သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ဒုက္ခသည် လုံခြုံရေး ချက်ချင်းဆောင်ရွက်ဖို့ ကုလနှိုးဆော်


ဆီးရီးယားနိုင်ငံရဲ့မြို့တော်နား Yarmouk ဒုက္ခသည်စခန်း။
ဆီးရီးယားနိုင်ငံရဲ့မြို့တော်နား Yarmouk ဒုက္ခသည်စခန်း။

ဆီးရီးယားနိုင်ငံရဲ့မြို့တော်နား Yarmouk ဒုက္ခသည်စခန်းထဲက ပါလက်စတိုင်း ဒုက္ခသည်တွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမယ့် အရေးကနေ အကာအကွယ်ပေးဖို့ အမြန်ဆုံး လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောလိုက်ပါတယ်။ အဲဒီဒုက္ခသည်စခန်းကို အစ္စလာမ်စစ်သွေးကြွ IS အစွန်းရောက်တွေက ထိန်းချုပ်ထားတာပါ။

ဒမတ်စ်ကပ်စ်မြို့တော် တောင်ပိုင်းက ဒုက္ခသည်စခန်းထဲမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေဆီ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးပို့နိုင်ရေး မစ္စတာဘန်က နှိုးဆော်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒုက္ခသည်စခန်းကို IS တွေအလုံးအရင်းနဲ့ ဝင်စီးချိန်တုန်းက စခန်းထဲမှာ ပါလက်စတိုင်းဒုက္ခသည် ခန့်မှန်း ခြေ ၁၈၀၀၀ လောက်ရှိနေပါတယ်။

တချိန်က ပါလက်စတိုင်းဒုက္ခသည် ၁၇၀၀၀၀ လောက်ထိရှိခဲ့ဖူးတဲ့ အဲဒီစခန်းဟာ ဆီးရီးယားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ နှစ်နှစ်နီးပါးရှိခဲ့ပါတယ်။ အဲဒီကာလတွေတုန်း ကလည်း အကူအညီတွေ ပုံမှန်မရခဲ့ပါဘူး။

XS
SM
MD
LG