သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအက်ပ္အတည္း ေရနံစိမ္းေစ်းတက္


UKRAINE-CRISIS/USA-ENERGY

[[Zawgyi/Unicode]]

ယူကရိန္းအၾကပ္အတည္းေတြ ပိုၿပီးနက္ရႈိင္းလာတာနဲ႔အမွ် ရုရွားအေပၚ တင္းၾကပ္ တဲ့ ပိတ္ဆုိ႔ဒဏ္ခတ္မႈတိုးလုပ္ဖို႔ ေတာင္းဆုိသံေတြ ပိုၿပီးက်ယ္ေလာင္လာခ်ိန္မွာပဲ Brent ေရနံစိမ္းေစ်းေတြ ၁၂ ရာခုိင္ႏႈန္းေက်ာ္ တက္လာပါတယ္။

Brent ေရနံစိမ္းတစည္ကို ေဒၚလာ ၁၀ ေက်ာ္ေစ်းတက္ၿပီး ေဒၚလာ ၁၂၀ ေက်ာ္ထိ ေစ်းေပါက္ခဲ့ပါတယ္။ မဟာဗ်ဴဟာအရ အေရးပါတဲ့ေနရာေတြကို ရုရွားတို႔ က်ဴးေက်ာ္သိမ္းပိုက္ေနခ်ိန္မွာပဲ ယူကရိန္းရဲ ႔ အခ်ဳပ္အျခာအာဏာပုိင္အျဖစ္ ရပ္တည္မႈကို ရုရွားသမၼတ ဗလာဒီမိီယာပူတင္ ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္လာၿပီးတဲ့ေနာက္ ေရနံေစ်းေတြ ထိုးတက္လာတာပါ။

ဂ်ာမနီ DAX အစုရွယ္ယာေစ်းေတြ ၅ ရာခုိင္ႏႈန္းနီးပါးေစ်းက်ခဲ့သလို ဥေရာပနဲ႔ အာရွ အစုရွယ္ယာေစ်းကြက္ေတြလည္း မၿငိမ္မသက္ျဖစ္ေနၿပိး အေမရိကန္ ႀကိဳေရာင္း ႀကိဳဝယ္ရွယ္ယာေစ်းေတြလည္း အက်ဘက္ကိုဦးတည္ေနတာပါ။ ေမာ္စကို အစုရွယ္ယာေစ်းကေတာ့ တနလၤာေန႔မွာ ပိတ္ထားပါတယ္။

ေရႊေစ်းေတြလည္းတက္ေနၿပီး တေအာင္စကို ၂၅ ေဒၚလာထိ ေစ်းတက္လာတဲ့အတြက္ လက္ရွိေရႊတေအာင္စ ၁၉၉၂. ၉ ေဒၚလာေစ်းေပါက္ပါတယ္။ ယူကရိန္းအၾကပ္အတည္းေၾကာင့္ ေရနံေစ်းေတြတက္ေနခ်ိန္မွာပဲ လစ္ဗ်ားႏုိင္ငံက နုိင္ငံပိုင္ေရနံ ကုမၸဏီတခုကို လစ္ဗ်ားလက္နက္ကုိင္ေတြပိတ္ပစ္ခဲ့တဲ့အတြက္ ေရနံနဲ႔ပတ္သက္တဲ့ ဖိအားေတြ ထပ္ၿပီးတိုးလာေနပါတယ္။

ယူကရိန္းအက်ပ္အတည္း ေရနံစိမ္းေဈးတက္
please wait

No media source currently available

0:00 0:01:07 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ယူကရိန်းအကျပ်အတည်း ရေနံစိမ်းဈေးတက်

ယူကရိန်းအကြပ်အတည်းတွေ ပိုပြီးနက်ရှိုင်းလာတာနဲ့အမျှ ရုရှားအပေါ် တင်းကြပ် တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတိုးလုပ်ဖို့ တောင်းဆိုသံတွေ ပိုပြီးကျယ်လောင်လာချိန်မှာပဲ Brent ရေနံစိမ်းဈေးတွေ ၁၂ ရာခိုင်နှုန်းကျော် တက်လာပါတယ်။

Brent ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၀ ကျော်ဈေးတက်ပြီး ဒေါ်လာ ၁၂၀ ကျော်ထိ ဈေးပေါက်ခဲ့ပါတယ်။ မဟာဗျူဟာအရ အရေးပါတဲ့နေရာတွေကို ရုရှားတို့ ကျူးကျော်သိမ်းပိုက်နေချိန်မှာပဲ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်အဖြစ် ရပ်တည်မှုကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်လာပြီးတဲ့နောက် ရေနံဈေးတွေ ထိုးတက်လာတာပါ။

ဂျာမနီ DAX အစုရှယ်ယာဈေးတွေ ၅ ရာခိုင်နှုန်းနီးပါးဈေးကျခဲ့သလို ဥရောပနဲ့ အာရှ အစုရှယ်ယာဈေးကွက်တွေလည်း မငြိမ်မသက်ဖြစ်နေပြိး အမေရိကန် ကြိုရောင်း ကြိုဝယ်ရှယ်ယာဈေးတွေလည်း အကျဘက်ကိုဦးတည်နေတာပါ။ မော်စကို အစုရှယ်ယာဈေးကတော့ တနင်္လာနေ့မှာ ပိတ်ထားပါတယ်။

ရွှေဈေးတွေလည်းတက်နေပြီး တအောင်စကို ၂၅ ဒေါ်လာထိ ဈေးတက်လာတဲ့အတွက် လက်ရှိရွှေတအောင်စ ၁၉၉၂. ၉ ဒေါ်လာဈေးပေါက်ပါတယ်။ ယူကရိန်းအကြပ်အတည်းကြောင့် ရေနံဈေးတွေတက်နေချိန်မှာပဲ လစ်ဗျားနိုင်ငံက နိုင်ငံပိုင်ရေနံ ကုမ္ပဏီတခုကို လစ်ဗျားလက်နက်ကိုင်တွေပိတ်ပစ်ခဲ့တဲ့အတွက် ရေနံနဲ့ပတ်သက်တဲ့ ဖိအားတွေ ထပ်ပြီးတိုးလာနေပါတယ်။
===========

XS
SM
MD
LG