သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္း ႐ုရွားနယ္ေျမထဲသိမ္းသြင္းဖို႔ စီစဥ္ေနဟု ကန္အႀကီးတန္းအရာရွိ သတိေပး 


ယူကရိန္းႏိုင္ငံ Odesa ၿမိဳ႕တြင္း ဒံုးက်ည္ထိမွန္ပ်က္စီးေနတဲ့ အေဆာက္အဦး (ေမ ၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီလ ေႏွာင္းပိုင္းမွာ ယူကရိန္းအေရွ႕ပိုင္းကို ႐ုရွားက သူ႔နယ္ေျမထဲသိမ္းသြင္းဖို႔ အစီအစဥ္ရွိတယ္လို႔ အေမရိကန္အႀကီးတန္း တာဝန္ရွိသူတဦးက သတိေပးလိုက္ပါတယ္။

ေတာင္ပိုင္း ၿမိဳ႕ Kherson ေဒသကိုလည္း သီးျခားႏိုငံအျဖစ္ ႐ုရွားက အသိအမွတ္ျပဳလိမ့္မယ္လို႔ ဥေရာပလုံၿခဳံေရးနဲ႔ ပူးေပါင္ေဆာင္႐ြက္ေရးအဖြဲ႔ရဲ႕ အေမရိကန္ ႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး Michael Carpenter က တနလၤာေန႔မွာ ေျပာခဲ့တာပါ။

Donetsk နဲ႔ Luhansk ေဒသမွာ ႐ုရွားက လူထုဆႏၵခံယူပြဲအတုကို က်င္းပဖို႔စီစဥ္ေနၿပီး ခါဆန္မွာလည္း လြတ္လပ္ေရး မဲဆႏၵခံယူဖို႔ ႐ုရွားက လုပ္ေနတဲ့လကၡဏာေတြေတြ႔ရွိရတယ္ လို႔ Michael Carpenter က ဆိုပါတယ္။ ႐ုရွားက အဲဒီ ေဒသကအမတ္ေတြနဲ႔ ၿမိဳ႕ေတာ္ဝန္ေတြကို ဖမ္းဆီးထားၿပီး ဖုန္းနဲ႔အင္တာနက္ကို ျဖတ္ေတာက္ထားပါတယ္။ ေက်ာင္းေတြမွာ ႐ုရွားသင္႐ိုးကို မၾကာမီ ျပဌာန္းဖို႔ စီစဥ္ေနပါတယ္။ အဲဒီ ေဒသေတြမွာ ႐ုရွား ေငြ ႐ူယယ္ကို သုံးေငြအျဖစ္ ႐ုရွားက သတ္မွတ္ျပဌာန္း ခဲ့ၿပီး ျဖစ္တယ္လို႔ ယူကရိန္းအစိုးရက ေျပာပါတယ္။

ဒီ အခ်ိန္မွာပဲ Mariupol ၿမိဳ႕မွာရွိတဲ့ သံမဏိစက္႐ုံမွာ ပိတ္မိေနတဲ့ ခုခံသူေတြ နဲ႔ ျပည္သူေတြကို ထုတ္လို႔ရေအာင္ ယူကရိန္း၊ ႐ုရွားနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အဆင္ျမင့္တာဝန္ရွိသူေတြ ဆက္လက္ ေဆြးေႏြးေနၾကတယ္လို႔ Mariupol ၿမိဳ႕ ရဲ႕ ဒုတိယ ၿမိဳ႕ေတာ္ဝန္ Sergei Orlov က ေျပာပါတယ္။ အဆိုပါ သံမဏိစက္႐ုံဟာ Mariupol ၿမိဳ႕မွာ ယူကရိန္းက ေနာက္ဆုံး ခုခံေနရာ ေနရာလည္း ျဖစ္ပါတယ္။ လူ ၁၀၀ ဝန္းက်င္ကို ကယ္ထုတ္ခဲ့ၿပီးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ယူကရိန်းအရှေ့ပိုင်း ရုရှားနယ်မြေထဲသိမ်းသွင်းဖို့ စီစဉ်နေဟု ကန်အကြီးတန်းအရာရှိ သတိပေး

ဒီလ နှောင်းပိုင်းမှာ ယူကရိန်းအရှေ့ပိုင်းကို ရုရှားက သူ့နယ်မြေထဲသိမ်းသွင်းဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန်အကြီးတန်း တာဝန်ရှိသူတဦးက သတိပေးလိုက်ပါတယ်။

တောင်ပိုင်း မြို့ Kherson ဒေသကိုလည်း သီးခြားနိုငံအဖြစ် ရုရှားက အသိအမှတ်ပြုလိမ့်မယ်လို့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး Michael Carpenter က တနင်္လာနေ့မှာ ပြောခဲ့တာပါ။

Donetsk နဲ့ Luhansk ဒေသမှာ ရုရှားက လူထုဆန္ဒခံယူပွဲအတုကို ကျင်းပဖို့စီစဉ်နေပြီး ခါဆန်မှာလည်း လွတ်လပ်ရေး မဲဆန္ဒခံယူဖို့ ရုရှားက လုပ်နေတဲ့လက္ခဏာတွေတွေ့ရှိရတယ် လို့ Michael Carpenter က ဆိုပါတယ်။ ရုရှားက အဲဒီ ဒေသကအမတ်တွေနဲ့ မြို့တော်ဝန်တွေကို ဖမ်းဆီးထားပြီး ဖုန်းနဲ့အင်တာနက်ကို ဖြတ်တောက်ထားပါတယ်။ ကျောင်းတွေမှာ ရုရှားသင်ရိုးကို မကြာမီ ပြဌာန်းဖို့ စီစဉ်နေပါတယ်။ အဲဒီ ဒေသတွေမှာ ရုရှား ငွေ ရူယယ်ကို သုံးငွေအဖြစ် ရုရှားက သတ်မှတ်ပြဌာန်း ခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ဒီ အချိန်မှာပဲ Mariupol မြို့မှာရှိတဲ့ သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ ခုခံသူတွေ နဲ့ ပြည်သူတွေကို ထုတ်လို့ရအောင် ယူကရိန်း၊ ရုရှားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဆင်မြင့်တာဝန်ရှိသူတွေ ဆက်လက် ဆွေးနွေးနေကြတယ်လို့ Mariupol မြို့ ရဲ့ ဒုတိယ မြို့တော်ဝန် Sergei Orlov က ပြောပါတယ်။ အဆိုပါ သံမဏိစက်ရုံဟာ Mariupol မြို့မှာ ယူကရိန်းက နောက်ဆုံး ခုခံနေရာ နေရာလည်း ဖြစ်ပါတယ်။ လူ ၁၀၀ ဝန်းကျင်ကို ကယ်ထုတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
==============

XS
SM
MD
LG