[[Zawgyi/Unicode]]
႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံေနတဲ့ ယူကရိန္းကို ဂ်ာမနီႏိုင္ငံက လက္နက္ေတြ ဆက္လက္ေထာက္ပံ့သြားမယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာၾကားလိုက္ပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္စစ္တိုက္ေနတဲ့ ႐ုရွားတပ္ေတြကို ေမာင္းထုတ္ႏိုင္ဖို႔ လိုအပ္ေနသေရႊ႕ လက္နက္ေတြ ပို႔ေဆာင္ေပးေနမွာျဖစ္တယ္လို႔ Lithuanian ႏိုင္ငံ Vilnius ၿမိဳ႕မွာ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က ဒီေန႔ ေျပာၾကားခဲ့ပါတယ္။
ယူကရိန္းကို ဂ်ာမနီက လက္နက္ႀကီးေတြ ေပးဖို႔ တြန္႔ဆုတ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြရွိေနခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ Scholz က ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယူကရိန္းထြက္ ဂ်ဳံေတြကို တကမာၻလံုးကိုတင္ပို႔ႏိုင္ေအာင္ ႐ုရွားပိတ္ဆို႔ထားတဲ့ ေရလမ္းေၾကာင္းကို ဖယ္ရွားႏိုင္ေရး NATO မဟာမိတ္ေတြနဲ႔ ကုလသမဂၢတို႔ ႀကိဳးစားအေျဖရွာေနတယ္လို႔လည္း ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္ႏိုင္ငံက အဆင့္ျမင့္စစ္နက္လက္ေတြေပးမယ္ဆိုတဲ့အတည္ျပဳခ်က္ ဝန္ႀကီးခ်ဳပ္ Boris Johnson ဆီကရရွိခဲ့သလို ယူကရိန္းထြက္ ဂ်ဳံေျပာင္းေတြတင္ပို႔လို႔မရေအာင္ ႐ုရွားက ဆိပ္ကမ္းေတြပိတ္ဆို႔ထားတာ ဖယ္ရွားမယ့္နည္းလမ္းေတြကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးေနတယ္လို႔ ယူကရိန္းသမၼတကလည္း တနလၤာေန႔ကေျပာၾကားခဲ့ပါတယ္။ ကီလိုမီတာ ၈၀ အကြာအေဝးအထိပစ္မွတ္ကိုပစ္ႏိုင္တဲ့ Rocket ဒံုးေတြအပါအဝင္ အဆင့္ျမင့္ဒံုးစနစ္ေတြကို ယူကရိန္းကို ပို႔ေပးမယ္လို႔ ၿဗိတိန္ႏိုင္ငံက တနလၤာေန႔ ေၾကညာခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ယူကရိန္းအေရွ႕ပိုင္း Sievierodonetsk ၿမိဳ႕လမ္းေတြေပၚမွာ ယူကရိန္းတပ္ေတြနဲ႔ ႐ုရွားတပ္ေတြ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ အေရွ႕ေတာင္ပိုင္းက Zaporizhzhia ၿမိဳ႕ကိုလည္း ႐ုရွားတပ္ေတြ သိမ္းပိုက္ဖို႔ ႀကိဳးစားေနတယ္လို႔ သမၼတ Volodymyr Zelenskyy ကေျပာၾကားခဲ့ပါတယ္။ Sievierodonetsk ၿမိဳ႕ကို အႏိုင္ရဖို႔ အေျခအေနရွိတယ္လို႔ သမၼတ Zelenskyy ကေျပာပါတယ္။ ယူကရိန္းဘက္ကေရာ ႐ုရွားဘက္ကပါ တဘက္နဲ႔တဘက္ အက်အဆံုးမ်ားတယ္လို႔ ေျပာေနၾကပါတယ္။
===============
[[Unicode]]
“ယူကရိန်းကို လက်နက်ဆက်လက်ထောက်ပံ့သွားမယ်” ဂျာမနီဝန်ကြီးချုပ်
ရုရှားကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်းကို ဂျာမနီနိုင်ငံက လက်နက်တွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဂျာမနီဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားတပ်တွေကို မောင်းထုတ်နိုင်ဖို့ လိုအပ်နေသရွှေ့ လက်နက်တွေ ပို့ဆောင်ပေးနေမှာဖြစ်တယ်လို့ Lithuanian နိုင်ငံ Vilnius မြို့မှာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ဒီနေ့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ဂျာမနီက လက်နက်ကြီးတွေ ပေးဖို့ တွန့်ဆုတ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေချိန်မှာ ဝန်ကြီးချုပ် Scholz က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းထွက် ဂျုံတွေကို တကမ္ဘာလုံးကိုတင်ပို့နိုင်အောင် ရုရှားပိတ်ဆို့ထားတဲ့ ရေလမ်းကြောင်းကို ဖယ်ရှားနိုင်ရေး NATO မဟာမိတ်တွေနဲ့ ကုလသမဂ္ဂတို့ ကြိုးစားအဖြေရှာနေတယ်လို့လည်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက အဆင့်မြင့်စစ်နက်လက်တွေပေးမယ်ဆိုတဲ့အတည်ပြုချက် ဝန်ကြီးချုပ် Boris Johnson ဆီကရရှိခဲ့သလို ယူကရိန်းထွက် ဂျုံပြောင်းတွေတင်ပို့လို့မရအောင် ရုရှားက ဆိပ်ကမ်းတွေပိတ်ဆို့ထားတာ ဖယ်ရှားမယ့်နည်းလမ်းတွေကို ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးနေတယ်လို့ ယူကရိန်းသမ္မတကလည်း တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။ ကီလိုမီတာ ၈၀ အကွာအဝေးအထိပစ်မှတ်ကိုပစ်နိုင်တဲ့ Rocket ဒုံးတွေအပါအဝင် အဆင့်မြင့်ဒုံးစနစ်တွေကို ယူကရိန်းကို ပို့ပေးမယ်လို့ ဗြိတိန်နိုင်ငံက တနင်္လာနေ့ ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းအရှေ့ပိုင်း Sievierodonetsk မြို့လမ်းတွေပေါ်မှာ ယူကရိန်းတပ်တွေနဲ့ ရုရှားတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အရှေ့တောင်ပိုင်းက Zaporizhzhia မြို့ကိုလည်း ရုရှားတပ်တွေ သိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ သမ္မတ Volodymyr Zelenskyy ကပြောကြားခဲ့ပါတယ်။ Sievierodonetsk မြို့ကို အနိုင်ရဖို့ အခြေအနေရှိတယ်လို့ သမ္မတ Zelenskyy ကပြောပါတယ်။ ယူကရိန်းဘက်ကရော ရုရှားဘက်ကပါ တဘက်နဲ့တဘက် အကျအဆုံးများတယ်လို့ ပြောနေကြပါတယ်။
===============