သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း အေနာက္ပိုင္း Lviv ၿမိဳ႕ ႐ုရွားဒုံးက်ည္မ်ားပစ္ခတ္


ယူကရိန္းႏိုင္ငံ၊ Lviv ၿမိဳ႕မွာ ရုရွားရဲ႕တိုက္ခုိက္မႈေၾကာင့္ မီးေလာင္ေနတဲ့အေဆာက္အဦးေတြကုိ မီးၿငိမ္းသတ္ေနတဲ့ျမင္ကြင္။  (ဧၿပီ ၁၈၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္းအေနာက္ပိုင္း ၿမိဳ႕ Lviv ကို ႐ုရွားတပ္ေတြက တနလၤာေန႔က ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ အနည္းဆုံး လူ ၆ ေယာက္ ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒုံးက်ည္ ၃ စင္းက စစ္ေရးဆိုင္ရာ အေျခခံအေဆာက္အအုံေတြကို ထိခဲ့တယ္လို႔ Lviv ေဒသ အုပ္ခ်ဳပ္ေရးမႉး မာ့ခ္ဆင္း ကိုဇာစကီ Maksym Kozystkiy က ေျပာပါတယ္။

ယူကရိန္း ေနရာအႏွံ႔အျပားကို ႐ုရွားက ဗုံးႀကဲတိုက္ခိုက္ေနၿပီး တခ်ိဳ႕ေနရာေတြ မွာေတာ့ ႐ုရွားတပ္ေတြက အရပ္သားေတြရဲ႕ ထြက္လမ္းေၾကာင္းကို ပစ္ခတ္ခဲ့တယ္လို႔ ယူကရိန္းက ဆိုပါတယ္။

“ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားေရး ဥပေဒကို ခ်ိဳးေဖာက္ၿပီး ႐ုရွားတပ္ေတြက လူသားခ်င္းစာနာေထာက္ထားေရး လမ္းေၾကာင္းေတြကို ပိတ္ဆို႔ပစ္ခတ္တာေတြကို မရပ္ေသးပါဘူးလို႔ ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ အီေရနာ ဗာရာရႈိး (Iryna Vereshchuk) က သူ႔ရဲ႕ လူမႈစာမ်က္ႏွာမွာ ေျပာပါတယ္။

ယူကရိန္း ေတာင္ပိုင္းက Kherson ၿမိဳ႕ၿမိဳ႕တည္းသာ ႐ုရွားက ထိန္းခ်ဳပ္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ယူကရိန္းဝန္ႀကီးခ်ဳပ္ ဒယ္နိစ္ ရႈမိဟာ (Denys Shmyhal) က ဆိုပါတယ္။ Mariupol ၿမိဳ႕ဟာ ႐ုရွားကေပးထားတဲ့ လက္နက္ခ်ရမယ့္ေန႔ ေက်ာ္လြန္ သြားေပမယ့္ ယူကရိန္းက ခုခံေနဆဲ ျဖစ္ပါတယ္။

စေနေန႔အထိ Mariupol ၿမိဳ႕မွာ ယူကရိန္းစစ္သား ၄,၀၀၀ ေက်ာ္ ဆုံးရႈံးခဲ့ၿပီးၿပီလို႔ ႐ုရွားက ေျပာပါတယ္။ ဒါေပမယ့္ တႏိုင္ငံလုံးမွာ ယူကရိန္းစစ္သား ၂၅၀၀ နဲ႔ ၃,၀၀၀ ၾကားပဲ ဆုံးရႈံးေသးတယ္လို႔ ယူကရိန္းကေတာ့ ေျပာပါတယ္။ ႏွစ္ဘက္ ေျပာစကားကို သီးျခားလြတ္လပ္စြာ အတည္မျပဳႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်း အနောက်ပိုင်း Lviv မြို့ ရုရှားဒုံးကျည်များပစ်ခတ်

ယူကရိန်းအနောက်ပိုင်း မြို့ Lviv ကို ရုရှားတပ်တွေက တနင်္လာနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည် ၃ စင်းက စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ထိခဲ့တယ်လို့ Lviv ဒေသ အုပ်ချုပ်ရေးမှူး မာ့ခ်ဆင်း ကိုဇာစကီ Maksym Kozystkiy က ပြောပါတယ်။

ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ဗုံးကြဲတိုက်ခိုက်နေပြီး တချို့နေရာတွေ မှာတော့ ရုရှားတပ်တွေက အရပ်သားတွေရဲ့ ထွက်လမ်းကြောင်းကို ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းက ဆိုပါတယ်။

“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်ပြီး ရုရှားတပ်တွေက လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပစ်ခတ်တာတွေကို မရပ်သေးပါဘူးလို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် အီရေနာ ဗာရာရှိုး (Iryna Vereshchuk) က သူ့ရဲ့ လူမှုစာမျက်နှာမှာ ပြောပါတယ်။

ယူကရိန်း တောင်ပိုင်းက Kherson မြို့မြို့တည်းသာ ရုရှားက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒယ်နိစ် ရှုမိဟာ (Denys Shmyhal) က ဆိုပါတယ်။ Mariupol မြို့ဟာ ရုရှားကပေးထားတဲ့ လက်နက်ချရမယ့်နေ့ ကျော်လွန် သွားပေမယ့် ယူကရိန်းက ခုခံနေဆဲ ဖြစ်ပါတယ်။

စနေနေ့အထိ Mariupol မြို့မှာ ယူကရိန်းစစ်သား ၄,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီးပြီလို့ ရုရှားက ပြောပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးမှာ ယူကရိန်းစစ်သား ၂၅၀၀ နဲ့ ၃,၀၀၀ ကြားပဲ ဆုံးရှုံးသေးတယ်လို့ ယူကရိန်းကတော့ ပြောပါတယ်။ နှစ်ဘက် ပြောစကားကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်သေးပါဘူး။
===============

XS
SM
MD
LG