သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး အနောက်အုပ်စု အင်အားသုံးမည်မဟုတ်


ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုဟာ ယူကရိန်းနိုင်ငံမှာ အောင်ပွဲခံလိမ့်မယ်လို့ သူယုံကြည်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက မတ်လ ၂၆ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ပြောဆိုခဲ့ပါတယ်။

ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက်၊ Palais des Beaux အနုပညာပြတိုက်မှာ သူ့ကို စောင့်မျှော်နေကြတဲ့ ပရိသတ်နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ အိုဘားမားက အခုလို ပြောဆိုခဲ့ တာပါ။

Crimea ဒေသကနေ ရုရှားကို ပြန်ပြီး ဖယ်ရှားပစ်ရေး ကြိုးပမ်းဖို့၊ အင်အားကြီး အနောက်နိုင်ငံတွေမှာ ဘယ်လိုအစီအစဉ်မှ မရှိဘူးလို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အနောက်နိုင်ငံတွေဟာ ဆက်ပြီး စည်းလုံးညီညွတ်နေကြမယ်ဆိုရင်၊ ရုရှားဟာ သူ့ရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ အင်အားထပ်သုံးလို့ မရနိုင်ဘူးဆိုတာကို သဘောပေါက် နားလည်လိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် သမ္မတ အိုဘားမား က “ရုရှားဟာ Crimea ဒေသကို သိမ်းပိုက်လိုက်တဲ့အတွက်
နိုင်ငံတကာ မိသားစုဟာ ရုရှားကို အထီးကျန ်ပစ်ပယ်ထားဖို့ သန္ဓိဌာန်တွေ ပိုမို စည်းလုံးညီညွတ်လာကြတယ်။ အခု ပြဿနာကနေ ဥရောပဟာ စွမ်းအင်လောင်စာ ရရှိရေးအတွက် ရုရှားကိုမမှီခိုပဲ တခြားသော နည်းလမ်းတွေနဲ့ ရရှိရေး ကြိုးပမ်းကြဖို့ မီးမောင်းထိုးပြလိုက်တယ်။” လို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

ရုရှားရဲ့စွမ်းအင် အရင်းအမြစ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ရုရှားကို အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုအတွက် နောက်ထပ်ပစ်မှတ်တခု ဖြစ်လာနိုင်တယ်လို့လည်း သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့က စက်မှုဖွံ့ဖြိုးပြီး ထိပ်သီး ၈ နိုင်ငံထဲကနေ ရုရှားကို ထုတ်ပယ်ပစ်ဖို့ ကျန်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံက ဆုံးဖြတ်ခဲ့ကြပါတယ်။
XS
SM
MD
LG