သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း လုံၿခဳံေရးဌာနတြင္း စုံစမ္းစစ္ေဆးမႈမ်ားေဆာင္႐ြက္


ယူကရိန္းလံုၿခံဳေရးဌာနအႀကီးအကဲ Ivan Bakanov ႐ုရွားေက်ာေထာက္ေနာက္ခံျပဳသူပုန္အဖြဲ႔ေတြရွိရာ ေရွ႕တန္းေနရာေတြကို သြားေရာက္စဥ္။ (ေဖေဖၚဝါရီ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဌာနႏွစ္ခုက အႀကီးအကဲႏွစ္ေယာက္ကို မေန႔က ရာထူးကဖယ္ရွားၿပီးတဲ့ေနာက္ ယူကရိန္းသမၼတက တာဝန္ရွိသူ ၂၈ ဦးကိုလည္း တာဝန္က ရပ္ဆိုင္းထားလိုက္ ပါတယ္။

ယူကရိန္းေထာက္လွမ္းေရးဌာနက လူေတြကို စိစစ္ေနတယ္လို႔ သမၼတ Volodymyr Zelenskyy က သူ႔ရဲ႕ ညစဥ္ မိန႔္ခြန္းမွာ ေျပာၾကားသြားပါတယ္။ အလုပ္ရလဒ္က ေက်နပ္ဖြယ္မရွိတာေၾကာင့္ ခုလို စိစစ္ေနတာျဖစ္တယ္လို႔ သူ ကဆိုပါတယ္။

လုံၿခဳံေရးဌာနအႀကီးအကဲ Ivan Bakanov နဲ႔ အစိုးရအမႈလိုက္ေရွ႕ေနခ်ဳပ္ Iryna Venediktova တို႔ကို မေန႔က တာဝန္က ရပ္စဲထားလိုက္ၿပီး ရာထူးကထုတ္ဖို႔ ဆက္လက္ စဥ္းစားေနတယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီ ဌာန ၂ ခုမွာ ႐ုရွားနဲ႔ ပူးေပါင္းသူေတြ သစၥာေဖာက္ေတြရွိတယ္လို႔လည္း သမၼတ Zelenskyy က ဆိုပါတယ္။

ခုလိုလုပ္တာဟာ စစ္တပ္နဲ႔ ေထာက္လွမ္းေရးကို ပိုမိုခိုင္မာေအာင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ သမၼတ Zelenskyy က ေဆာင္႐ြက္တာျဖစ္တယ္လို႔ သုံးသပ္သူေတြက ထင္ျမင္ၾကပါတယ္။

အေမရိကန္ႏိုင္ငံကေတာ့ ယူကရိန္းနဲ႔ ဆက္ဆံရာမွာ လူ ပုဂၢိဳလ္ေတြအေပၚ အေျခခံတာမဟုတ္ဘဲ အဖြဲ႕အစည္းေတြနဲ႔ က်င့္ထုံးေတြ အေပၚ အေျခခံဆက္ဆံတာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Ned Price က ဝါရွင္တန္မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ ႐ုရွားရဲ႕ စစ္ရာဇဝတ္မႈေတြအတြက္ အေမရိကန္က ယူကရိန္းနဲ႔ ဆက္လက္လုပ္ေဆာင္မွာ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။ တာဝန္က ဖယ္ရွားခံလိုက္ရတဲ့ အစိုးရ အမႈလိုက္ေရွ႕ေနခ်ဳပ္ Iryna Venediktova ဟာ ႐ုရွားရဲ႕ စစ္ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးခဲ့သူတေယာက္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ယူကရိန်း လုံခြုံရေးဌာနတွင်း စုံစမ်းစစ်ဆေးမှုများဆောင်ရွက်

ဌာနနှစ်ခုက အကြီးအကဲနှစ်ယောက်ကို မနေ့က ရာထူးကဖယ်ရှားပြီးတဲ့နောက် ယူကရိန်းသမ္မတက တာဝန်ရှိသူ ၂၈ ဦးကိုလည်း တာဝန်က ရပ်ဆိုင်းထားလိုက် ပါတယ်။

ယူကရိန်းထောက်လှမ်းရေးဌာနက လူတွေကို စိစစ်နေတယ်လို့ သမ္မတ Volodymyr Zelenskyy က သူ့ရဲ့ ညစဉ် မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ အလုပ်ရလဒ်က ကျေနပ်ဖွယ်မရှိတာကြောင့် ခုလို စိစစ်နေတာဖြစ်တယ်လို့ သူ ကဆိုပါတယ်။

လုံခြုံရေးဌာနအကြီးအကဲ Ivan Bakanov နဲ့ အစိုးရအမှုလိုက်ရှေ့နေချုပ် Iryna Venediktova တို့ကို မနေ့က တာဝန်က ရပ်စဲထားလိုက်ပြီး ရာထူးကထုတ်ဖို့ ဆက်လက် စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဌာန ၂ ခုမှာ ရုရှားနဲ့ ပူးပေါင်းသူတွေ သစ္စာဖောက်တွေရှိတယ်လို့လည်း သမ္မတ Zelenskyy က ဆိုပါတယ်။

ခုလိုလုပ်တာဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးကို ပိုမိုခိုင်မာအောင် ထိန်းချုပ်နိုင်ဖို့ သမ္မတ Zelenskyy က ဆောင်ရွက်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ထင်မြင်ကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ယူကရိန်းနဲ့ ဆက်ဆံရာမှာ လူ ပုဂ္ဂိုလ်တွေအပေါ် အခြေခံတာမဟုတ်ဘဲ အဖွဲ့အစည်းတွေနဲ့ ကျင့်ထုံးတွေ အပေါ် အခြေခံဆက်ဆံတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားရဲ့ စစ်ရာဇဝတ်မှုတွေအတွက် အမေရိကန်က ယူကရိန်းနဲ့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ တာဝန်က ဖယ်ရှားခံလိုက်ရတဲ့ အစိုးရ အမှုလိုက်ရှေ့နေချုပ် Iryna Venediktova ဟာ ရုရှားရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့သူတယောက်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG