သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ပြဿနာ ကုလမဟာမင်းကြီး သတိပေး


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရသူပေါင်းဟာ ၂၀၁၄ ခုနှစ်မှာ ၅၉ သန်းခွဲအထိ ရှိလာနေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး က ပြောကြား လိုက်ပါတယ်။ ဥရောပမှာ အခြေချဖို့ မြေထဲပင်လယ်နဲ့ Aden ပင်လယ်ကွေ့တွေကို အသက်စွန့်ပြီး ဖြတ်ကြသူတွေ၊ မြန်မာနဲ့ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေ ကနေ အရှေ့တောင်အာရှနိုင်ငံတွေကို သွားဖို့ ကြိုးစားကြသူတွ အရေးကို ကမ္ဘာက တာဝန်တရပ် အနေနဲ့ လက်ခံပြီး ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်တာပါ။ ဒီအထဲမှာ ရိုဟင်ဂျာတွေအရေးနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံက အခုထက်ပိုပြီး အရေးယူ ဆောင်ရွက်ပေး ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ၂၀၁၄ ခုနှစ်ကုန်အထိ စာရင်းတွေအရ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်က သန်းပေါင်း ၆၀ လောက်ရှိနေပြီး ဒါဟာ ၂၀၁၃ ခုနှစ်ကထက် ၈ သန်းလောက် ပိုလာသလို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကထက် သန်း ၂၀ လောက် ပိုလာတယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေထဲက ဘင်္ဂလား ပင်လယ်အော်နဲ့ အရှေ့တောင် အာရှ ရေပြင်တွေထဲမှာ သောင် တင်နေတဲ့ ဒုက္ခသည်တွေ အတွက် ဒေသ တွင်းနိုင်ငံတွေ ရဲ့ ဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂက ဝမ်းမြောက်ပေမယ့် အခုထက်ပိုပြီး လုပ်စရာတွေ ရှိသေးတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။

"မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေက ပင်လယ်ပြင်ထဲက ဒုက္ခသည်တွေကို ကယ်တင်ဖို့ စလုပ်လာတာအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကပါ ပင်လယ်ပြင်ထဲ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ် တာတွေ လုပ်ခဲ့တာပါ။ ဒါပေမယ့် ထင်ရှားလာတာက ဒီလို ဒုက္ခသည် ဖြစ် လာရတဲ့ အကြောင်းရင်းကို ထုတ်ပြောကြဖို့ လိုနေပြီဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ဆိုရင် ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့ ဖြစ်နေသလိုသူတို့ရဲ့ ရပိုင်ခွင့်တွေ အတွက် လေးစားမှုလည်း မရတဲ့အတွက် ဒီလို ပြဿနာတွေ ဖြစ်နေတာပါ။"

လူပေါင်း ၁၂၂ ယောက်တိုင်းမှာ တယောက်ကတော့ ဒုက္ခသည်၊ ဒါမှမဟုတ် ပြည်တွင်းအိုးအိမ်စွန့်ခွါ ထွက်ပြေးသူ၊ ဒါမှမဟုတ် နိုင်ငံရေး ခိုလှုံသူတွေ ဖြစ်နေပြီး ဒီကမ္ဘာ့လက်ရှိ အခြေနေက ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ထင်ဟပ်နေတယ်လို့ မစ္စတာ ဂူးထရပ်စ်က ပြောပါတယ်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒုက္ခသည်တွေ အတွက်တင် မကပါဘူး။ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"

လက်ရှိမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ဒုက္ခသည် အများဆုံး နိုင်ငံဟာ ဆီးရီးယား ဖြစ်ပြီး သူ့နောက်မှာ အာဖဂန်နစ္စတန် နဲ့ ဆိုမားလီယား နိုင်ငံတွေ ဖြစ်ပါတယ်။ ဆီးရီးယား အိမ်နီးချင်း တူရကီကတော့ ဒုက္ခသည် အများဆုံး လက်ခံရတဲ့ နိုင်ငံပါ။ ဂရိနဲ့ အီတလီ နိုင်ငံတွေမှာလည်း ဥရောပကို အခြေချ ချင်သူတွေနဲ့ ပြည့်နေပါတယ်။ ဒီဒုက္ခသည်တွေရဲ့ ပြဿနာကို ဘယ်လို ဝေမျှယူကြမယ် ဆိုတာအတွက်တော့ ဥရောပ နိုင်ငံတွေကြား အငြင်းပွါးနေကြပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းက တာဝန်တရပ်အနေနဲ့ လက်ခံပြီး ဆောင်ရွက်ရမယ့် အချိန် ရောက်နေပါပြီ။ ဒုက္ခသည်တွေအတွက်တင် မကပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒါမှမဟုတ် ဒုက္ခရောက်စေတဲ့ ပဋိပက္ခတွေ အတွက် အဖြေရှာရမှာပါ။"

ဂျာမဏီ နိုင်ငံခြားရေး ဝန်ကြီး Frank Walter Steinmeier ပါ။ EU အဖွဲ့ဝင် နိုင်ငံ အများအပြား ကတော့ ဒါကိုလက်မခံကြပါဘူး။ ဟန်ဂေရီက သူရဲ့ဆားဗီးယား နယ်စပ်ကို ပိတ်ပစ်မယ့်အစီစဉ်ကို ကြေညာခဲ့ပါတယ်။

ဂျာမဏီနဲ့ ဆွီဒင်ကို သွားမယ့် ဒုက္ခသည် အများအပြား ဟာ ဘော်လကန်နိုင်ငံတွေကို ဖြတ်ပြီး ဟန်ဂေရီကို ရောက်လာကြတာ ဖြစ်ပါတယ်။

"၁၇၅ ကီလိုမီတာရှည်တဲ့ နယ်စပ်တလျှောက်မှာ ၄ မီတာ မြင့်တဲ့ ခြံစည်းရိုးခတ်ပြီး ပိတ်ပစ်မယ်လို့ ကျွန်တော်တို့ ပြောနေတာပါ။

ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပါ။

ကမ္ဘာတလွှားမှာ အခုလို ဒုက္ခသည်တွေ ပေါ်ပေါက်လာနေတဲ့ ပြဿနာ အတွက်တော့ ကုလသမဂ္ဂနဲ့ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက တာဝန်ယူနိုင်မှာတော့ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောပါတယ်။

XS
SM
MD
LG