သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

"ေျမျပင္ တင္းမာမႈေလ်ာ့သြားတာ မေတြ႔ရေသး” NATO အတြင္းေရးမႉးခ်ဳပ္ 


ဘယ္လ္ဂ်ီယံႏိုင္ငံ၊ ဘရပ္ဆဲလ္မွာက်င္းပေနတဲ့ ေနတိုးအဖြဲ႔ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးက ေနတိုးအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg (ေဖေဖၚဝါရီ ၁၆၊ ၂၀၂၂) (AP Photo/Olivier Matthys)

[[Zawgyi/Unicode]]

ယူကရိန္းနယ္စပ္မွာရွိတဲ့ တပ္တခ်ိဳ႕ကို ျပန္႐ုပ္သိမ္းမယ္လို႔ ႐ုရွားဘက္ကေျပာေပမယ့္ အခုအထိေတာ့ တင္းမာမႈ ေလ်ာ့သြားတဲ့ အေျခအေန မေတြ႕ရေသးေၾကာင္းနဲ႔ ႐ုရွားဘက္က တပ္ေတြတိုးၿပီး ခ်ထားေနဆဲပဲလို႔ ေနတိုးမဟာမိတ္အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္စ္ၿမိဳ႕မွာ ဒီကေန႔ေျပာပါတယ္။

“သံတမန္ေရးအရ ႀကိဳးပမ္းမႈေတြ ဆက္လုပ္သြားဖို႔ အဆင့္သင့္ရွိတဲ့လကၡဏာမ်ိဳး ႐ုရွားဘက္က ေျပာဆိုတာေတြကို က်ေနာ္တို႔ ၾကားပါတယ္။ ဒါေပမဲ့ လက္ရွိ ေျမျပင္အေျခအေနမွာ တင္းမာမႈေတြ ေလ်ာ့သြားတာကိုေတာ့ အခုထိ မေတြ႔ရေသးပါဘူး။ ေျပာတဲအတိုင္းမဟုတ္ဘဲ ႐ုရွားဘက္က စစ္အင္အားေတြ ျဖည့္ၿပီး ခ်ထားတာကိုပဲ ေတြ႕ေနရပါတယ္လို႔ ေနတိုး မဟာမိတ္အဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ေျပာသြားတာပါ။

႐ုရွားဘက္က တပ္ေတြတိုးခ်ထားၿပီး ယူကရိန္းကို အခ်ိန္မေ႐ြး ဝင္သိမ္းႏိုင္တဲ့အေျခအေနကို ဆက္ၿပီး ထိန္းထားတဲ့အေၾကာင္း ေနတိုးအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က ေျပာဆိုပါတယ္။ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔လည္း ေျပာပါတယ္။ ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin အပါအဝင္ NATO မဟာမိတ္ အဖြဲ႔ဝင္ႏိုင္ငံေတြက ကာကြယ္ေရးဝန္ႀကီးေတြ ဘယ္လဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕ေတာ္မွာ ဒီကေန႔ေတြ႔ဆုံ ေဆြးေႏြးၾကပါတယ္။

႐ုရွားတပ္ဖြဲ႔ဝင္ တသိန္းခြဲေလာက္ ေျမာက္ဘက္ ဘဲလာ႐ုစ္နဲ႔ ေတာင္ဘက္ ခ႐ိုင္းမီးယားေဒသ၊ အေရွ႕ဘက္ ယူရိန္းနယ္စပ္ တေလွ်ာက္မွာ ခ်ထားဆဲျဖစ္ပါတယ္။ ဒိန္းမတ္ကာကြယ္ေရးဝန္ႀကီး Morten Bodskov ကလည္း စစ္ျဖစ္ဖို႔ဆိုတာ ဥေရာပမွာ ဘယ္သူမွစိတ္ဝင္စားတဲ့ကိစၥတခု မဟုတ္တဲ့အတြက္ ေဆြးေႏြးညႇိႏႈိင္းၾကမယ္လို႔ ေမွ်ာ္လင့္တဲအ့ေၾကာင္းနဲ႔ ႐ုရွားဘက္က ေျပာတဲ့အတိုင္း အမွန္တကယ္လုပ္မလုပ္ ေစာင့္ၾကည့္ရမွာျဖစ္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

“မြေပြင် တင်းမာမှုလျော့သွားတာ မတွေ့ရသေး” NATO အတွင်းရေးမှူးချုပ်

ယူကရိန်းနယ်စပ်မှာရှိတဲ့ တပ်တချို့ကို ပြန်ရုပ်သိမ်းမယ်လို့ ရုရှားဘက်ကပြောပေမယ့် အခုအထိတော့ တင်းမာမှု လျော့သွားတဲ့ အခြေအနေ မတွေ့ရသေးကြောင်းနဲ့ ရုရှားဘက်က တပ်တွေတိုးပြီး ချထားနေဆဲပဲလို့ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဒီကနေ့ပြောပါတယ်။

“သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ဆက်လုပ်သွားဖို့ အဆင့်သင့်ရှိတဲ့လက္ခဏာမျိုး ရုရှားဘက်က ပြောဆိုတာတွေကို ကျနော်တို့ ကြားပါတယ်။ ဒါပေမဲ့ လက်ရှိ မြေပြင်အခြေအနေမှာ တင်းမာမှုတွေ လျော့သွားတာကိုတော့ အခုထိ မတွေ့ရသေးပါဘူး။ ပြောတဲအတိုင်းမဟုတ်ဘဲ ရုရှားဘက်က စစ်အင်အားတွေ ဖြည့်ပြီး ချထားတာကိုပဲ တွေ့နေရပါတယ်လို့ နေတိုး မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောသွားတာပါ။

ရုရှားဘက်က တပ်တွေတိုးချထားပြီး ယူကရိန်းကို အချိန်မရွေး ဝင်သိမ်းနိုင်တဲ့အခြေအနေကို ဆက်ပြီး ထိန်းထားတဲ့အကြောင်း နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောဆိုပါတယ်။ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin အပါအဝင် NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဒီကနေ့တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ရုရှားတပ်ဖွဲ့ဝင် တသိန်းခွဲလောက် မြောက်ဘက် ဘဲလာရုစ်နဲ့ တောင်ဘက် ခရိုင်းမီးယားဒေသ၊ အရှေ့ဘက် ယူရိန်းနယ်စပ် တလျှောက်မှာ ချထားဆဲဖြစ်ပါတယ်။ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Morten Bodskov ကလည်း စစ်ဖြစ်ဖို့ဆိုတာ ဥရောပမှာ ဘယ်သူမှစိတ်ဝင်စားတဲ့ကိစ္စတခု မဟုတ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းကြမယ်လို့ မျှော်လင့်တဲအ့ကြောင်းနဲ့ ရုရှားဘက်က ပြောတဲ့အတိုင်း အမှန်တကယ်လုပ်မလုပ် စောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

=============

XS
SM
MD
LG