သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း Vinnytsia ၿမိဳ႕ ႐ုရွားဒုံးက်ည္ပစ္ခတ္ ၁၂ ဦးထက္မနည္း ေသဆုံး


ယူကရိန္းႏိုင္ငံ၊ Vinnytsia ၿမိဳ႕မွာ ႐ုရွားကပစ္လႊတ္တဲ့ဒံုးက်ည္ေတြေၾကာင့္ ထိခိုက္ပ်က္စီးေနတဲ့ျမင္ကြင္း။ (ဇူလိုင္ ၁၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္း အလယ္ပိုင္းၿမိဳ႕က အရပ္သားေတြကို ႐ုရွားဒုံးက်ည္ေတြနဲ႔ ဒီေန႔ ပစ္ခဲ့လို႔ အနည္းဆုံး ၁၂ ဦး ေသၿပီး ၂၅ ဦး ဒဏ္ရာရခဲ့ပါတယ္။

႐ုရွားအေနနဲ႔ စစ္ေရးအရ အေရးပါမႈမရွိတဲ့ ဒီ Vinnytsia ၿမိဳ႕မွာ အရပ္သားပစ္မွတ္ကို တိုက္ခဲ့တာက ေျဗာင္အၾကမ္းဖက္လိုက္တာလို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က ရႈတ္ခ်လိုက္ၿပီး ကေလးငယ္တေယာက္လည္း ေသတဲ့အထဲပါသြားခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။

ၿမိဳ႕ေတာ္ Kyiv အေနာက္ေတာင္ဘက္မွာရွိတဲ့ ဒီ ၿမိဳ႕မွာ ႐ုရွားဒုံးက်ည္ ၃ စင္းေၾကာင့္ ရံုးနဲ႔ အနားက လူေနအေဆာက္အအုံေတြ ပ်က္စီးခဲ့ရတယ္လို႔လည္း ယူကရိန္းအမ်ိဳးသားရဲတပ္ဖြဲ႔ကလည္းေျပာပါတယ္။

အခုလို ႐ုရွားဒံုးက်ည္တိုက္ခိုက္မူေၾကာင့္ ေပါက္ကြဲမီးေလာင္မူေတြ ဆက္ျဖစ္ခဲ့ၿပီး အနားက ကားရပ္နားတဲ့ေနရာမွာလည္း ကား အစီး ၅၀ မီးဆက္ေလာင္သြားခဲ့ရတယ္လို႔ ရဲေတြက ဆက္ရွင္းျပပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္း ႐ုရွားတိုက္ခိုက္မႈေတြအတြင္း အရပ္သား ၅ ဦးေသဆုံးခဲ့ရတယ္လို႔ ယူကရိန္းသမၼတ႐ုံးက ေျပာၾကားခဲ့ၿပီးေနာက္ အခုလို Vinnytsia ၿမိဳ႕ဆက္ၿပီး တိုက္ခိုက္ခံရတာပါ။

ေနာက္ Donbas ေဒသ ေရွ႕တန္းက ယူကရိန္းစစ္သားေတြကေတာ့ ရန္သူကို တြန္းလွန္တိုက္ထုတ္ပစ္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ မေန႔ ဗုဒၶဟူးေန႔က ေျပာခဲ့ပါေသးတယ္။

႐ုရွားတို႔ယူကရိန္းကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က စၿပီး က်ဴးေက်ာ္ဝင္ေရာက္လာကတည္းက လူသန္းေပါင္း မ်ားစြာ အိုးအိမ္စြန္႔ခြါထြက္ေျပးၾကရသလို ေထာင္ေပါင္းမ်ားစြာလည္း အသက္ဆုံးရႈံးခဲ့ရပါတယ္။

အခုလို ယူကရိန္းက ၿမိဳ႕တြင္း စစ္ပြဲေၾကာင့္ အပ်က္အစီးပုံႀကီးေတြအျဖစ္ ေျပာင္းလဲလာေနခ်ိန္မွာပဲ စစ္ပြဲဟာ ယူကရိန္း အေနာက္ဘက္ကို ကူးစက္လာေလမလားဆိုၿပီး စိုးရိမ္ပူပန္မႈေတြလည္း ရွိေနပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်း Vinnytsia မြို့ ရုရှားဒုံးကျည်ပစ်ခတ် ၁၂ ဦးထက်မနည်း သေဆုံး

ယူကရိန်း အလယ်ပိုင်းမြို့က အရပ်သားတွေကို ရုရှားဒုံးကျည်တွေနဲ့ ဒီနေ့ ပစ်ခဲ့လို့ အနည်းဆုံး ၁၂ ဦး သေပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရုရှားအနေနဲ့ စစ်ရေးအရ အရေးပါမှုမရှိတဲ့ ဒီ Vinnytsia မြို့မှာ အရပ်သားပစ်မှတ်ကို တိုက်ခဲ့တာက ဗြောင်အကြမ်းဖက်လိုက်တာလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရှုတ်ချလိုက်ပြီး ကလေးငယ်တယောက်လည်း သေတဲ့အထဲပါသွားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

မြို့တော် Kyiv အနောက်တောင်ဘက်မှာရှိတဲ့ ဒီ မြို့မှာ ရုရှားဒုံးကျည် ၃ စင်းကြောင့် ရုံးနဲ့ အနားက လူနေအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့လည်း ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့ကလည်းပြောပါတယ်။

အခုလို ရုရှားဒုံးကျည်တိုက်ခိုက်မူကြောင့် ပေါက်ကွဲမီးလောင်မူတွေ ဆက်ဖြစ်ခဲ့ပြီး အနားက ကားရပ်နားတဲ့နေရာမှာလည်း ကား အစီး ၅၀ မီးဆက်လောင်သွားခဲ့ရတယ်လို့ ရဲတွေက ဆက်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ရုရှားတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ယူကရိန်းသမ္မတရုံးက ပြောကြားခဲ့ပြီးနောက် အခုလို Vinnytsia မြို့ဆက်ပြီး တိုက်ခိုက်ခံရတာပါ။

နောက် Donbas ဒေသ ရှေ့တန်းက ယူကရိန်းစစ်သားတွေကတော့ ရန်သူကို တွန်းလှန်တိုက်ထုတ်ပစ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါသေးတယ်။

ရုရှားတို့ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စပြီး ကျူးကျော်ဝင်ရောက်လာကတည်းက လူသန်းပေါင်း များစွာ အိုးအိမ်စွန့်ခွါထွက်ပြေးကြရသလို ထောင်ပေါင်းများစွာလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခုလို ယူကရိန်းက မြို့တွင်း စစ်ပွဲကြောင့် အပျက်အစီးပုံကြီးတွေအဖြစ် ပြောင်းလဲလာနေချိန်မှာပဲ စစ်ပွဲဟာ ယူကရိန်း အနောက်ဘက်ကို ကူးစက်လာလေမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ် ခင်ဗျာ။

XS
SM
MD
LG