မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်မှာ ဘာသာရေး၊ လူမျိုးရေးအရ အုပ်စုတစုအတွက် သွားပြီး အကန့်အသတ် ဖြစ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးရဲ့ အစီရင်ခံစာဟာ အခြေအမြစ်မရှိဘဲ မမှန်ကန်တဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး မြန်မာဘက်က ချေပ ခဲ့ပါတယ်။ ဂျနီဗာမှာလုပ်သွားတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ အခုလို တုံ့ပြန်ခဲ့တာပါ။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြထားပါတယ်။
၂၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တတိယအစည်းအဝေးအတွင်း ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံအရပ်ရပ်က အခြေအနေတွေကို ဆွေးနွေး တင်ပြနေရာမှာ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Maina Kiai က နှစ်စဉ် သူ့အစီရင်ခံစာကို တင်သွင်းရာမှာ မြန်မာနိုင်ငံကိုပါ ဥပမာပေး ဖော်ပြခဲ့တာပါ။
“မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ ရုရှားနိုင်ငံတွေမှာ ချမှတ်ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေတွေကို ကြည့်မယ်ဆိုရင် လူစုလူဝေး စည်းရုံးလှုပ်ရှားရာမှာ ဥပမာအားဖြင့် နိုင်ငံသားမဟုတ်တဲ့သူ၊ လိင်တူချင်း စိတ်ဝင်စားတဲ့သူတွေ စသဖြင့် အုပ်စုတစုစုကို သီးသန့် ဖယ်ထုတ် ကန့်သတ်ထားတာမျိုး ရှိနေပါတယ်။”
ကမ္ဘာ့နိုင်ငံအရပ်ရပ်က ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်ထဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။
“လူ ၅ ဦးထက် ပိုမစုဝေးရဘူးဆိုတဲ့ ရခိုင်ပြည်နယ်မှာ ပြဌာန်းသွားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကို ကြည့်မယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် မဟုတ်ဘဲ၊ ရိုဟင်ဂျာတွေအတွက် သွားပြီး သက်ရောက်မှု ရှိနေပါတယ်။ ဘာသာရေးအရ စုဝေး ဝတ်ပြုဆုတောင်းတာမျိုး၊ ဘာသာရေးပွဲတော် လုပ်တာတွေမျိုး လူစုလူဝေး လုပ်ဖို့ အကန့်အသတ် သွားဖြစ်ပါတယ်။”
အခုလို အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေကို နိုင်ငံအလိုက် ပြန်ပြီး ဆွေးနွေး ကြ၊ တုံ့ပြန်ကြရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာကိုယ်စားလှယ်ဘက်က ငြင်းဆို ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် လူ့အခွင့်အရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပိုပြီး ခံစားခွင့်ရနေကြပြီလို့ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်လင်းမာလာလွင် ပြောပါတယ်။
“အခုချိန်အထိဆိုရင် မြန်မာနိုင်ငံထဲမှာ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရော ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းရော စုစုပေါင်း ၆၉၉ ဖွဲ့ မှတ်ပုံတင် ဖွဲ့စည်းထားပါတယ်။ ၂၀၁၂ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ထွက်ပြီးကတည်းကဆိုရင်လည်း အလုပ်သမားရော အလုပ်ရှင်ရော အဖွဲ့အစည်းပေါင်း တစ်ထောင်ကျော် ဖွဲ့စည်းလှုပ်ရှားနေကြပါပြီ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အဖွဲ့ဝင်အနေနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လက်ခံ အသိအမှတ်ပြုပါတယ်။”
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့သလို၊ အဲဒီနောက်ပိုင်း ငြိမ်းချမ်းတဲ့ ဆန္ဒပြမှု အတော်များများလည်း ရှိနေတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ အထူးကိုယ်စားလှယ်ဘက်က တင်ပြတဲ့အထဲ နိုင်ငံသားမဟုတ်သူတွေနဲ့ ပတ်သက်လို့ အခွင့်အရေးကိုတော့ သီးခြားသတ်မှတ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ မြန်မာကိုယ်စားလှယ် ဒေါ်လင်းမာလာလွင်က တုံ့ပြန်ခဲ့ပါတယ်။
“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ဥပဒေတွေမှာ နိုင်ငံသား မဟုတ်သူတွေအတွက် သီးခြား အခွင့်အရေးပေးတဲ့ အချက်အလက်မျိုးတွေ ရှိတယ်ဆိုရင် အထူးကိုယ်စားလှယ်ဘက် ပြန်လည် ရှင်းပြပြောဆိုတာ ကောင်းပါလိမ့်မယ်။ အထူးကိုယ်စားလှယ်ရဲ့ ဒီအစီရင်ခံစာထဲ မြန်မာနိုင်ငံကို အသေအချာ ထည့်သွင်း ပြောဆိုထားချက်ဟာ စိတ်မကောင်းစရာပါ။ အစီရင်ခံစာထဲ နေရာတချို့မှာ နိုင်ငံတွေကို နာမည်နဲ့မပြောဘဲ အရေအတွက်နဲ့ ထောက်ပြ ဖော်ညွှန်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကိုတော့ တချို့နိုင်ငံတွေနဲ့ယှဉ်ပြီး နာမည်နဲ့တကွ ထောက်ပြထားပါတယ်။ ဒီနောက်ကွယ်က ဘာအကြောင်းကြောင့်လဲဆိုတာ ကျမတို့ နားမလည်ပါဘူး။”
ပဋိပက္ခကြောင့် အရေးပေါ် အခြေအနေ ကြေညာရပေမဲ့လည်း ဘာသာရေးအရ ဝတ်ပြု ဆုတောင်းမှု ပြုနိုင်အောင်လည်း မြန်မာအာဏာပိုင်တွေက စီမံပေးခဲ့တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။
“ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်မှာ အခုလို အရေးပေါ် အခြေအနေ ကြေညာထားတာပါ။ ဒီနေရာမှာ အဖွဲ့တဖွဲ့ကိုဖြစ်စေ၊ ယုံကြည်မှုအရ ကွဲပြားနေတဲ့ အုပ်စုတစုကိုဖြစ်စေ သီးခြား သတ်မှတ် ထုတ်ပြန်လို့ မရပါဘူး။ ဒုက္ခသည်စခန်းတွေမှာဆိုရင် ဝတ်ပြုဆုတောင်းဖို့ နေရာတွေ သတ်သတ်မှတ်မှတ် လုပ်ပေးထားပါတယ်။ ဥပမာဆိုရင် စစ်တွေမြို့နယ်တွင်း ဒုက္ခသည်စခန်းနေရာ ၁၃ ခုမှာ ဝတ်ပြုဆုတောင်းတဲ့အခန်း ၄၉ ခန်း ထားရှိပေးထားပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ စုဝေး ဝတ်ပြုဆုတောင်မှုနဲ့ ဆက်နွယ်ပြီး အစီရင်ခံစာထဲမှာတော့ အခြေအမြစ်မရှိတဲ့ သတင်းအပေါ် အခြေခံပြီး ရေးသား ဖော်ပြထားပါတယ်။”
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ကိုင်တွယ် ဖြေရှင်းမှုတွေပေါ်မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာတော့ ဝေဖန်ပြစ်တင်ခံရမှုတွေ ရှိနေပါတယ်။ အခုလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ အနောက်ခြမ်းက ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ကိုင်တွယ်မှုအပေါ် ဝေဖန်ထားတာပါ။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုး မြန်မာနိုင်ငံမှာ မရှိဘူးလို့ ငြင်းထားသလို၊ အခု အစီရင်ခံစာထဲမှာ ရိုဟင်ဂျာဆိုပြီး ထည့်သွင်း သုံးနှုန်းထားတဲ့အပေါ်မှာလည်း လက်မခံ ကန့်ကွက်ခဲ့ပါတယ်။