သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်လုံခြုံရေး ကျဆင်းမှုကြောင့် ကုလစိုးရိမ်မှုတိုး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
အီရတ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်တွင်း ဖြစ်ပွားနေတဲ့ သွေးထွက် သံယို ပဋိပက္ခတွေရဲ့ အရင်းအမြစ်ကို ရှာဖွေကိုင်တွယ် ဖြေရှင်းကြပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

ရှီအိုက် မူဆလင်တွေ ဦးဆောင်တဲ့ အီရတ်အစိုးရနဲ့ ဆူနီမူဆလင် လူနည်းစုတွေကြား အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၉ လတွင်း လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရချိန်မှာ အယ်လ်ခိုင်းဒါး စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက အဓိက မြို့ကြီး နှစ်မြို့ကို သိမ်းယူ ထိန်းချုပ်ထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဖို့ ကြိုတင်ကြေညာခြင်း မရှိဘဲ Baghdad မြို့ကို တနင်္လာနေ့က ရောက်ရှိသွားခဲ့ပါတယ်။ အီရတ်နိုင်ငံတွင်း လုံခြုံရေး အခြေအနေ ဆိုးရွားလာနေတဲ့အပေါ်မှာ အထူးစိုးရိမ်ပြီး အပြစ်မဲ့အရပ်သားတွေ သေဆုံးရမှု အတွက် အထူးဝမ်းနည်းရတဲ့အကြောင်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

အီရတ်ပြည်သူတွေဟာ တိုင်းပြည်တွေအတွက် အကျိုးရလဒ်ကောင်းတွေနဲ့ ပိုမို ကောင်းမွန်တဲ့ အနာဂတ်တခုဖြစ်လာအောင် ခေါင်းဆောင်တွေက ဆောင်ကြဉ်းပေးမယ့်အချိန်ကို စောင့်မျှော်နေကြတာဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံး အကြမ်းဖက်မှုတွေကို ညီညီညွတ်ညွတ် လက်တွဲတိုက်ဖျက်ပြီး တိုင်းပြည်ကို တည်ငြိမ်အောင် လုပ်သွားဖို့ အရေးကြီးတဲ့အကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG