သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Mariupol ၿမိဳ႕ထဲ ပိတ္မိေနတဲ့ ယူကရိန္းတိုက္ခိုက္ေရးသမားေတြကို ကယ္တင္


ယူကရိန္းႏိုင္ငံ Mariupol ၿမိဳ႕ Azovstal သံမဏိစက္ရံုထဲမွာက်န္ေနတဲ့ ယူကရိန္းတိုက္ခိုက္ေရးသမားေတြကို ကယ္ထုတ္လာစဥ္။ (ေမ ၁၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံ Mariupol ၿမိဳ႕ Azovstal သံမဏိစက္ရံုထဲမွာက်န္ေနတဲ့ ယူကရိန္းတိုက္ခိုက္ေရးသမားေတြကို ကယ္ထုတ္ႏိုင္ဖို႔ ယူကရန္းစစ္တပ္က ႀကိဳးစားေနပါတယ္။

႐ုရွားတပ္ေတြဝိုင္းထားၿပီး ဗံုးႀကဲတိုက္ခိုက္ေနတဲ့ ဆိပ္ကမ္းၿမိဳ႕က သံမဏိစက္ရံုဝန္းထဲရွိေနၾကတ့ဲ တိုက္ခိုက္ေရးသမား ၂၆၀ ေက်ာ္ကို တနလၤာေန႔က ကယ္ဆယ္ခဲ့တယ္လို႔ ယူကရိန္းတာဝန္ရွိသူေတြက ေျပာပါတယ္။ ဒဏ္ရာျပင္းထန္သူ ၅၃ ေယာက္ကို Mariupol ၿမိဳ႕အေရွ႕ဘက္မွာရွိတဲ့ Novoazovsk ၿမိဳ႕ ေဆးရံုကို ပို႔ေပးခဲ့ရတယ္လို႔ ယူကရိန္း ဒုတိယကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ အဲဒီၿမိဳ႕ဟာ ႐ုရွားတပ္ေတြနဲ႔ ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ျဖစ္ပါတယ္။

ယူကရိန္းတိုက္ခိုက္ေရးသမား ၂၁၁ ေယာက္ကိုလည္း ႐ုရွားေထာက္ခံတဲ့ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားတဲ့ Olenivka ၿမိဳ႕ကို ေခၚသြားခဲ့ရတယ္လို႔ ဒုကာကြယ္ေရး ဝန္ႀကီးက ေျပာၿပီး အခုလို ကယ္ထုတ္ခဲ့ရသူေတြကို ႐ုရွားအက်ဥ္းသားေတြနဲ႔ အလဲအလွယ္လုပ္တာခံရႏိုင္တယ္လို႔လည္း သူကေျပာပါတယ္။ ယူကရိန္းက သူရဲေကာင္းေတြအားလံုးကို အသက္ရွင္ေနဖို႔လိုတယ္ဆိုတာ သမၼတ Volodymyr Zelenskyy က ႏိုင္ငံကို ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေျပာၾကားခဲ့ၿပီး သူတို႔အိမ္ျပန္ေရာက္ေရး စစ္တပ္နဲ႔ ေထာက္လွမ္းေရးက ေဆာင္ရြက္ေနတဲ့ စစ္ဆင္ေရးဟာ သိပ္ကို သိမ္ေမြ႕ခက္ခဲတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

Mariupol မြို့ထဲ ပိတ်မိနေတဲ့ ယူကရိန်းတိုက်ခိုက်ရေးသမားတွေကို ကယ်တင်

ယူကရိန်းနိုင်ငံ Mariupol မြို့ Azovstal သံမဏိစက်ရုံထဲမှာကျန်နေတဲ့ ယူကရိန်းတိုက်ခိုက်ရေးသမားတွေကို ကယ်ထုတ်နိုင်ဖို့ ယူကရန်းစစ်တပ်က ကြိုးစားနေပါတယ်။

ရုရှားတပ်တွေဝိုင်းထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ ဆိပ်ကမ်းမြို့က သံမဏိစက်ရုံဝန်းထဲရှိနေကြတဲ့ တိုက်ခိုက်ရေးသမား ၂၆၀ ကျော်ကို တနင်္လာနေ့က ကယ်ဆယ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာပြင်းထန်သူ ၅၃ ယောက်ကို Mariupol မြို့အရှေ့ဘက်မှာရှိတဲ့ Novoazovsk မြို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အဲဒီမြို့ဟာ ရုရှားတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။

ယူကရိန်းတိုက်ခိုက်ရေးသမား ၂၁၁ ယောက်ကိုလည်း ရုရှားထောက်ခံတဲ့ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ Olenivka မြို့ကို ခေါ်သွားခဲ့ရတယ်လို့ ဒုကာကွယ်ရေး ဝန်ကြီးက ပြောပြီး အခုလို ကယ်ထုတ်ခဲ့ရသူတွေကို ရုရှားအကျဉ်းသားတွေနဲ့ အလဲအလှယ်လုပ်တာခံရနိုင်တယ်လို့လည်း သူကပြောပါတယ်။ ယူကရိန်းက သူရဲကောင်းတွေအားလုံးကို အသက်ရှင်နေဖို့လိုတယ်ဆိုတာ သမ္မတ Volodymyr Zelenskyy က နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပြီး သူတို့အိမ်ပြန်ရောက်ရေး စစ်တပ်နဲ့ ထောက်လှမ်းရေးက ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးဟာ သိပ်ကို သိမ်မွေ့ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

===============

XS
SM
MD
LG