သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတပ်တွေ ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေဟု ကန်က ရုရှားအစိုးရကိုသတိပေး


BELARUS-RUSSIA-DEFENCE-ARMY
BELARUS-RUSSIA-DEFENCE-ARMY

[[Zawgyi/Unicode]]

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ သတင်းတွေအပေါ် အမေရိကန်ကလည်း ရုရှားကို သတိပေးလိုက်ပါတယ်။

စစ်ဖြစ်နေတဲ့ ရုရှားနဲ့ယူကရိန်းကြား အဆင့်မြင့်ဆွေးနွေးပွဲတွေ တိုးတက်မှုမရှိသေးချိန်၊ ရုရှားဟာ ယူကရိန်းပြည်သူ နေထိုင်ရာတွေကို ထိခိုက်ပျက်စီးမှုတွေ အကြီးအကျယ်ဖြစ်အောင် မဟာဗျူဟာနဲ့ လုပ်လာနေတယ်လို့ အမေရိကန်အရာရှိတွေက မနေ့က ဝေဖန်လိုက် ပါတယ်။

“အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ရရှိထားပြီး ဒါဟာ ဂျနီဗာကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဆိုပြီး ရုရှားက ကျူးလွန်နေတယ်လို့တော့ တိုက်ရိုက် မစွပ်စွဲသွားပါဘူး။ ရုရှားသမ္မတ Vladimir Putin အနေနဲ့ ယူကရိန်းကို ခပ်မြန်မြန် သိမ်းပိုက်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ဘူးဆိုတာ ခုချိန်မှာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့လည်း ပြောခွင့်ရ Price က ထောက်ပြပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းပြည်သူတွေရဲ့ ဆန္ဒတွေကို ရိုက်ချိုးသိမ်းပိုက်ဖို့ ကြိုးစားပေမဲ့ ဖြစ်မလာတဲ့အခါ အရပ်သားနေထိုင်ရာတွေကို အခုလိုမဲပြီး ပြောင်းလဲတိုက်ခိုက်ဖျက်စီးလာတာလို့လည်း Ned Price က အပြစ်တင်လိုက်ပါတယ်။

ဒါပေမယ့် အခုလို ယူကရိန်းစစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားဘက်ကတော့ ငြင်းထားပါတယ်။

ပိုလန်ကိုရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris ကလည်း ရုရှားကျုးကျော်စစ် ထဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးသွားဖို့ ထောက်ခံတယ်လို့ ပြောထားပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








==================

XS
SM
MD
LG