သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆြးေႏြးပြဲျဖစ္ဖို႔ ႐ုရွားတပ္ေတြဆုတ္ေပးရမယ္လို႔ ယူကရိန္းသမၼတေတာင္းဆို


ယူကရိန္းသမၼတ Volodymyr Zelenskyy ကမၻာ့စီးပြါးေရးဖိုရမ္ကို ေပးပို႔တဲ့ ဗီြဒီယိုမိန္႔ခြန္း (ေမ ၂၃၊ ၂၀၂၂)
တိုက္႐ိုက္ လင့္ခ္

[[Zawgyi/Unicode]]

႐ုရွားနဲ႔ယူကရိန္းေဆြးေႏြးပြဲျဖစ္ဖို႔က ႐ုရွားအေနနဲ႔ အရင္မက်ဳးေက်ာ္ခင္အေျခအေနေရာက္ေအာင္ တပ္ျပန္ဆုပ္ေပးမွရမယ္လို႔ ယူကရိန္းသမၼတက ဆိုလိုက္ပါတယ္။

ဒါ့အျပင္ ယူကရိန္းအေနနဲ႔ ႐ုရွားနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ လမ္းဖြင့္ထားေပမယ့္ ႐ုရွားသမၼတ Vladimir Putin နဲ႔ တိုက္႐ိုက္ေတြ႕ဆုံ ေဆြးေႏြးတာကိုပဲ လက္ခံမွာျဖစ္တယ္လို႔လည္း ယူကရိန္းသမၼတ Volodymyr Zelenskyy က ဒီေန႔ အရင္ ေျပာထားပါေသးတယ္။

တခ်ိန္တည္းမွာ Putin အေနနဲ႔ လက္ေတြ႔ အေျခအေနမွန္ကိုနားလည္ရင္ လက္ရွိပဋိပကၡကို သံတမန္ေရးနည္းနဲ႔ ေျဖရွင္းလို႔ရတယ္လို႔လည္း ယူကရိန္းသမၼတ Zelenskyy က ကမာၻ႔စီးပြားေရးဖိုရမ္ ကို ေပးပို႔တဲ့ ဗြီဒီယိုမိန႔္ခြန္းမွာ ေျပာလိုက္တာပါ။

ဒါေပမယ့္ ၃ လ ၾကာလာတဲ့ ဒီ စစ္ပြဲရပ္တန္ေရး အ႐ိုးသားဆုံး ေဆြးေႏြးမူေတြ ျပန္စဖို႔မွာ ႐ုရွားသမၼတဘက္က ေဆြးေႏြးခ်င္တဲ့ဆႏၵရွိတာ ေလာေလာဆယ္ မေတြ႕ရေသးဘူးလို႔လည္း သမၼတ Zelenskyy က ေဝဖန္လိုက္ပါတယ္။

အခုလို ဒီစစ္ပြဲအဆုံးသတ္ေရး ေတြ႔ဆုံ ေဆြးေႏြးဖို႔ မလိုလားဘူးဆိုတဲ့ စြပ္စြဲခ်က္မ်ိဳး ၂ ဘက္လုံး အျပန္အလွန္ ေျပာေနတာေၾကာင့္ လာမယ့္ သီတင္းပတ္ေတြအတြင္း ေစ့စပ္ညႇိႏိုႈင္းမႈေတြ ျဖစ္လာႏိုင္တဲ့ အလားအလာ မရွိေသးဘူးလို႔လည္း သုံးသပ္သူေတြက ဆိုပါတယ္။

အခု ဗြီဒီယိုမိန႔္ခြန္းထဲမွာပဲ သမၼတ Zelenskyy က အေမရိကန္ႏိုင္ငံ Taxes ျပည္နယ္က မူလတန္းေက်ာင္းမွာ မေန႔က ပစ္ခတ္မႈထဲ ကေလးငယ္ ၁၉ ဦး အပါအဝင္ ၂၁ ဦး ေသဆုံးခဲ့ရတဲ့အတြက္ ဝမ္းနည္း စိတ္မေကာင္း ျဖစ္ရတယ္လို႔လည္း ထည့္ ေျပာခဲ့ပါတယ္ ခင္ဗ်ာ။

==============

[[Unicode]]

ဆွေးနွေးပွဲဖြစ်ဖို့ ရုရှားတပ်တွေဆုတ်ပေးရမယ်လို့ ယူကရိန်းသမ္မတတောင်းဆို

ရုရှားနဲ့ယူကရိန်းဆွေးနွေးပွဲဖြစ်ဖို့က ရုရှားအနေနဲ့ အရင်မကျုးကျော်ခင်အခြေအနေရောက်အောင် တပ်ပြန်ဆုပ်ပေးမှရမယ်လို့ ယူကရိန်းသမ္မတက ဆိုလိုက်ပါတယ်။

ဒါ့အပြင် ယူကရိန်းအနေနဲ့ ရုရှားနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားပေမယ့် ရုရှားသမ္မတ Vladimir Putin နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးတာကိုပဲ လက်ခံမှာဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီနေ့ အရင် ပြောထားပါသေးတယ်။

တချိန်တည်းမှာ Putin အနေနဲ့ လက်တွေ့ အခြေအနေမှန်ကိုနားလည်ရင် လက်ရှိပဋိပက္ခကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းလို့ရတယ်လို့လည်း ယူကရိန်းသမ္မတ Zelenskyy က ကမ္ဘာ့စီးပွားရေးဖိုရမ် ကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောလိုက်တာပါ။

ဒါပေမယ့် ၃ လ ကြာလာတဲ့ ဒီ စစ်ပွဲရပ်တန်ရေး အရိုးသားဆုံး ဆွေးနွေးမူတွေ ပြန်စဖို့မှာ ရုရှားသမ္မတဘက်က ဆွေးနွေးချင်တဲ့ဆန္ဒရှိတာ လောလောဆယ် မတွေ့ရသေးဘူးလို့လည်း သမ္မတ Zelenskyy က ဝေဖန်လိုက်ပါတယ်။

အခုလို ဒီစစ်ပွဲအဆုံးသတ်ရေး တွေ့ဆုံ ဆွေးနွေးဖို့ မလိုလားဘူးဆိုတဲ့ စွပ်စွဲချက်မျိုး ၂ ဘက်လုံး အပြန်အလှန် ပြောနေတာကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း စေ့စပ်ညှိနိုှုင်းမှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာ မရှိသေးဘူးလို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။

အခု ဗွီဒီယိုမိန့်ခွန်းထဲမှာပဲ သမ္မတ Zelenskyy က အမေရိကန်နိုင်ငံ Taxes ပြည်နယ်က မူလတန်းကျောင်းမှာ မနေ့က ပစ်ခတ်မှုထဲ ကလေးငယ် ၁၉ ဦး အပါအဝင် ၂၁ ဦး သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ထည့် ပြောခဲ့ပါတယ် ခင်ဗျာ။
==============

XS
SM
MD
LG