကို ဝင်ရောက်သွားခဲ့တယ်လို့ မနေ့က အေပီသတင်းဌာနက ပြောပါတယ်။ ဒါပေမယ့် “ဘယ်မြို့ ကိုမှ ရုရှားစစ်တပ်က ထိန်းချုပ်နိုင်တာကို ပြတာ ကျနော်တို့ မရရှိသေးဘူး။”
လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတယောက်က သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောပါတယ်။

ရုရှားဗဟိုဘဏ်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုရှားရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့တွေနဲ့ ငွေပေးငွေယူ မလုပ်ရ-လို့ ဗြိတိန်အဖွဲ့အစည်းတွေကို ဗြိတိန်အစိုးရ က တားမြစ်လိုက်ပါတယ်။ ဘဏ် လွှဲပြောင်းမှုတွေ နဲ့ ရုရှားပို့ကုန်တွေ အပေါ် ပိတ်ဆို့ အရေးယူတာပါဝင်တဲ့ ပိတ်ဆို့အရေးယူရေးတရပ်ကို စင်္ကာပူ နိုင်ငံက ကြေညာလိုက်ပါတယ်။

ကနေဒါ နိုင်ငံကလည်း ရုရှား လေယာဉ်တွေ ကနေဒါ ဝေဟင်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

=============

XS
SM
MD
LG