[[Zawgyi/Unicode]]
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔ဟာ ယူကရိန္း သမၼတ Zelenskyy နဲ႔ ေတြ႕ဆုံခဲ့ၿပီး စစ္ေရးအကူအညီပိုမိုေပးဖို႔ ကတိကဝတ္ ျပဳခဲ့ၾကပါတယ္။
ယူကရိန္းက ေအာင္ျမင္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken တို႔ က ပိုလန္ႏိုင္ငံမွာ သတင္းေထာက္ေတြကို ခုလို ေျပာၾကားခဲ့ပါတယ္။
“႐ုရွားရဲ႕ စစ္ေရးရည္မွန္းခ်က္ေတြကို ေျပာတဲ့အခါ ႐ုရွားက က်ရႈံးေနပါတယ္။ ယူကရိန္းက ေအာင္ျမင္ေနပါတယ္။” လို႔ Antony Blinken က ေျပာသြားခဲ့တာပါ။ ထိုက္သင့္တဲ့ လက္နက္နဲ႔ေထာက္ခံမႈသာရမယ္ဆိုရင္ ယူကရိန္းဘက္က ႏိုင္မွာပဲလို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
ယူကရိန္းသမၼတနဲ႔ သုံးနာရီေက်ာ္ ေတြ႕ဆုံခဲ့ရာမွာ ေခတ္မီလက္နက္ေတြနဲ႔ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို အကူအညီေပးဖို႔ အေမရိကန္ဝန္ႀကီးေတြက ကတိကဝတ္ ျပဳခဲ့ၾကပါတယ္။ အေမရိကန္က ႏိုင္ငံျခားစစ္ေရးရံပုံေငြ ေဒၚလာ ၇၁၃ သန္းကို ယူကရိန္းနဲ႔ အျခားလက္တြဲဘက္ႏိုင္ငံေတြကို ႐ုရွား က်ဴးေက်ာ္စစ္ ခုခံေရးအတြက္ စစ္လက္နက္ပစၥည္းေတြဝယ္ဖို႔ ေပးသြားမွာ ျဖစ္ၿပီး ယူကရိန္းက အဲဒီထဲက သန္း ၃၀၀ ရရွိမွာျဖစ္ပါတယ္။
ဂ်ာမနီႏိုင္ငံ Ramstein ေလတပ္အေျခစိုက္စခန္းမွာ အေမရိကန္နဲ႔ မဟာမိတ္ေတြရဲ႕ အစည္းအေဝးကို အဂၤါေန႔ က်င္းပဖို႔ ရွိၿပီး ယူကရိန္းရဲ႕ ကာကြယ္ေရး ဆိုင္ရာ ေရရွည္လိုအပ္ခ်က္ကို အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က တင္ျပမွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ယူကရိန္းကို ထပ္မံ သြားေရာက္ဖို႔ ရွိပါတယ္။
==========
[[Unicode]]
ယူကရိန်းကို စစ်ရေးအကူအညီပိုပေးမယ်လို့ ကန်ဝန်ကြီးနှစ်ဦး ကတိပြု
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ယူကရိန်း သမ္မတ Zelenskyy နဲ့ တွေ့ဆုံခဲ့ပြီး စစ်ရေးအကူအညီပိုမိုပေးဖို့ ကတိကဝတ် ပြုခဲ့ကြပါတယ်။
ယူကရိန်းက အောင်မြင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ က ပိုလန်နိုင်ငံမှာ သတင်းထောက်တွေကို ခုလို ပြောကြားခဲ့ပါတယ်။
“ရုရှားရဲ့ စစ်ရေးရည်မှန်းချက်တွေကို ပြောတဲ့အခါ ရုရှားက ကျရှုံးနေပါတယ်။ ယူကရိန်းက အောင်မြင်နေပါတယ်။” လို့ Antony Blinken က ပြောသွားခဲ့တာပါ။ ထိုက်သင့်တဲ့ လက်နက်နဲ့ထောက်ခံမှုသာရမယ်ဆိုရင် ယူကရိန်းဖက်က နိုင် မှာပဲလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းသမ္မတနဲ့ သုံးနာရီကျော် တွေ့ဆုံခဲ့ရာမှာ ခေတ်မီလက်နက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကူအညီပေးဖို့ အမေရိကန်ဝန်ကြီးတွေက ကတိကဝတ် ပြုခဲ့ကြပါတယ်။ အမေရိကန်က နိုင်ငံခြားစစ်ရေးရံပုံငွေ ဒေါ်လာ ၇၁၃ သန်းကို ယူကရိန်းနဲ့ အခြားလက်တွဲဘက်နိုင်ငံတွေကို ရုရှား ကျူးကျော်စစ် ခုခံရေးအတွက် စစ်လက်နက်ပစ္စည်းတွေဝယ်ဖို့ ပေးသွားမှာ ဖြစ်ပြီး ယူကရိန်းက အဲဒီထဲက သန်း ၃၀၀ ရရှိမှာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ Ramstein လေတပ်အခြေစိုက်စခန်းမှာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အစည်းအဝေးကို အင်္ဂါနေ့ ကျင်းပဖို့ ရှိပြီး ယူကရိန်းရဲ့ ကာကွယ်ရေး ဆိုင်ရာ ရေရှည်လိုအပ်ချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တင်ပြမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ယူကရိန်းကို ထပ်မံ သွားရောက်ဖို့ ရှိပါတယ်။
==========