သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတ Macron ႐ုရွားသမၼတကို ဖုံးေခၚယူေဆြးေႏြး


႐ုရွားသမၼတပူတင္နဲ႔ ျပင္သစ္သမၼတ မာခရြန္ (ဝဲမွယာ)

[[Zawgyi/Unicode]]

ျပင္သစ္သမၼတ Macron ရဲ႕ ေတာင္းဆိုခ်က္အရ ႐ုရွားသမၼတပူတင္နဲ႔ မက္ခ႐ြန္ တို႔ဟာ တနဂၤေႏြေန႔က ၂ နာရီ ၾကာ ဖုန္းနဲ႔ စကားေျပာခဲ့ၾကပါတယ္။ ဒါဟာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔ ယူကရိန္းကို ႐ုရွားက စတင္က်ဴးေက်ာ္ခ်ိန္ကတည္းကဆိုရင္ ေလးႀကိမ္ေျမာက္ စကားေျပာတာ ျဖစ္ပါတယ္။

မက္ခ႐ြန္ဟာ တျခားကမာၻ႔ေခါင္းေဆာင္ေတြလိုမဟုတ္ဘဲ ႐ုရွားသမၼတပူတင္နဲ႔ ဆက္သြယ္ေရးလိုင္းဖြင့္ထားသူ ျဖစ္ပါတယ္။ တျခား ေနာက္ ေခါင္းေဆာင္တေယာက္ကေတာ့ အစၥေရးဝန္ႀကီးခ်ဳပ္ Naftali Bennett ျဖစ္ပါတယ္။ သူကလည္း စေနေန႔က ေမာ္စကို-ကိုသြားၿပီး သမၼတပူတင္နဲ႔ ေတြ႔ဆုံခဲ့သလို တနဂၤေႏြေန႔ က လည္း ဖုန္းနဲ႔ စကားေျပာခဲ့ပါေသးတယ္။

ေဆြး‌ေႏြးၾကတဲ့အေၾကာင္းအရာေတြကေတာ့ အပစ္အခတ္ရပ္စဲေရး၊ ၿမိဳ႕ေတြမွာ ပိတ္မိေနၾကတဲ့ အရပ္သားေတြ ထြက္ခြါႏိုင္ေရးနဲ႔ လူသားခ်င္း စာနာေထာက္ထားေရး ကိစၥေတြ ျဖစ္ၾကပါတယ္။ ျပင္သစ္သမၼတမက္ခ႐ြန္ကေတာ့ ယူကရိန္း ႏ်ဴကလီယားဓာတ္ေပါင္းဖို လုံၿခဳံေရးကိစၥလည္း ပါဝင္တယ္လို႔ Atlantic Council အဖြဲ႔ရဲ႕ ဥေရာပဆိုင္ရာ အႀကီးတန္းညႊန္ၾကားေရးမႉး Benjamin Haddad က ေျပာပါတယ္။

မက္ခ႐ြန္ဟာ အေနာက္ႏိုင္ငံေတြအတြက္ သံတမန္ေရးလမ္းေၾကာင္းကို ဆက္ဖြင့္ေနတာ ျဖစ္ၿပီး ပူတင္ရဲ႕စိတ္အထာကို အေနာက္ႏိုင္ငံေတြက သိခြင့္ရခဲ့တယ္လို႔ သူက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ပြင်သစ်သမ္မတ Macron ရုရှားသမ္မတကို ဖုံးခေါ်ယူဆွေးနွေး

ပြင်သစ်သမ္မတ Macron ရဲ့ တောင်းဆိုချက်အရ ရုရှားသမ္မတပူတင်နဲ့ မက်ခရွန် တို့ဟာ တနင်္ဂနွေနေ့က ၂ နာရီ ကြာ ဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ချိန်ကတည်းကဆိုရင် လေးကြိမ်မြောက် စကားပြောတာ ဖြစ်ပါတယ်။

မက်ခရွန်ဟာ တခြားကမ္ဘာ့ခေါင်းဆောင်တွေလိုမဟုတ်ဘဲ ရုရှားသမ္မတပူတင်နဲ့ ဆက်သွယ်ရေးလိုင်းဖွင့်ထားသူ ဖြစ်ပါတယ်။ တခြား နောက် ခေါင်းဆောင်တယောက်ကတော့ အစ္စရေးဝန်ကြီးချုပ် Naftali Bennett ဖြစ်ပါတယ်။ သူကလည်း စနေနေ့က မော်စကို-ကိုသွားပြီး သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့သလို တနင်္ဂနွေနေ့ က လည်း ဖုန်းနဲ့ စကားပြောခဲ့ပါသေးတယ်။

ဆွေး‌နွေးကြတဲ့အကြောင်းအရာတွေကတော့ အပစ်အခတ်ရပ်စဲရေး၊ မြို့တွေမှာ ပိတ်မိနေကြတဲ့ အရပ်သားတွေ ထွက်ခွါနိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး ကိစ္စတွေ ဖြစ်ကြပါတယ်။ ပြင်သစ်သမ္မတမက်ခရွန်ကတော့ ယူကရိန်း နျူကလီယားဓာတ်ပေါင်းဖို လုံခြုံရေးကိစ္စလည်း ပါဝင်တယ်လို့ Atlantic Council အဖွဲ့ရဲ့ ဥရောပဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Benjamin Haddad က ပြောပါတယ်။

မက်ခရွန်ဟာ အနောက်နိုင်ငံတွေအတွက် သံတမန်ရေးလမ်းကြောင်းကို ဆက်ဖွင့်နေတာ ဖြစ်ပြီး ပူတင်ရဲ့စိတ်အထာကို အနောက်နိုင်ငံတွေက သိခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။

===========

XS
SM
MD
LG