သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဖောက်ပြန်မှု အန္တရာယ် ကုလသတိပေး


IPCC ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့က ညွှန်ပြထားတဲ့ ရာသီဥတုဖောက်ပြန်မှုဇယား။
IPCC ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့က ညွှန်ပြထားတဲ့ ရာသီဥတုဖောက်ပြန်မှုဇယား။
လူသားတွေကြောင့် ဖြစ်ရတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေဟာ ကမ္ဘာ့တိုက်ကြီး အသီးသီးနဲ့ ပင်လယ်သမုဒ္ဒရာတွေကို ထိခိုက်နေတဲ့အကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ IPCC ရဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာကြီး ပိုမိုပူနွေးလာတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေအတွက် အဆင်သင့် မဖြစ်တဲ့ အခြေအနေတွေကိုလည်း အလေးထား ထောက်ပြခဲ့တာပါ။ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူသားတွေနဲ့ ဂေဟဗေဒစနစ်အပေါ် ရိုက်ခတ်မှုတွေဟာ လက်တွေ့အချိန်မှာကို ရင်ဆိုင်နေရတဲ့ အကြောင်းလည်း IPCC အဖွဲ့ဝင်တဦးဖြစ်သူ Chris Field က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုသွားပါတယ်။

ရာသီဥတု ဖောက်ပြန်မှုဒဏ် လက်တွေ့ခံစားနေရတဲ့ အထဲမှာတော့ စိုက်ပျိုးရေး၊ လူတွေရဲ့ ကျန်းမာရေး၊ ရေရရှိရေး၊ ကုန်းနဲ့ရေမှာရှိတဲ့ ဂေဟဗေဒစနစ်တွေ ပါဝင်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့အမျှ ရိုက်ခတ်လာမယ့် အန္တာရာယ်တွေဟာ တားဆီးလို့ မရနိုင်တဲ့ အခြေအနေအထိ ရောက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မကြာသေးခင်က သဘာဝကပ်ဘေး အန္တာရာယ်တွေ ကြုံခဲ့ရတဲ့ တိုင်းပြည်တွေမှာ ဆိုရင်လည်း ကြိုတင်ပြင်ဆင် မထားနိုင်ခဲ့တာတွေကို အထင်အရှား တွေ့ခဲ့ရတဲ့အကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြတာပါ။ ဒီအတွက် အစိုးရတွေအနေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို ရင်ဆိုင်နိုင်မယ့် အစီအစဉ်တွေကို ချမှတ်ဖို့နဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာလည်း ဒီလိုမူဝါဒတွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းနိုင်ဖို့ လိုအပ်နေပြီလို့လည်း သတိပေးထားပါတယ်။
XS
SM
MD
LG