သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ႀကီးေတြကို ႐ုရွားတပ္ဖြဲ႔ေတြ တိုက္ခိုက္


Kyiv ၿမိဳ႕ျပင္မွာ တိုက္ခုိက္ခံရလို႔ ပ်က္စီးေလာင္ကၽြမ္းကုန္တဲ့ကားေတြ (ေဖေဖၚဝါရီ ၂၈၊ ၂၀၂၂) 


[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံနဲ႔ ေနာက္တေက်ာ့ ေဆြးေႏြးေျပာဆိုဖို႔ အဆင္သင့္ရွိေနတယ္လို႔ ႐ုရွားတာဝန္ရွိသူေတြက ေျပာေနခ်ိန္မွာပဲ ယူကရိန္းၿမိဳ႕ႀကီးအမ်ားအျပားကို ႐ုရွားတပ္ဖြဲ႕ေတြ ဒီကေန႔ဆက္ၿပီး တိုက္ခိုက္ေနပါတယ္။

ဒီအေတာအတြင္းမွာပဲ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တိုက္ခိုက္မႈအေပၚ ေန႔စဥ္ ဆႏၵျပကန႔္ကြက္ၾကဖို႔ ႐ုရွား အဓိကအတိုက္အခံ ေခါင္းေဆာင္တေယာက္က ႐ုရွားလူထုနဲ႔ ကမာၻတဝန္းကို တိုက္တြန္းလိုက္ပါတယ္။

ဒီကေန႔တိုက္ခိုက္ခံရတဲ့ထဲမွာ ယူကရိန္းအေရွ႕ေတာင္ပိုင္းက Mariupol ဆိပ္ကမ္းၿမိဳ႕လည္းပါဝင္ၿပီး ေတာင္ပိုင္းက Kherson ၿမိဳ႕ကို သိမ္းလိုက္ၿပီလို႔ ႐ုရွားစစ္တပ္က ေျပာတာကိုေတာ့ အတည္ျပဳလို႔ မရေသးပါဘူး။

အဂၤါေန႔မွာ ကိဗ္ၿမိဳ႕ေတာ္က Babi Yar ဟိုလိုေကာ့စ္ အထိမ္းအမွတ္ေနရာအနီးမွာရွိတဲ့ ႐ုပ္ျမင္သံၾကားထုတ္လႊင့္တဲ့ တာဝါတိုင္တခု ဖ်က္ဆီးခံခဲ့ရတာကို ဒီကေန႔ ထုတ္ျပန္တဲ့ ဗြီဒီယိုထဲမွာ သမၼတ Volodymyr Zelenskyy က ျပန္ေျပာထားပါတယ္။

“ဒါဟာ လူ႔ယဥ္ေက်းမႈနဲ႔ လုံးဝမကိုက္ညီပါဘူး။ ဒီလို ဒုံးက်ည္တိုက္ခိုက္မႈမ်ိဳးက က်ေနာ္တို႔ရဲ႕ ကိဗ္ၿမိဳ႕ေတာ္ဟာ ႐ုရွားအေတာ္မ်ားမ်ားအတြက္ ဘယ္လိုမွ မသိနားမလည္ႏိုင္တဲ့ၿမိဳ႕ ျဖစ္တယ္ဆိုတာ ျပေနပါတယ္။ က်ေနာ္တို႔ရဲ႕ ၿမိဳ႕ေတာ္အေၾကာင္း၊ က်ေနာ္တို႔ရဲ႕ ရာဇဝင္သမိုင္းအေၾကာင္း သူတို႔ ဘာမွမသိပါဘူး။ က်ေနာ္တို႔ရဲ႕ သမိုင္းေၾကာင္း၊ က်ေနာ္တို႔ႏိုင္ငံနဲ႔ က်ေနာ္တို႔အားလုံးကို လက္စတုံးပစ္ဖို႔ သူတို႔ အမိန႔္ရထားတာပါပဲ” လို႔ သမၼတ Zelenskyy ကေျပာပါတယ္။

ကိုယ္တိုင္က ဂ်ဴးလူမ်ိဳးတဦးျဖစ္တဲ့ သမၼတ Zelenskyy က ကမာၻတဝန္းက ဂ်ဴးေတြအေနနဲ႔ ယူကရိန္းမွာ ျဖစ္ပ်က္ေနတာေတြအေပၚ ဆိတ္ဆိတ္မေနၾကဖို႔ ေတာင္းဆိုထားပါတယ္။ “ဆိတ္ဆိတ္ေနတာေၾကာင့္ နာဇီဝါဒ ေပၚလာတာပါ။ အရပ္ သားေတြကို သတ္ျဖတ္ေနတဲ့အေပၚ ေအာ္ဟစ္ ေျပာဆိုၾကပါ၊ ယူကရိန္းေတြကို သတ္ျဖတ္ေနတဲ့အေပၚ ေအာ္ဟစ္ေျပာဆိုၾကပါ” လို႔ သမၼတ Zelenskyy က တိုက္တြန္းထားပါတယ္။

႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ဟာ ႐ုရွားလူမ်ိဳးမဟုတ္တဲ့အေၾကာင္းနဲ႔ ဒီက်ဴးေက်ာ္မႈကို စုေဝးၿပီး ဆန႔္က်င္ကန႔္ကြက္ဖို႔ လူထုက ေနာက္ထပ္ ေစာင့္မေနႏိုင္ေတာ့ဘူးလို႔ ထင္ရွားတဲ့ ႐ုရွားအတိုက္အခံေခါင္းေဆာင္ Alexey Navalny ရဲ႕ ေျပာခြင့္ရတဦးက Navalny ရဲ႕ Twitter မွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ယူကရိန်းမြို့ကြီးတွေကို ရုရှားတပ်ဖွဲ့တွေ တိုက်ခိုက်

ယူကရိန်းနိုင်ငံနဲ့ နောက်တကျော့ ဆွေးနွေးပြောဆိုဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောနေချိန်မှာပဲ ယူကရိန်းမြို့ကြီးအများအပြားကို ရုရှားတပ်ဖွဲ့တွေ ဒီကနေ့ဆက်ပြီး တိုက်ခိုက်နေပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုအပေါ် နေ့စဉ် ဆန္ဒပြကန့်ကွက်ကြဖို့ ရုရှား အဓိကအတိုက်အခံ ခေါင်းဆောင်တယောက်က ရုရှားလူထုနဲ့ ကမ္ဘာတဝန်းကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့တိုက်ခိုက်ခံရတဲ့ထဲမှာ ယူကရိန်းအရှေ့တောင်ပိုင်းက Mariupol ဆိပ်ကမ်းမြို့လည်းပါဝင်ပြီး တောင်ပိုင်းက Kherson မြို့ကို သိမ်းလိုက်ပြီလို့ ရုရှားစစ်တပ်က ပြောတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

အင်္ဂါနေ့မှာ ကိဗ်မြို့တော်က Babi Yar ဟိုလိုကော့စ် အထိမ်းအမှတ်နေရာအနီးမှာရှိတဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ တာဝါတိုင်တခု ဖျက်ဆီးခံခဲ့ရတာကို ဒီကနေ့ ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ သမ္မတ Volodymyr Zelenskyy က ပြန်ပြောထားပါတယ်။

“ဒါဟာ လူ့ယဉ်ကျေးမှုနဲ့ လုံးဝမကိုက်ညီပါဘူး။ ဒီလို ဒုံးကျည်တိုက်ခိုက်မှုမျိုးက ကျနော်တို့ရဲ့ ကိဗ်မြို့တော်ဟာ ရုရှားအတော်များများအတွက် ဘယ်လိုမှ မသိနားမလည်နိုင်တဲ့မြို့ ဖြစ်တယ်ဆိုတာ ပြနေပါတယ်။ ကျနော်တို့ရဲ့ မြို့တော်အကြောင်း၊ ကျနော်တို့ရဲ့ ရာဇဝင်သမိုင်းအကြောင်း သူတို့ ဘာမှမသိပါဘူး။ ကျနော်တို့ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့အားလုံးကို လက်စတုံးပစ်ဖို့ သူတို့ အမိန့်ရထားတာပါပဲ” လို့ သမ္မတ Zelenskyy ကပြောပါတယ်။

ကိုယ်တိုင်က ဂျူးလူမျိုးတဦးဖြစ်တဲ့ သမ္မတ Zelenskyy က ကမ္ဘာတဝန်းက ဂျူးတွေအနေနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတာတွေအပေါ် ဆိတ်ဆိတ်မနေကြဖို့ တောင်းဆိုထားပါတယ်။ “ဆိတ်ဆိတ်နေတာကြောင့် နာဇီဝါဒ ပေါ်လာတာပါ။ အရပ် သားတွေကို သတ်ဖြတ်နေတဲ့အပေါ် အော်ဟစ် ပြောဆိုကြပါ၊ ယူကရိန်းတွေကို သတ်ဖြတ်နေတဲ့အပေါ် အော်ဟစ်ပြောဆိုကြပါ” လို့ သမ္မတ Zelenskyy က တိုက်တွန်းထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ရုရှားလူမျိုးမဟုတ်တဲ့အကြောင်းနဲ့ ဒီကျူးကျော်မှုကို စုဝေးပြီး ဆန့်ကျင်ကန့်ကွက်ဖို့ လူထုက နောက်ထပ် စောင့်မနေနိုင်တော့ဘူးလို့ ထင်ရှားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ရဲ့ ပြောခွင့်ရတဦးက Navalny ရဲ့ Twitter မှာ ရေးထားပါတယ်။
============

XS
SM
MD
LG