သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက်ဴးေက်ာ္စစ္ရပ္ေပးဖို႔  ICJ ကို ယူကရိန္းေလွ်ာက္ထား


ရုရွား ယူကရိန္းစစ္ပြဲျမင္ကြင္း။ 

[[Zawgyi/Unicode]]

႐ုရွားက်ဴးေက်ာ္စစ္ကို ရပ္ရမယ့္အမိန႔္ထုတ္ေပးဖို႔ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကို ယူကရိန္းကိုယ္စားလွယ္က တိုက္တြန္းလိုက္ပါတယ္။ ႐ုရွားကိုတားျမစ္ဖို႔ တရား႐ုံးမွာ အခန္းက႑ရွိတယ္လို႔ ယူကရိန္းကိုယ္စားလွယ္ Anton Korynevych က တရားသူႀကီးေတြကို ေလွ်ာက္ထားလိုက္ပါတယ္။

ယူကရိန္းရဲ႕ေတာင္းဆိုခ်က္ကို ၾကားနာဖို႔ ICJ တရား႐ုံးမွာ ႐ုရွားရဲ႕ ေရွ႕ေန ေနရာေတြကေတာ့ လစ္လပ္ေနပါတယ္။ သူ႔အစိုးရက တရား႐ုံးကို လာေရာက္ေလွ်ာက္ ထားဖို႔ မရည္႐ြယ္ပါဘူးလို႔ နယ္သာလန္ဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက ေျပာပါတယ္။ ယူကရိန္းရဲ႕ေတာင္းဆိုခ်က္ကို ၂ ရက္ၾကာ ၾကားနာမွာျဖစ္ၿပီး ရက္ပိုင္းအတြင္း ဆုံးျဖတ္ခ်က္ က်လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ တနလၤာေန႔မွာ ယူကရိန္း က ေလွ်ာက္ၿပီး အဂၤါေန႔မွာ ႐ုရွားက ေခ်ပ ေလွ်ာက္ထားရမွာပါ။ ဒါေပမယ့္ တရား ႐ုံးက ယူကရိန္းေတာင္းဆိုခ်က္အတိုင္း ဆုံးျဖတ္ရင္ေတာင္ ႐ုရွားက လိုက္နာရမယ္လို႔ အဓိပၸါယ္ မထြက္ပါဘူး။

ယူကရိန္းက ခုလို ICJ ကို အမႈတင္ေပမယ့္ ႐ုရွားရဲ႕စစ္ဆင္ေရးအစီအစဥ္အတိုင္း ျဖစ္ေနၿပီး ယူကရိန္းက တိုက္ခိုက္တာကိုရပ္မွ ၿပီးဆုံးမယ္လို႔ ႐ုရွားသမၼတ ပူတင္ က တနဂၤေႏြေန႔ က ေျပာပါတယ္။ ဒါေပမယ့္ ယူကရိန္းနဲ႔ ေဆြးေႏြးဖို႔ အဆင္သင့္ ရွိေၾကာင္း သမၼတပူတင္က တူရကီသမၼတ Recep Tayyip Erdogan ကို တယ္လီဖုံးေျပာရာမွာ ေျပာၾကားပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတို႔ဟာ တတိယ အႀကိမ္အျဖစ္ ဒီေန႔ တနလၤာေန႔ မွာ ေတြ႕ဆုံၾကဖို႔ အစီအစဥ္ ရွိပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ သမၼတဘိုင္ဒန္အစိုးရကတင္ျပလာတဲ့ ယူကရိန္းအကူအညီေပးေရး ေဒၚလာ ၁၀ ဘီလီယံ ဘတ္ဂ်က္ကို လႊတ္ေတာ္က ဒီ အပတ္အတြင္း စဥ္းစား ဆုံးျဖတ္မွာ ျဖစ္ပါတယ္။ ယူကရိန္းေဝဟင္ကို ေလယာဥ္ မပ်ံသန္းေရး ဇုံ သတ္မွတ္ဖို႔ ေတာင္းဆိုခ်က္ကိုေတာ့ အေမရိကန္အမတ္အခ်ိဳ႕က စဥ္းစားဖို႔ ဝန္ေလးေနၾကပါတယ္။ အဲဒီလို သတ္မွတ္တဲ့ အဓိပၸါယ္က တတိယကမာၻစစ္ပါပဲလို႔ ဖေလာ္ရီဒါ ရီပတ္ဘလီကင္ အထက္လႊတ္ေတာ္ အမတ္ Marco Rubio က ေအဘီစီ သတင္းဌာန က တနဂၤေႏြေန႔ က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရုရှားကျူးကျော်စစ်ရပ်ပေးဖို့ ICJ ကို ယူကရိန်းလျှောက်ထား

ရုရှားကျူးကျော်စစ်ကို ရပ်ရမယ့်အမိန့်ထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို ယူကရိန်းကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ရုရှားကိုတားမြစ်ဖို့ တရားရုံးမှာ အခန်းကဏ္ဍရှိတယ်လို့ ယူကရိန်းကိုယ်စားလှယ် Anton Korynevych က တရားသူကြီးတွေကို လျှောက်ထားလိုက်ပါတယ်။

ယူကရိန်းရဲ့တောင်းဆိုချက်ကို ကြားနာဖို့ ICJ တရားရုံးမှာ ရုရှားရဲ့ ရှေ့နေ နေရာတွေကတော့ လစ်လပ်နေပါတယ်။ သူ့အစိုးရက တရားရုံးကို လာရောက်လျှောက် ထားဖို့ မရည်ရွယ်ပါဘူးလို့ နယ်သာလန်ဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောပါတယ်။ ယူကရိန်းရဲ့တောင်းဆိုချက်ကို ၂ ရက်ကြာ ကြားနာမှာဖြစ်ပြီး ရက်ပိုင်းအတွင်း ဆုံးဖြတ်ချက် ကျလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တနင်္လာနေ့မှာ ယူကရိန်း က လျှောက်ပြီး အင်္ဂါနေ့မှာ ရုရှားက ချေပ လျှောက်ထားရမှာပါ။ ဒါပေမယ့် တရား ရုံးက ယူကရိန်းတောင်းဆိုချက်အတိုင်း ဆုံးဖြတ်ရင်တောင် ရုရှားက လိုက်နာရမယ်လို့ အဓိပ္ပါယ် မထွက်ပါဘူး။

ယူကရိန်းက ခုလို ICJ ကို အမှုတင်ပေမယ့် ရုရှားရဲ့စစ်ဆင်ရေးအစီအစဉ်အတိုင်း ဖြစ်နေပြီး ယူကရိန်းက တိုက်ခိုက်တာကိုရပ်မှ ပြီးဆုံးမယ်လို့ ရုရှားသမ္မတ ပူတင် က တနင်္ဂနွေနေ့ က ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ ဆွေးနွေးဖို့ အဆင်သင့် ရှိကြောင်း သမ္မတပူတင်က တူရကီသမ္မတ Recep Tayyip Erdogan ကို တယ်လီဖုံးပြောရာမှာ ပြောကြားပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ တတိယ အကြိမ်အဖြစ် ဒီနေ့ တနင်္လာနေ့ မှာ တွေ့ဆုံကြဖို့ အစီအစဉ် ရှိပါတယ်။

အမေရိကန်နိုင်ငံမှာတော့ သမ္မတဘိုင်ဒန်အစိုးရကတင်ပြလာတဲ့ ယူကရိန်းအကူအညီပေးရေး ဒေါ်လာ ၁၀ ဘီလီယံ ဘတ်ဂျက်ကို လွှတ်တော်က ဒီ အပတ်အတွင်း စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယူကရိန်းဝေဟင်ကို လေယာဉ် မပျံသန်းရေး ဇုံ သတ်မှတ်ဖို့ တောင်းဆိုချက်ကိုတော့ အမေရိကန်အမတ်အချို့က စဉ်းစားဖို့ ဝန်လေးနေကြပါတယ်။ အဲဒီလို သတ်မှတ်တဲ့ အဓိပ္ပါယ်က တတိယကမ္ဘာစစ်ပါပဲလို့ ဖလော်ရီဒါ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ် Marco Rubio က အေဘီစီ သတင်းဌာန က တနင်္ဂနွေနေ့ က ပြောပါတယ်။

===========

XS
SM
MD
LG