သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပေကာင္စီ စည္းေဝးပြဲမွာ ယူကရိန္းအေရး ဦးစားေပးေဆြးေႏြးမည္


Popasna ၿမိဳ႕မွာ ႐ုရွားေထာက္ခံတဲ့ တင့္ကားေတြကိုေတြ႔ရစဥ္။ 


[[Zawgyi/Unicode]]

ဒီကေန႔က်င္းပတဲ့ ဥေရာပေကာင္စီအစည္းအေဝးမွာ ယူကရိန္းကိုကူညီေရး၊ ႐ုရွား အေပၚ သဘာဝစြမ္းအင္မွီခိုေနရတာ ေလွ်ာ့ခ်ေရးနဲ႔ ႐ုရွားက်ဴးေက်ာ္စစ္နဲ႔ ဆက္ႏြယ္ျဖစ္လာတဲ့ စားနပ္ရိကၡာလုံၿခဳံေရးဆိုင္ရာကိစၥေတြကို ေဆြးေႏြးဖို႔စီစဥ္ထားၿပီး ယူကရိန္း သမၼတ Volodymyr Zelenskyy က မိန႔္ခြန္း ေျပာၾကားဖို႔ ရွိပါတယ္။

ယူကရိန္းႏိုင္ငံ ျပန္လည္တည္ေဆာက္ရာမွာ တကမာၻလုံးရဲ႕အားထုတ္မႈလိုအပ္တဲ့အတိုင္း ဘယ္လို အေကာင္းဆုံးကူညီႏိုင္မလဲဆိုတာကို ေဆြးေႏြးၾကပါမယ္လို႔ ဥ‌ေရာပ ေကာင္စီရဲ႕ ဥကၠဌ Charles Michel က ေျပာပါတယ္။ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ေဈး ျမင့္တက္တာနဲ႔ ဆက္စပ္လို႔ စားေသာက္ကုန္ေဈးႏႈန္းေတြတက္လာတဲ့အေၾကာင္းကိုလည္း ေဆြးေႏြးၾကမွာျဖစ္တယ္လို႔ သူကဆိုပါတယ္။

ယူကရိန္းႏိုင္ငံမွာေတာ့ ႐ုရွားတပ္ေတြက Sievierodonetsk ၿမိဳ႕ကို ဆက္လက္ တိုက္ခိုက္ေနၿပီး ၿမိဳ႕ အေဆာက္အဦး ၉၀ ရာႏႈန္း ပ်က္စီးသြားခဲ့တယ္လို႔ သမၼတ Zelenskyy က တနဂၤေႏြေန႔က ဗြီဒီယို မိန႔္ခြန္းမွာ ေျပာၾကားပါတယ္။ သမၼတ Zelenskyy ဟာ အေရွ႕ပိုင္းက Kharkiv ၿမိဳ႕ကို သြားေရာက္ၿပီး ယူကရိန္းတပ္ေတြကို ေတြ႔ဆုံ ဆု ခ်ီးျမႇင့္ခဲ့ပါတယ္။ ယူကရိန္းရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ကေန ႐ုရွားတပ္ေတြ ကို ေအာင္ျမင္စြာေမာင္းထုတ္ႏိုင္ေၾကာင္း သမၼတရဲ႕ ဒီ ခရီးစဥ္က ျပသေနတာပါ။ ဒါေပမဲ့ ခါခစ္ဗ္ေဒသ ရဲ႕ ၃၁ ရာႏႈန္းကို ႐ုရွားတပ္ေတြက သိမ္းပိုက္ထားဆဲ ျဖစ္ေၾကာင္း ယူကရိန္းတပ္ေတြ ရဲ႕ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး Oleh Synyehubov က ေျပာပါတယ္။ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ ခါဆန္ဝန္းက်င္ေနရာေတြကို ျပန္လည္ သိမ္းပိုက္ႏိုင္ ဖို႔ ယူကရိန္းက တန္ျပန္ထိုးစစ္တရပ္ကို တနဂၤေႏြေန႔က ဆင္ႏႊဲလိုက္ပါတယ္။

ဒါေပမဲ့ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov ကတာ့ Donetsk နဲ႔ Luhansk ေဒသ လြတ္ေျမာက္ေရးဟာ ဦးစားေပးလုပ္ငန္းျဖစ္ၿပီး အဲဒီေဒသကို လြတ္လပ္တဲ့ ႏိုင္ငံေတာ္ေတြအျဖစ္ ႐ုရွားက ရႈျမင္ေၾကာင္း ျပင္သစ္႐ုပ္ျမင္သံၾကား TF1 ကို တနဂၤေႏြေန႔က ေျပာလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ဥရောပကောင်စီ စည်းဝေးပွဲမှာ ယူကရိန်းအရေး ဦးစားပေးဆွေးနွေးမည်

ဒီကနေ့ကျင်းပတဲ့ ဥရောပကောင်စီအစည်းအဝေးမှာ ယူကရိန်းကိုကူညီရေး၊ ရုရှား အပေါ် သဘာဝစွမ်းအင်မှီခိုနေရတာ လျှော့ချရေးနဲ့ ရုရှားကျူးကျော်စစ်နဲ့ ဆက်နွယ်ဖြစ်လာတဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့စီစဉ်ထားပြီး ယူကရိန်း သမ္မတ Volodymyr Zelenskyy က မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။

ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရာမှာ တကမ္ဘာလုံးရဲ့အားထုတ်မှုလိုအပ်တဲ့အတိုင်း ဘယ်လို အကောင်းဆုံးကူညီနိုင်မလဲဆိုတာကို ဆွေးနွေးကြပါမယ်လို့ ဥ‌ရောပ ကောင်စီရဲ့ ဥက္ကဌ Charles Michel က ပြောပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေး မြင့်တက်တာနဲ့ ဆက်စပ်လို့ စားသောက်ကုန်ဈေးနှုန်းတွေတက်လာတဲ့အကြောင်းကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ယူကရိန်းနိုင်ငံမှာတော့ ရုရှားတပ်တွေက Sievierodonetsk မြို့ကို ဆက်လက် တိုက်ခိုက်နေပြီး မြို့ အဆောက်အဦး ၉၀ ရာနှုန်း ပျက်စီးသွားခဲ့တယ်လို့ သမ္မတ Zelenskyy က တနင်္ဂနွေနေ့က ဗွီဒီယို မိန့်ခွန်းမှာ ပြောကြားပါတယ်။ သမ္မတ Zelenskyy ဟာ အရှေ့ပိုင်းက Kharkiv မြို့ကို သွားရောက်ပြီး ယူကရိန်းတပ်တွေကို တွေ့ဆုံ ဆု ချီးမြှင့်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ကနေ ရုရှားတပ်တွေ ကို အောင်မြင်စွာမောင်းထုတ်နိုင်ကြောင်း သမ္မတရဲ့ ဒီ ခရီးစဉ်က ပြသနေတာပါ။ ဒါပေမဲ့ ခါခစ်ဗ်ဒေသ ရဲ့ ၃၁ ရာနှုန်းကို ရုရှားတပ်တွေက သိမ်းပိုက်ထားဆဲ ဖြစ်ကြောင်း ယူကရိန်းတပ်တွေ ရဲ့ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleh Synyehubov က ပြောပါတယ်။ တောင်ပိုင်းဆိပ်ကမ်းမြို့ ခါဆန်ဝန်းကျင်နေရာတွေကို ပြန်လည် သိမ်းပိုက်နိုင် ဖို့ ယူကရိန်းက တန်ပြန်ထိုးစစ်တရပ်ကို တနင်္ဂနွေနေ့က ဆင်နွှဲလိုက်ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတာ့ Donetsk နဲ့ Luhansk ဒေသ လွတ်မြောက်ရေးဟာ ဦးစားပေးလုပ်ငန်းဖြစ်ပြီး အဲဒီဒေသကို လွတ်လပ်တဲ့ နိုင်ငံတော်တွေအဖြစ် ရုရှားက ရှုမြင်ကြောင်း ပြင်သစ်ရုပ်မြင်သံကြား TF1 ကို တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

=============

XS
SM
MD
LG